ထို့ကြောင့် သူတို့သည် အခြားလှေမှ အဖော်တံငါသည်များကို အချက်ပြ၍ အကူအညီတောင်းကြ၏။ ထိုသူတို့သည်လာ၍ လှေနှစ်စင်းလုံးတွင် ငါးများပြည့်အောင်ထည့်ကြသဖြင့် လှေတို့သည် နစ်မြုပ်လုမတတ် ဖြစ်၏။
လုကာ 5:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ပိုက်ကွန်များကို ချပြီးသောအခါ ငါးများစွာကို ဖမ်းမိသဖြင့် ပိုက်ကွန်များပင် စုတ်ပြဲစပြုလာ၏။ Common Language Bible သူတို့သည်ကွန်များကိုချပြီးနောက်အုပ်မိ သောငါးများလှသဖြင့်ကွန်များပင်စုတ် လုမတတ်ရှိ၏။- Garrad Bible သို့ ရာ တွင် သ ခင့် အ မိန့် အ တိုင်း ချ ပါ ဦး မည် ဟု ဆို ပြီး မှ ချ ကြ ရာ ငါး များ စွာ ကို ဝိုင်း မိ သ ဖြင့် ပိုက် စုတ် လျက် ရှိ သည် နှင့်၊ Judson Bible ထိုသို့ချကြပြီးလျှင်၊ အလွန်များစွာသော ငါးတို့ကို အုပ်မိသဖြင့် ပိုက်ကွန်သည် စုတ်ပြတ်စရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအတိုင်းပြုလေရာ ငါးအမြောက်အမြားကိုဖမ်းမိသဖြင့် သူတို့ပိုက်ကွန်များစုတ်လုမတတ်ဖြစ်လေ၏။ မြန်မာ ထိုသို့ချကြပြီးလျှင်၊ အလွန်များစွာသော ငါးတို့ကို အုပ်မိသဖြင့် ပိုက်ကွန်သည် စုတ်ပြတ်စရှိ၏။- |
ထို့ကြောင့် သူတို့သည် အခြားလှေမှ အဖော်တံငါသည်များကို အချက်ပြ၍ အကူအညီတောင်းကြ၏။ ထိုသူတို့သည်လာ၍ လှေနှစ်စင်းလုံးတွင် ငါးများပြည့်အောင်ထည့်ကြသဖြင့် လှေတို့သည် နစ်မြုပ်လုမတတ် ဖြစ်၏။
ပေတရု၏ဟောပြောသွန်သင်ချက်ကို လက်ခံယုံကြည်သောသူတို့သည် နှစ်ခြင်းမင်္ဂလာခံယူကြသဖြင့် ထိုနေ့၌ ယုံကြည်သည့်လူဦးရေသုံးထောင်ခန့် တိုးပွားလာ၏။
သို့သော်လည်း တရားစကားကို ကြားသောလူများစွာတို့သည် ယုံကြည်လာကြပြီး ယခင်ယုံကြည်သောသူများအပါအဝင် အမျိုးသားအရေအတွက် ငါးထောင်ခန့်အထိ ရှိလာ၏။
ထို့ကြောင့် ချစ်သော ညီအစ်ကိုမောင်နှမတို့… မြဲမြံစွာ ရပ်တည်၍ မရွေ့လျားမပြောင်းလဲကြနှင့်။ ဘုရားသခင်အတွက် သင်တို့ လုပ်ဆောင်သမျှသည် အချည်းနှီးမဖြစ်ကြောင်း သင်တို့သိကြသည့်အတိုင်း ဘုရားသခင်အတွက် အစဉ်အမြဲ စိတ်အားထက်သန်စွာ လုပ်ဆောင်ကြလော့။
စိတ်မပျက် အားမလျော့ဘဲ ကောင်းသောအမှုကို ဆက်၍ ပြုကြစို့။ စိတ်မပျက်လျှင် အချိန်တန်သောအခါ အသီးအပွင့်ကို ရိတ်သိမ်းရလိမ့်မည်။