ရှင်မာကု 6:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်က “ခရီးအတွက် တောင်ဝှေးမှအပ မည်သည့်အရာကိုမျှ မယူကြနှင့်။ အစားအစာ၊ ခရီးဆောင်အိတ်မှစ၍ ခါးစည်း၌လည်း ငွေကို ထည့်မသွားကြနှင့်။ Common Language Bible ကိုယ်တော်က ``လမ်းခရီးအတွက်တောင်ဝှေးမှ တစ်ပါး အဘယ်အရာကိုမျှမယူကြနှင့်။ ရိက္ခာ၊ လွယ်အိတ်၊ ခါးပန်း၌ကြေးငွေများကိုယူမ သွားကြနှင့်။- Garrad Bible လမ်း ခ ရီး အ ဖို့ စီး သော ဖိ နပ်၊ တောင် ဝေး တစ် ချောင်း များ ပြင် မည် သည့် အ ရာ ကို မျှ မ ဆောင် ရ။ လွယ် အိတ်၊ ရိ က္ခာ၊ ခါး ပန်း တွင် ကြေး ငွေ မ ပါ ရ။ အင်္ကျီ နှစ် ထည် လည်း မ ဝတ် ရ ဟူ၍ မှာ တော် မူ လိုက် ၏။ Judson Bible သင်တို့သည် တောင်ဝှေးတစ်ခုမှတစ်ပါး လမ်းခရီးဖို့ အဘယ်အရာကိုမျှ မယူကြနှင့်။ လွယ်အိတ်နှင့် မုန့်မှစ၍ ခါးပန်း၌ ကြေးငွေကို မယူကြနှင့်။- မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် လမ်းခရီးအတွက် တောင်ဝှေးတစ်ချောင်းမှတစ်ပါး မည်သည့်အရာကိုမျှမယူသွားကြရန်နှင့် အစားအစာ၊ လွယ်အိတ်၊ ကြေးဒင်္ဂါးတို့ကိုလည်း ခါးပန်း၌မထည့်သွားဘဲ မြန်မာ သင်တို့သည် တောင်ဝှေးတစ်ခုမှတစ်ပါး လမ်းခရီးဖို့ အဘယ်အရာကိုမျှ မယူကြနှင့်။ လွယ်အိတ်နှင့် မုန့်မှစ၍ ခါးပန်း၌ ကြေးငွေကို မယူကြနှင့်။- |
ပိုက်ဆံအိတ်၊ ခရီးဆောင်အိတ်၊ ဖိနပ်အပိုစသည်တို့ကို ယူမသွားကြနှင့်။ လမ်းတွင် မည်သူကိုမျှ နှုတ်မဆက်ကြနှင့်။
ထို့နောက် ယေရှုက “ငါသည် သင်တို့ကို ပိုက်ဆံအိတ်၊ ခရီးဆောင်အိတ်နှင့် ဖိနပ်အပိုတို့ကို မယူစေဘဲ စေလွှတ်ခဲ့စဉ်က သင်တို့သည် တစ်စုံတစ်ခု လိုအပ်ခဲ့သလော” ဟု မေးတော်မူ၏။ တပည့်တော်များက “မည်သည့်အရာမျှ မလိုခဲ့ပါ” ဟု လျှောက်ကြ၏။
ကိုယ်တော်က “ခရီးသွားစဉ် တောင်ဝှေး၊ ခရီးဆောင်အိတ်၊ အစားအစာ၊ ငွေနှင့် အင်္ကျီအပိုစသည်တို့ကို ယူမသွားကြနှင့်။