သူသည် စာရင်းရှင်းတမ်းပြုစဉ်တွင် ငွေကြေးသန်းပေါင်းများစွာ ကြွေးတင်သူတစ်ဦးကို သူ့ထံ ခေါ်လာကြ၏။
လုကာ 16:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် မိမိသူဌေးအပေါ် အကြွေးတင်သူများကို ခေါ်ပြီးမှ ပထမလူအား ‘ငါ့သူဌေးကို ဆပ်ရန် သင်၌ အကြွေး မည်မျှရှိသနည်း’ ဟု မေး၏။ Common Language Bible သူဌေး၏မြီစားအားလုံးကိုခေါ်၏။ ထိုနောက် ပထမလူအား `ငါ့သူဌေးကိုသင်ပေးဆပ်ရန် အကြွေးမည်မျှရှိသနည်း' ဟုမေး၏။- Garrad Bible အ ရှင်၏ မြီ စား တို့ ကို တစ် ယောက် စီ ခေါ်၍ တစ် ယောက် အား ကျွန်ုပ် အ ရှင့် ထံ သင် ဆပ် ရန် မည် မျှ ရှိ သ နည်း ဟု မေး မြန်း ရာ ဆီ ချိန် ခွက် နှစ် ထောင် ရှိ ပါ သည် ဟု ပြန် ဆို သော်၊ Judson Bible သခင်၏ငွေရှိသောသူ အပေါင်းတို့ကို ခေါ်၍၊ ငါ၏သခင်ကို ဆပ်ပေးရန် သင်၌အဘယ်မျှလောက် ရှိသနည်းဟု တစ်ယောက်ကိုမေးလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မိမိသခင်ထံအကြွေးတင်သူတို့ကို တစ်ဦးစီခေါ်၍ ပထမလူအား ‘သင်သည် ငါ့သခင်ထံ အကြွေးမည်မျှရှိသနည်း’ဟု မေးလေ၏။ မြန်မာ သခင်၏ငွေရှိသောသူ အပေါင်းတို့ကို ခေါ်၍၊ ငါ၏သခင်ကို ဆပ်ပေးရန် သင်၌အဘယ်မျှလောက် ရှိသနည်းဟု တစ်ယောက်ကိုမေးလျှင်၊- |
သူသည် စာရင်းရှင်းတမ်းပြုစဉ်တွင် ငွေကြေးသန်းပေါင်းများစွာ ကြွေးတင်သူတစ်ဦးကို သူ့ထံ ခေါ်လာကြ၏။
သို့သော် ထိုကျွန်သည် ထွက်သွားပြီးနောက် သူ့အား ငွေဒင်္ဂါးပြားတစ်ရာ အကြွေးတင်နေသော ကျွန်ဖော်ချင်းတစ်ဦးကို တွေ့လျှင် ထိုသူ၏ လည်ကိုညှစ်၍ ‘သင်ချေးယူထားသောအကြွေးကို ဆပ်လော့’ ဟု ဆိုလေ၏။
အကျွန်ုပ်တို့အပေါ် ပြစ်မှားသောသူတို့ကို အကျွန်ုပ်တို့သည် ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။
ယခုအလုပ်မှ ထုတ်ပယ်ခံရသော်လည်း မိတ်ဆွေများသည် သူတို့အိမ်၌ ငါ့ကိုလက်ခံရန် မည်သို့ပြုရမည်ကို ငါသိပြီ’ ဟု တွေးလေ၏။
အကြွေးတင်သူက ‘သံလွင်ဆီ ဂါလန်ရှစ်ရာရှိသည်’ ဟု ဖြေ၏။ ထိုအခါ စီမံခန့်ခွဲသူက ‘သင့်စာရင်းကိုယူလာပြီး ဂါလန်လေးရာ ဟု ချက်ချင်းပြင်ရေးလော့’ ဟူ၍ ပြော၏။