ထိုအခါ တပည့်တော်တို့က “သခင့်ကို တိုးဝှေ့နေသောလူအုပ်ကို မြင်တော်မူပါလျက် ‘ငါ့ကို မည်သူတို့ထိသနည်း’ ဟု မေးတော်မူသလော” ဟု လျှောက်ကြ၏။
ရှင်မာကု 5:30 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည်လည်း မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ချင်း သိတော်မူလျှင် လူအုပ်ဘက်သို့ လှည့်၍ “ငါ့ဝတ်ရုံကို မည်သူတို့ထိသနည်း” ဟု မေးတော်မူ၏။ Common Language Bible သခင်ယေရှုသည်အထံတော်မှတန်ခိုးထွက်သွား သည်ကိုချက်ချင်းသိတော်မူ၏။ ပရိသတ်ဘက်သို့ လှည့်တော်မူ၍ ``ငါ၏အဝတ်ကိုမည်သူတို့ထိ သနည်း'' ဟုမေးတော်မူ၏။ Garrad Bible ယေ ရှု လည်း ကိုယ် မှ တန် ခိုး တော် ထွက် ကြောင်း ချက် ခြင်း သိ မြင် လျက် လူ ပ ရိ သတ် တွင် လှည့်၍ ငါ့ အ ဝတ် ကို မည် သူ တို့ သ နည်း ဟု မေး တော် မူ ရာ၊ Judson Bible ယေရှုသည် မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ချင်းသိတော်မူလျှင် လူအစုအဝေး၌ နောက်သို့လှည့်၍၊ ငါ့အဝတ်ကို အဘယ်သူတို့သနည်းဟု မေးတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် မိမိထံမှတန်ခိုးထွက်သည်ကို ချက်ချင်းသိတော်မူ၍ လူထုပရိသတ်ဘက်သို့လှည့်ကြည့်ကာ“ငါ့ဝတ်ရုံကို မည်သူတို့ထိသနည်း”ဟု မေးတော်မူ၏။ မြန်မာ ယေရှုသည် မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ချင်းသိတော်မူလျှင် လူအစုအဝေး၌ နောက်သို့လှည့်၍၊ ငါ့အဝတ်ကို အဘယ်သူတို့သနည်းဟု မေးတော်မူ၏။- |
ထိုအခါ တပည့်တော်တို့က “သခင့်ကို တိုးဝှေ့နေသောလူအုပ်ကို မြင်တော်မူပါလျက် ‘ငါ့ကို မည်သူတို့ထိသနည်း’ ဟု မေးတော်မူသလော” ဟု လျှောက်ကြ၏။
တစ်နေ့၌ ယေရှုသည်ဟောပြောသွန်သင်လျက်ရှိနေစဉ် ဂါလိလဲပြည်နှင့် ယုဒပြည်ရှိ ကျေးရွာအသီးသီးမှလည်းကောင်း၊ ဂျေရုဆလင်မြို့မှလည်းကောင်း ရောက်လာကြသောဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများတို့သည် ထိုင်နေကြ၏။ အနာရောဂါပျောက်ကင်းစေနိုင်သော ဘုရားသခင်၏တန်ခိုးသည်လည်း ယေရှု၌ ရှိနေ၏။
ယေရှုထံမှ တန်ခိုးထွက်၍ လူတို့ကို အနာရောဂါများမှ ကျန်းမာစေသောကြောင့် လူထုအပေါင်းတို့သည် ယေရှုကို တို့ထိရန် ကြိုးစားကြ၏။
သို့သော် ယေရှုက “တစ်စုံတစ်ယောက်သည် ငါ့ကို ထိသဖြင့် ငါ့အထဲမှတန်ခိုးထွက်သည်ကို ငါသိ၏” ဟု မိန့်တော်မူ၏။
သို့သော် သင်တို့မှာမူ ရွေးကောက်ခံရသောအမျိုး၊ တော်ဝင်ယဇ်ပုရောဟိတ်အမျိုး၊ သန့်ရှင်းသောလူမျိုး၊ ဘုရားသခင်ပိုင်ဆိုင်သောလူမျိုးဖြစ်ကြ၏။ ဤသည်မှာ သင်တို့ကို အမှောင်ထဲမှ အံ့ဖွယ်အလင်းထဲသို့ ခေါ်တော်မူသောဘုရားသခင်ပြုသည့် အံ့ဩဖွယ်အမှုများကို ကြွေးကြော်ရန်ဖြစ်၏။