မည်သို့ပင်ဖြစ်စေ ဂျူးခေါင်းဆောင်များအပါအဝင် လူများစွာတို့သည် ယေရှုကို ယုံကြည်ကြ၏။ သို့သော်လည်း သူတို့အား ဖာရိရှဲတို့က ဂျူးဝတ်ပြုဆောင်မှ ထုတ်ပယ်မည်ကို စိုးသဖြင့် သူတို့သည် လူတို့ရှေ့၌ ဝန်မခံကြ။
ရှင်ယောဟန် 19:38 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် အရိမဿဲမြို့သားယောသပ်သည် ယေရှု၏အလောင်းတော်ကို လက်ဝါးကပ်တိုင်မှ ယူသွားခွင့်ပြုရန် ပိလတ်မင်းထံ ခွင့်တောင်း၏။ ယောသပ်သည် ဂျူးခေါင်းဆောင်များကို ကြောက်ရွံ့သဖြင့် ယေရှု၏တပည့်အဖြစ် လူသိမခံရဲပေ။ ပိလတ်မင်းသည်လည်း ခွင့်ပြုသဖြင့် ယောသပ်သည် လာ၍ အလောင်းတော်ကို ယူဆောင်သွား၏။ Common Language Bible ထိုနောက်အရိမဿဲမြို့သားယောသပ်သည် သခင်ယေရှု၏အလောင်းတော်ကိုယူခွင့်ပြု ရန်ပိလတ်မင်းအားတောင်းလျှောက်၏။ (ယောသပ် ကားယုဒအာဏာပိုင်တို့ကိုကြောက်သဖြင့် မထင်မရှားသခင်ယေရှု၏တပည့်တော်ဖြစ် သတည်း။) ပိလတ်မင်းခွင့်ပြုတော်မူသဖြင့် ယောသပ်သည်အလောင်းတော်ကိုလာယူ၏။- Garrad Bible ထိုနောက်ယုဒလူမျိုးတို့ကိုကြောက်ရွံ့၍ ယေရှု၏တပည့်တော်အဖြစ်သို့ မထင်မရှားရောက်သော အရိမဿဲမြို့သားယောသပ်သည် ပိလတ်မင်းထံ ယေရှု၏အလောင်းကိုယူသွားခွင့်တောင်းရာ ပိလတ်မင်းအခွင့်ပြုသည့်အတိုင်း လာရောက်ယူသွားလေ၏။ Judson Bible ထိုနောက်မှ အရိမသဲမြို့သားယောသပ်သည် ယုဒလူတို့ကိုကြောက်၍ မထင်မရှားတပည့်တော်ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အလောင်းတော်ကို ယူသွားမည်အကြောင်း အခွင့်တောင်း၏။ ပိလတ်မင်းအခွင့်ပေးလျှင်၊ ထိုသူသည်သွား၍ ယေရှု၏အလောင်းတော်ကို ယူလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ဖြစ်ပြီးသည့်နောက် ဂျူးလူမျိုးတို့ကိုကြောက်သောကြောင့် လျှို့ဝှက်စွာ ယေရှု၏တပည့်တော်ဖြစ်နေသော အရိမသဲမြို့သား ယောသပ်ဆိုသူသည် ယေရှု၏အလောင်းတော်ကို ယူသွားခွင့်ပြုရန် ပိလတ်မင်းအား တောင်းဆိုလေ၏။ ပိလတ်မင်းသည်လည်း ခွင့်ပြုလိုက်သဖြင့် သူသည်လာ၍ အလောင်းတော်ကို ယူသွားလေ၏။ မြန်မာ ထိုနောက်မှ အရိမသဲမြို့သားယောသပ်သည် ယုဒလူတို့ကိုကြောက်၍ မထင်မရှားတပည့်တော်ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အလောင်းတော်ကို ယူသွားမည်အကြောင်း အခွင့်တောင်း၏။ ပိလတ်မင်းအခွင့်ပေးလျှင်၊ ထိုသူသည်သွား၍ ယေရှု၏အလောင်းတော်ကို ယူလေ၏။- |
မည်သို့ပင်ဖြစ်စေ ဂျူးခေါင်းဆောင်များအပါအဝင် လူများစွာတို့သည် ယေရှုကို ယုံကြည်ကြ၏။ သို့သော်လည်း သူတို့အား ဖာရိရှဲတို့က ဂျူးဝတ်ပြုဆောင်မှ ထုတ်ပယ်မည်ကို စိုးသဖြင့် သူတို့သည် လူတို့ရှေ့၌ ဝန်မခံကြ။
သို့သော်လည်း ဂျူးခေါင်းဆောင်များကို ကြောက်ရွံ့သောကြောင့် ယေရှုအကြောင်းကို မည်သူမျှ ပွင့်လင်းစွာ မပြောဝံ့ကြပေ။
ဤသို့ ဖြေရခြင်းမှာ သူတို့သည် ဂျူးလူမျိုးခေါင်းဆောင်တို့ကို ကြောက်ရွံ့သောကြောင့်ဖြစ်၏။ ဂျူးလူမျိုးခေါင်းဆောင်တို့က ယေရှုကို ခရစ်တော်ဖြစ်သည်ဟု ဝန်ခံသောသူကို ဂျူးဝတ်ပြုဆောင်မှ ထုတ်ပယ်မည်ဟု ကြေညာထားကြ၏။
ထိုအရှင်နှင့်ပတ်သက်၍ ကျမ်းစာတွင် ရေးသားထားသမျှကို ဆောင်ရွက်ကြပြီးနောက် အလောင်းတော်ကို သစ်တိုင်မှ ချ၍ သင်္ချိုင်းဂူတွင် ထားကြ၏။
ကျွန်ုပ်အကျဉ်းချခံရခြင်းကြောင့် အများစုသော ညီအစ်ကိုမောင်နှမတို့သည် သခင်ဘုရားအပေါ် စိတ်ချယုံကြည်လျက် မကြောက်ရွံ့ဘဲ သတင်းကောင်းကို ဟောပြောရန် ပိုမိုရဲရင့်လာကြ၏။