နာဇရက်မြို့သို့ ဦးစွာရောက်တော်မူပြီးနောက် ထိုမြို့မှ ထွက်ခွာ၍ ဇာဗုလုန်နှင့် နဿလိနယ်မြေစပ်ကြားတွင်ရှိသော ဂါလိလဲအိုင်အနီးရှိ ကပေရနောင်မြို့သို့ သွားရောက်နေထိုင်တော်မူ၏။
ရှင်ယောဟန် 4:43 - ခေတ်သစ်မြန်မာ သမ္မာကျမ်း နှစ်ရက်ကြာသော် ယေရှုသည် ထိုအရပ်မှ ဂါလိလဲပြည်သို့ ကြွတော်မူ၏။ Common Language Bible ``ပရောဖက်သည်မိမိနေရင်းပြည်ရွာ၌ ဂုဏ်အသရေမရှိ'' ဟုသခင်ယေရှုကိုယ် တော်တိုင်မိန့်တော်မူခဲ့ဖူးသည့်အတိုင်း နှစ် ရက်မျှကြာသော်ထိုအရပ်မှထွက်ခွာ၍ ဂါလိလဲပြည်သို့ကြွတော်မူ၏။- Garrad Bible ထိုနှစ်ရက်လွန်သော် ၎င်းအရပ်မှထွက်၍ ကိုယ့်နေရာတွင် ပရောဖက်၌ဂုဏ်အသရေမရှိတတ်ဟု ယေရှုကိုယ်တော်တိုင် မိန့်ဆိုတော်မူခဲ့သည့်အတိုင်း ဂါလိလဲနယ်သို့ကြွသွားလျက် ရောက်တော်မူသော်၊ Judson Bible နှစ်ရက်လွန်ပြီးလျှင်၊ ထိုအရပ်မှထွက်၍ နာဇရက်မြို့ကို ရှောင်လျက်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း နှစ်ရက်လွန်သော် ကိုယ်တော်သည် ထိုအရပ်မှထွက်ခွာ၍ ဂါလိလဲနယ်သို့ကြွတော်မူ၏။ မြန်မာ နှစ်ရက်လွန်ပြီးလျှင်၊ ထိုအရပ်မှထွက်၍ နာဇရက်မြို့ကို ရှောင်လျက်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၏။- |
နာဇရက်မြို့သို့ ဦးစွာရောက်တော်မူပြီးနောက် ထိုမြို့မှ ထွက်ခွာ၍ ဇာဗုလုန်နှင့် နဿလိနယ်မြေစပ်ကြားတွင်ရှိသော ဂါလိလဲအိုင်အနီးရှိ ကပေရနောင်မြို့သို့ သွားရောက်နေထိုင်တော်မူ၏။
ထို့နောက် သူသည် ပေတရုကို ယေရှုထံတော်သို့ ခေါ်လာ၏။ ယေရှုက ပေတရုကို စူးစိုက်ကြည့်ပြီးလျှင် “သင်သည် ယောဟန်၏သား ရှိမုန်ဖြစ်၏။ သို့သော် သင့်ကို ကေဖဟူ၍ ခေါ်ရလိမ့်မည်” ဟု မိန့်တော်မူ၏။ (ကေဖ၏ အဓိပ္ပာယ်မှာ ကျောက်ဖြစ်၏။)
ထိုရှမာရိလူမျိုးတို့သည် ယေရှုထံတော်သို့ ရောက်လာကြသောအခါ ယေရှုကို မိမိတို့၏မြို့တွင် တည်းခိုတော်မူရန် တောင်းပန်ကြ၏။ ထို့ကြောင့် ယေရှုသည် ထိုမြို့တွင် နှစ်ရက်တည်းခိုတော်မူ၏။
အဘယ်ကြောင့်ဆိုသော် ယေရှုကိုယ်တိုင်က “ပရောဖက်သည် မိမိနေရပ်မြို့တွင် ဂုဏ်အသရေမရှိ” ဟု မိန့်တော်မူခဲ့ဖူးသောကြောင့် ဖြစ်၏။
ထို့နောက် ယေရှုသည် ရေကို စပျစ်ဝိုင်အဖြစ် ပြောင်းလဲစေတော်မူခဲ့ရသော ဂါလိလဲပြည်ကာနမြို့သို့ တစ်ဖန်ကြွတော်မူ၏။ ထိုအခါ ကပေရနောင်မြို့၌ အမတ်တစ်ဦးရှိ၍ သူ၏ သားသည် အပြင်းဖျားလျက်ရှိ၏။
ခရစ်တော်သည် ဂျူးလူမျိုးတို့၏ အစေခံအဖြစ် ကြွလာရခြင်းမှာ ဘုရားသခင်သည် ဘိုးဘေးတို့အား ပေးတော်မူသောကတိကို တည်တော်မူသောအရှင်ဖြစ်ကြောင်း ပြသရန် ဖြစ်၏။