ရှင်ယောဟန် 13:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းထင်ရှားတော်မူလျှင် ဘုရားသခင်သည် ကိုယ်တိုင် လူသားကို ချက်ချင်းပင် ဘုန်းကြီးစေတော်မူလိမ့်မည်။ Common Language Bible ဘုရားသခင်သည်လူသားအားဖြင့်ဘုန်း အသရေထွန်းတောက်တော်မူလျှင် ဘုရား သခင်ကိုယ်တော်တိုင်အားဖြင့် လူသားအား ဘုန်းအသရေထွန်းတောက်စေတော်မူလိမ့် မည်။- Garrad Bible ဘုရားသခင်သည် လူ့သားအားဖြင့်ဘုန်းတော်ထင်ရှားပြီဖြစ်လျှင် လူ့သား၏ဘုန်းကိုကိုယ်တော်တိုင် ထင်ရှားစေတော်မူလိမ့်မည်။ မကြာမီပင် ထင်ရှားစေတော်မူလိမ့်မည်။ Judson Bible ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိလျှင်၊ ဘုရားသခင်သည် ကိုယ်တော်တိုင်အားဖြင့် သူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။ ကာလမကြာမမြင့်မီ သူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် လူ့သားအားဖြင့် ဘုန်းတော်ထင်ရှားတော်မူလျှင် ဘုရားသခင်ကိုယ်တော်တိုင်အားဖြင့်လည်း လူ့သားကိုဘုန်းတော်ထင်ရှားစေတော်မူ၍ ထိုဘုန်းတော်ကို ချက်ချင်းထင်ရှားစေတော်မူလိမ့်မည်။ မြန်မာ ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိလျှင်၊ ဘုရားသခင်သည် ကိုယ်တော်တိုင်အားဖြင့် သူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။ ကာလမကြာမမြင့်မီ သူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။- |
ဤအကြောင်းအရာများကို မိန့်တော်မူပြီးသောအခါ ယေရှုသည် ကောင်းကင်သို့ မျှော်ကြည့်လျက် “အို အဖ… အချိန်ကျပါပြီ။ သားတော်သည် ကိုယ်တော်၏ဘုန်းတော်ကို ထင်ရှားစေနိုင်ရန် ကိုယ်တော်သည် သားတော်၏ဘုန်းကို ထင်ရှားစေတော်မူပါ။
ခရစ်တော်သည် ကောင်းကင်ဘုံသို့ တက်ကြွတော်မူပြီး ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်လျက် ကောင်းကင်တမန်များ၊ အာဏာစက်များ၊ တန်ခိုးရှင်များကို အုပ်စိုးတော်မူ၏။
ထိုအခါ ကောင်းကင်တမန်သည် ကျောက်သလင်းကဲ့သို့ ကြည်လင်သည့် အသက်ရေစီးသောမြစ်ကို ကျွန်ုပ်အား ပြ၏။ ထိုမြစ်သည် ဘုရားသခင်နှင့် သိုးသငယ်တော်၏ ရာဇပလ္လင်မှ စီးထွက်၍
ငါသည် အာလဖာနှင့် အိုမီဂါ၊ အစဦးဆုံးသောသူနှင့် နောက်ဆုံးသောသူ၊ အစနှင့် အဆုံးဖြစ်၏။
ကျိန်ခြင်းဘေးတစ်စုံတစ်ခုမျှ ရှိတော့မည်မဟုတ်။ ဘုရားသခင်နှင့် သိုးသငယ်တော်၏ ရာဇပလ္လင်သည် ထိုမြို့တွင် ရှိပြီး ကိုယ်တော်၏ အစေခံတို့သည် ကိုယ်တော်ကို ဝတ်ပြုကြလိမ့်မည်။
ငါသည် အောင်မြင်၍ ငါ့ခမည်းတော်၏ရာဇပလ္လင်ပေါ်တွင် ငါ့ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့သို့ အောင်မြင်သောသူတို့ကိုလည်း ငါ၏ရာဇပလ္လင်ပေါ်တွင် ငါနှင့်အတူ ထိုင်ခွင့်ပေးမည်။