ကမ္ဘာဦး 23:11 - Common Language Bible ``အစီရင်ခံပါရစေ။ ဂူနှင့်တကွမြေကွက်တစ်ခုလုံးကိုကျွန်ုပ်ပေးပါ၏။ အရှင်၏မယားကိုသင်္ဂြိုဟ်ရန်ကျွန်ုပ်တို့၏အမျိုးသားတို့ရှေ့မှောက်တွင်ထိုမြေကိုကျွန်ုပ်ပေးပါ၏'' ဟုရှိသမျှသောသူတို့ကြားနိုင်အောင်ပြောကြားလေသည်။ Garrad Bible အ ရှင် ဘု ရား၊ ထို သို့ မ ဖြစ် ပါ စေ နှင့်။ ကျွန် တော့် စ ကား ကို နာ ယူ တော် မူ ပါ။ ထို မြေ ကွက် နှင့် ၎င်း ဂူ ကို ကိုယ် တော် အား ကျွန် တော် ဆက် သ ပါ၏။ အ မျိုး သား ချင်း တို့ ရှေ့၌ ပင် ဆက် သ ပါ၏။ အ လောင်း ကို သင်္ဂြိုဟ် တော် မူ ပါ ဟု အာ ဗြ ဟံ အား ပြန် လျှောက် လေ ၏။ Judson Bible အကျွန်ုပ်သခင်၊ အကျွန်ုပ်စကားကို နားထောင်ပါ။ ထိုလယ်ပြင်ကိုလည်းကောင်း၊ လယ်ပြင်၌ရှိသောမြေတွင်းကိုလည်းကောင်း၊ ကိုယ်တော်အား အကျွန်ုပ်ပေးပါ၏။ အကျွန်ုပ်အမျိုးသားများရှေ့၌၊ ကိုယ်တော်အား အကျွန်ုပ်ပေးပါ၏။ ကိုယ်တော်၏မယားအသေကောင်ကို သင်္ဂြိုဟ်ပါဟု၊ အာဗြဟံအား ပြန်ပြောလေ၏။ မြန်မာ့စံမီသမ္မာကျမ်း “ထိုသို့မဟုတ်ပါ။ သခင်၊ အကျွန်ုပ်စကားကိုနားထောင်ပါ။ ထိုလယ်နှင့် ထိုလယ်ထဲရှိလိုဏ်ဂူကို သခင့်အားအကျွန်ုပ်ပေးပါ၏။ အကျွန်ုပ်အမျိုးသားချင်းတို့ရှေ့၌ပင် သခင့်အား အကျွန်ုပ်ပေးပါ၏။ သခင့်မယား၏အလောင်းကို သင်္ဂြိုဟ်ပါ”ဟု ပြန်ပြောလေ၏။ |
ထိုအစည်းအဝေးတွင်ရှိကြသောဟိတ္တိအမျိုးသားအပေါင်းတို့ကထိုမြေကွက်ကိုအာဗြဟံ၏ပိုင်မြေအဖြစ်အသိအမှတ်ပြုကြ၏။
သို့ရာတွင်ရိုးဖြောင့်သူမူကားရိုးဖြောင့်စွာ ပြုကျင့်တတ်လျက် အမှန်တရားဘက်မှစွဲ မြဲစွာရပ်တည်နေတတ်၏။
``လူသတ်မှုဖြင့်စွပ်စွဲခြင်းခံရသူအား သက် သေနှစ်ဦးသို့မဟုတ်နှစ်ဦးထက်ပို၍ရှိမှ သေဒဏ်စီရင်ရမည်။ သက်သေတစ်ဦးတည်း ၏စွပ်စွဲချက်ဖြင့် ထိုသူအားသေဒဏ်မစီ ရင်ရ။-
အနီးတွင်ရပ်နေသူများအားမင်းကြီးက `ထို သူထံမှရွှေဒင်္ဂါးကိုယူ၍ရွှေဒင်္ဂါးဆယ်ပြား ရှိသူအားပေးကြလော့' ဟုမိန့်တော်မူလျှင်။-
သို့ရာတွင်သက်သေခံနှစ်ဦးသုံးဦးရှိမှ သာထိုအပြစ်ရှိသူကိုသေဒဏ်စီရင်ရ မည်။ သက်သေတစ်ဦးတည်း၏ထွက်ချက် ဖြင့်ထိုသူကိုသေဒဏ်မစီရင်ရ။-
``သက်သေတစ်ဦးတည်း၏ထွက်ဆိုချက်ဖြင့် လူတစ်ယောက်အား ပြစ်မှုကူးလွန်သည်ဟု မစီရင်ရ။ အနည်းဆုံးသက်သေနှစ်ဦးရှိ မှလူတစ်ယောက်အား အပြစ်ရှိသည်ဟု ဆုံးဖြတ်ရမည်။-
ဗောဇသည်မြို့တံခါးဝရှိတရားစီရင်ရာ ဌာနသို့ သွား၍ထိုင်လျက်နေ၏။ ထိုအခါ ဧလိမလက်၏အရင်းအချာဆုံးသောဆွေ မျိုးသားချင်းဖြစ်သူသည် ရောက်ရှိလာလေ သည်။ ထိုသူကားယခင်ကဗောဇဖော်ပြခဲ့ သူပင်ဖြစ်၏။ ဗောဇကသူ့အား``မိတ်ဆွေ၊ ဤ နေရာသို့လာ၍ထိုင်ပါလော့'' ဟုဆိုသဖြင့် သူသည်လာ၍ထိုင်၏။-
မြို့အကြီးအကဲများနှင့်အခြားသူတို့ ကလည်း``ငါတို့သည်အသိသက်သေဖြစ် ကြပါ၏။ သင်၏ဇနီးအားယာကုပ်အတွက် သားသမီးအမြောက်အမြားမွေးဖွားပေး သည့်ရာခေလနှင့်လေအာတို့ကဲ့သို့ဖြစ် စေရန် ထာဝရဘုရားကူမတော်မူပါစေ သော။ သင်သည်လည်းဧဖရတ်သားချင်းစု တွင်ချမ်းသာကြွယ်ဝလျက် ဗက်လင်မြို့ ၌ထင်ပေါ်ကျော်စောပါစေသော။-
ဤအကြောင်းကိုသင်သိသင့်သည်ဟု ငါထင် မြင်ပါ၏။ အကယ်၍သင်ဝယ်လိုပါကယခု ထိုင်လျက်နေသည့်လူကြီးများ၏ရှေ့မှောက် တွင်ဝယ်ယူပါလော့။ သို့ရာတွင်မဝယ်လိုလျှင် မူကား မဝယ်လိုကြောင်းပြောပါလော့။ သင် မဝယ်မှငါဝယ်ယူနိုင်ခွင့်ရှိပါသည်'' ဟု ဆို၏။ ထိုသူကလည်း``ငါဝယ်ယူပါမည်'' ဟု ပြန်ပြော၏။
ထိုအခါဗောဇကမြို့အကြီးအကဲများ နှင့် အခြားသူအပေါင်းတို့အား``ဧလိမလက်၊ ခိလျုန်နှင့်မဟာလုန်တို့ပိုင်သောဥစ္စာပစ္စည်း မှန်သမျှကို နောမိထံမှယနေ့ငါဝယ်ယူ ကြောင်းသင်တို့အသိသက်သေဖြစ်ကြ၏။-