ငါသည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် သင်တို့နှင့်အတူရှိစဉ် မဖမ်းဆီးဘဲနေကြ၏။ သို့သော်လည်း ဤအချိန်သည် သင်တို့၏အချိန်၊ အမှောင်ထုကြီးစိုးချိန် ဖြစ်၏” ဟု မိန့်တော်မူ၏။
လုကာ 22:54 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့သည် ယေရှုကိုဖမ်းဆီး၍ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ခေါ်ဆောင်သွားကြ၏။ ပေတရုသည် မလှမ်းမကမ်းမှလိုက်လေ၏။ Common Language Bible ထိုသူတို့သည်ကိုယ်တော်ကိုဖမ်းဆီးပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏အိမ်တော်သို့ခေါ်ဆောင် သွားကြ၏။ ပေတရုသည်ခပ်လှမ်းလှမ်းကနေ ၍လိုက်လာခဲ့၏။- Garrad Bible ကိုယ် တော် ကို ဖမ်း ဆီး ပြီး လျှင် ပ ရော ဟိတ် မင်း ကျောင်း တော့် အ တွင်း ယူ သွား ကြ သော်၊ Judson Bible ထိုသူတို့သည် ကိုယ်တော်ကို ဖမ်းဆီး၍ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ဆောင်သွားကြ၏။ ပေတရုသည်လည်း သူတို့နှင့် ဝေးစွာလိုက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူတို့သည် ကိုယ်တော်ကိုဖမ်းဆီး၍ ဆွဲခေါ်သွားကာ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ခေါ်ဆောင်လာကြ၏။ ပေတရုမူကား မလှမ်းမကမ်းမှလိုက်သွားလေ၏။ မြန်မာ ထိုသူတို့သည် ကိုယ်တော်ကို ဖမ်းဆီး၍ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ဆောင်သွားကြ၏။ ပေတရုသည်လည်း သူတို့နှင့် ဝေးစွာလိုက်လေ၏။- |
ငါသည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် သင်တို့နှင့်အတူရှိစဉ် မဖမ်းဆီးဘဲနေကြ၏။ သို့သော်လည်း ဤအချိန်သည် သင်တို့၏အချိန်၊ အမှောင်ထုကြီးစိုးချိန် ဖြစ်၏” ဟု မိန့်တော်မူ၏။
ထို့နောက် အန္နတ်မင်းသည် ယေရှုကို ချည်နှောင်လျက် ယဇ်ပုရောဟိတ်မင်း ကယာဖထံသို့ ပို့လိုက်၏။