ယေရှုက “ဘုရားသခင်အလိုတော်ရှိသော အရာအားလုံးကို လုပ်ဆောင်ကြရမည်ဖြစ်သောကြောင့် ယခု ငါ့ကို နှစ်ခြင်းမင်္ဂလာ ပေးလော့” ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ယေရှုအား နှစ်ခြင်းမင်္ဂလာပေးရန် သဘောတူလေ၏။
လုကာ 2:39 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူငယ်၏မိဘတို့သည် ထာဝရဘုရား၏ပညတ်တရားနှင့်အညီ ပြုလုပ်ရမည့်အရာအားလုံးကို ဆောင်ရွက်ပြီးသောအခါ သူငယ်ကို ခေါ်၍ ဂါလိလဲပြည် နာဇရက်မြို့သို့ ပြန်သွားကြ၏။ Common Language Bible မိဘနှစ်ပါးတို့သည်ထာဝရဘုရား၏ပညတ် တော်ပြဋ္ဌာန်းချက်ရှိသမျှကိုဆောင်ရွက်ကြ ပြီးနောက် ဂါလိလဲပြည်၊ နာဇရက်မြို့ဟု ခေါ်သောမိမိတို့၏ဌာနေသို့ပြန်ကြ၏။- Garrad Bible ထို နောက် ထာ ဝ ရ ဘု ရား၏ ပ ညတ် တ ရား တော် အ ရ ဆောင် ရွက် ပြီး စီး သည့် ကာ လ နေ ရင်း ဂါ လိ လဲ နယ် နာ ဇ ရက် မြို့ သို့ ပြန် သွား ကြ ၏။ Judson Bible မိဘတို့သည် ထာဝရဘုရား၏ ပညတ်တရားအတိုင်း ပြုရသမျှတို့ကို အကုန်အစင်ပြုပြီးမှ၊ ဂါလိလဲပြည်၊ နာဇရက်အမည်ရှိသော မိမိတို့မြို့သို့ ပြန်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း မိဘတို့သည် ထာဝရဘုရား၏ပညတ်တရားနှင့်အညီ အကုန်အစင်ပြုပြီးသောအခါ မိမိတို့နေရပ်မြို့ဖြစ်သော ဂါလိလဲနယ်ရှိ နာဇရက်မြို့သို့ပြန်သွားကြ၏။ မြန်မာ မိဘတို့သည် ထာဝရဘုရား၏ ပညတ်တရားအတိုင်း ပြုရသမျှတို့ကို အကုန်အစင်ပြုပြီးမှ၊ ဂါလိလဲပြည်၊ နာဇရက်အမည်ရှိသော မိမိတို့မြို့သို့ ပြန်ကြ၏။- |
ယေရှုက “ဘုရားသခင်အလိုတော်ရှိသော အရာအားလုံးကို လုပ်ဆောင်ကြရမည်ဖြစ်သောကြောင့် ယခု ငါ့ကို နှစ်ခြင်းမင်္ဂလာ ပေးလော့” ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ယေရှုအား နှစ်ခြင်းမင်္ဂလာပေးရန် သဘောတူလေ၏။
ဧလိရှဗက် ကိုယ်ဝန်ခြောက်လရှိသောအခါ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလအား ဂါလိလဲပြည်၊ နာဇရက်မြို့တွင် နေထိုင်သည့်မိန်းမပျိုတစ်ဦးထံသို့ စေလွှတ်တော်မူ၏။
ဇာခရိနှင့် ဧလိရှဗက်တို့သည် ထာဝရဘုရား၏ပညတ်တော်အပေါင်းနှင့် ပြဋ္ဌာန်းထားသောစည်းမျဉ်းများကို အပြစ်ဆိုဖွယ်မရှိအောင် လိုက်နာကြ၏။ သူတို့သည် ဘုရားသခင်က မှန်ကန်ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူခြင်းကိုခံရသူများ ဖြစ်ကြ၏။
ယောသပ်သည်လည်း ဒါဝိဒ်မင်းအမျိုးအနွယ်မှ ဆင်းသက်လာသူဖြစ်သောကြောင့် ဂါလိလဲပြည်နာဇရက်မြို့မှ ယုဒပြည်ရှိ ဗက်လင်မြို့ဟု ခေါ်သော ဒါဝိဒ်၏မြို့သို့ သွားလေ၏။
ထို့နောက် ယေရှုသည် မိဘတို့နှင့်အတူ နာဇရက်မြို့သို့ ပြန်သွား၍ သူတို့၏စကားကို နားထောင်လျက် နေလေ၏။ မိခင်သည် ဖြစ်ပျက်ခဲ့သမျှကို စိတ်နှလုံးထဲ၌ မှတ်ထားလေ၏။
ထို့နောက် ယေရှုသည် မိမိကြီးပြင်းခဲ့သည့် နာဇရက်မြို့သို့ကြွတော်မူ၏။ ဥပုသ်နေ့ရောက်လာသောအခါ ဓလေ့ထုံးစံရှိသည့်အတိုင်း ဂျူးဝတ်ပြုဆောင်သို့ သွား၍ ကျမ်းစာဖတ်ရန် ရပ်တော်မူ၏။
ယေရှုကလည်း “သင်တို့က ‘ဆရာဝန်… သင်သည် မိမိရောဂါကို မိမိပြန်၍ ပျောက်ကင်းအောင်ကုသလော့’ ဟူသော စကားပုံနှင့်အညီ ‘ကပေရနောင်မြို့၌ သင်ပြုသည့်အံ့ဖွယ်အမှုများကို ငါတို့ကြားခဲ့ရသည့်အတိုင်း သင်၏နေရပ်မြို့ဖြစ်သော ဤနေရာ၌လည်း ပြုလော့’ ဟု ငါ့ကို ဧကန်မုချပြောဆိုကြလိမ့်မည်။