ယောဟန်၏တပည့်များ ထွက်သွားကြပြီးနောက် ယေရှုက ယောဟန်အကြောင်းနှင့် ဆက်စပ်၍ လူထုတို့အား ဤသို့ ဟောပြောတော်မူ၏။ ယေရှုက “သင်တို့သည် မည်ကဲ့သို့သောသူကိုရှာရန် တောသို့ ထွက်သွားကြသနည်း။ လေတိုက်လျှင် လှုပ်ယမ်းသည့် ကျူပင်ကဲ့သို့သောသူကိုလော။
လုကာ 1:80 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူငယ်သည်လည်း ကြီးပြင်း၍ စိတ်ဝိညာဉ် ကြံ့ခိုင်သန်မာလာ၏။ သူသည် အမှုတော်လုပ်ငန်းကို အစ္စရေးလူမျိုးတို့အကြား လူသိရှင်ကြား စတင်ဆောင်ရွက်သည့် အချိန်မတိုင်မီအထိ တောကန္တာရ၌ နေထိုင်လေ၏။ Common Language Bible သူငယ်သည်ကြီးပြင်းလျက်အသိဉာဏ်ရင့်သန် လာ၏။ သူသည်ဣသရေလအမျိုးသားတို့၏ ရှေ့တွင် ထင်ထင်ပေါ်ပေါ်အမှုတော်ကိုစ၍ မဆောင်မီတောကန္တာရတွင်နေ၏။ Garrad Bible သူ ငယ် သည် ကြီး ပွား၍ စိတ် အား ကြီး လျက် ဣ သ ရေ လ လူ မျိုး အား ထင် ရှား သည့် နေ့ တိုင် အောင် တော၌ ရှိ နေ၏။ Judson Bible ထိုသူငယ်သည်ကား၊ ကြီးပွား၍ ဉာဏ်သတ္တိနှင့် ပြည့်စုံ၏။ ဣသရေလလူတို့အား မထင်ရှားမီတိုင်အောင် တောအရပ်၌ နေလေ၏။ မြန်မာ့စံမီသမ္မာကျမ်း သူငယ်သည်လည်းကြီးထွား၍ စိတ်ဝိညာဉ်ကြံ့ခိုင်လာကာ အစ္စရေးလူမျိုးရှေ့၌ ထင်ရှားသည့်နေ့ရက်တိုင်အောင် တောကန္တာရ၌နေလေ၏။ မြန်မာ ထိုသူငယ်သည်ကား၊ ကြီးပွား၍ ဉာဏ်သတ္တိနှင့် ပြည့်စုံ၏။ ဣသရေလလူတို့အား မထင်ရှားမီတိုင်အောင် တောအရပ်၌ နေလေ၏။ |
ယောဟန်၏တပည့်များ ထွက်သွားကြပြီးနောက် ယေရှုက ယောဟန်အကြောင်းနှင့် ဆက်စပ်၍ လူထုတို့အား ဤသို့ ဟောပြောတော်မူ၏။ ယေရှုက “သင်တို့သည် မည်ကဲ့သို့သောသူကိုရှာရန် တောသို့ ထွက်သွားကြသနည်း။ လေတိုက်လျှင် လှုပ်ယမ်းသည့် ကျူပင်ကဲ့သို့သောသူကိုလော။
အဘယ်ကြောင့်ဆိုသော် ထိုသားသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူတစ်ဦး ဖြစ်လာမည့်အတွက်ကြောင့် ဖြစ်၏။ သူသည် စပျစ်ဝိုင်နှင့် အခြားအရက်တို့ကို မသောက်ဘဲနေရမည်။ မိခင်ဝမ်းဗိုက်ထဲ ရှိစဉ်တွင်ပင် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝသောသူ ဖြစ်လိမ့်မည်။
သူငယ်သည်လည်း ကြီးပြင်း၍ ကြံ့ခိုင်သန်စွမ်းလျက် ဉာဏ်ပညာနှင့်ပြည့်စုံ၏။ ဘုရားသခင်၏မျက်နှာသာပေးခြင်းကိုလည်း ခံရလေ၏။
ယေရှုသည်လည်း ခန္ဓာကာယနှင့် ဉာဏ်ပညာဖွံ့ဖြိုး၍ ဘုရားသခင်ရှေ့၊ လူတို့ရှေ့တွင် မျက်နှာရတော်မူ၏။
ထိုအရှင်သည် ခရစ်တော်ဖြစ်ကြောင်း ယခင်က ငါမသိခဲ့။ သို့သော်လည်း ထိုအရှင်ကို အစ္စရေးလူမျိုးများသိရှိလာစေရန် ငါသည် ရေဖြင့် နှစ်ခြင်းမင်္ဂလာကို ပေးရခြင်းဖြစ်သည်” ဟု ဆို၏။
အဘယ်ကြောင့်ဆိုသော် ယေရှုသည် ခရစ်တော် ဖြစ်ကြောင်းကို ကျမ်းစာအားဖြင့် ထောက်ပြလျက် လူထုပရိသတ်ရှေ့၌ ဂျူးတို့ကို အခိုင်အမာချေပပြောဆိုနိုင်သောကြောင့် ဖြစ်၏။