ယေရှုသည် ကပေရနောင်မြို့ ဂျူးဝတ်ပြုဆောင်၌ သွန်သင်တော်မူစဉ် ဤအကြောင်းအရာများကို မိန့်တော်မူ၏။
သခင်ယေရှုသည်ကပေရနောင်မြို့တရား ဇရပ်တွင်ဟောပြောသွန်သင်တော်မူစဉ်က ဤ သြဝါဒများကိုပေးတော်မူသတည်း။
ကပေရနောင်မြို့ရှိ ဓမ္မာရုံတွင်ဒေသနာပေးလျက်မိန့်တော်မူ၏။
ကပေရနောင်မြို့တရားဇရပ်၌ ဩဝါဒပေးစဉ်တွင် မိန့်တော်မူ၏။
ကိုယ်တော်သည် ကပေရနောင်မြို့၌ သွန်သင်တော်မူစဉ် ဤအကြောင်းအရာများကို ဝတ်ပြုစည်းဝေးကျောင်းတွင် မိန့်တော်မူ၏။
ကိုယ်တော်သည် ဂါလိလဲပြည်တစ်ခွင်လုံးသို့ လှည့်လည်၍ ဂျူးဝတ်ပြုဆောင်များတွင် သွန်သင်လျက် ကောင်းကင်နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့၏ အနာရောဂါအမျိုးမျိုးနှင့် ဖျားနာခြင်းအမျိုးမျိုးတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။
ထို့နောက် ယေရှုသည် ဂါလိလဲပြည်၊ ကပေရနောင်မြို့သို့ ကြွတော်မူ၍ ဥပုသ်နေ့တိုင်း တရားနာပရိသတ်တို့ကို ဟောပြောသွန်သင်တော်မူ၏။
ယေရှုက “ငါသည် ဤလောကတွင် လူသိရှင်ကြားဟောပြောခဲ့ပြီ။ လူအပေါင်းတို့သည် ငါသွန်သင်သမျှကို သိကြ၏။ ငါသည် ဂျူးလူမျိုးတို့စုဝေးရာဖြစ်သော ဝတ်ပြုဆောင်များနှင့် ဗိမာန်တော်၌ အစဉ်အမြဲဟောပြောသွန်သင်ခဲ့၏။ မည်သည့်အရာကိုမျှ လျှို့ဝှက်စွာမဟောပြောခဲ့ပါ။
မိုးချုပ်လာပြီဖြစ်သော်လည်း ယေရှုကြွမလာသေးသဖြင့် သူတို့သည် လှေပေါ်သို့တက်၍ အိုင်တစ်ဖက်ကမ်းရှိ ကပေရနောင်မြို့သို့ ကူးနှင့်ကြ၏။
လူထုသည်လည်း ထိုနေရာတွင် ယေရှုနှင့် တပည့်တော်တို့ မရှိကြောင်း သိသောအခါ ရောက်လာသောလှေများပေါ်သို့ တက်၍ ယေရှုကို ရှာရန် ကပေရနောင်မြို့သို့ သွားကြ၏။