ထိုတောင်ပေါ်၌ တပည့်တော်တို့သည် ယေရှုကို မြင်သောအခါ ဝပ်တွားခယလျက် ရှိခိုးကြ၏။ သို့ရာတွင် တပည့်တော်တချို့သည် အမှန်တကယ်ယေရှုဖြစ်သည်ကို သံသယဖြစ်ကြ၏။
ရှင်မာကု 16:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ယေရှု အသက်ရှင်လျက်ရှိတော်မူကြောင်းနှင့် မာရိကိုယ်တိုင် တွေ့မြင်ခဲ့ကြောင်း ကြားသောအခါ သူတို့သည် မယုံကြည်ကြချေ။ Common Language Bible ကိုယ်တော်အသက်ရှင်လျက်ရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်အားမာရိတွေ့မြင်ခဲ့ ရကြောင်းကိုလည်းကောင်း၊ ကြားသောအခါ မယုံကြ။ Garrad Bible အ သက် ရှင်၍ မာ ရိ အား ထင် ရှား တော် မူ ကြောင်း ကြား သော် လည်း မ ယုံ ကြ။ Judson Bible ကိုယ်တော်သည် အသက် ရှင်တော်မူသည်ကိုလည်းကောင်း၊ မာရိသည် ကိုယ်တော်ကို မြင်ရသည်ကိုလည်းကောင်း၊ သူတို့သည်ကြားလျှင် မယုံကြ။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ကိုယ်တော်အသက်ရှင်တော်မူကြောင်းနှင့် ကိုယ်တော်ကို မာရိတွေ့မြင်ခဲ့ကြောင်း သူတို့ကြားကြသောအခါ သူတို့သည်မယုံကြချေ။ မြန်မာ ကိုယ်တော်သည် အသက် ရှင်တော်မူသည်ကိုလည်းကောင်း၊ မာရိသည် ကိုယ်တော်ကို မြင်ရသည်ကိုလည်းကောင်း၊ သူတို့သည်ကြားလျှင် မယုံကြ။ |
ထိုတောင်ပေါ်၌ တပည့်တော်တို့သည် ယေရှုကို မြင်သောအခါ ဝပ်တွားခယလျက် ရှိခိုးကြ၏။ သို့ရာတွင် တပည့်တော်တချို့သည် အမှန်တကယ်ယေရှုဖြစ်သည်ကို သံသယဖြစ်ကြ၏။
ယေရှုက တပည့်တော်တို့အား “အို ယုံကြည်ခြင်းမရှိသောအမျိုး… ငါသည် သင်တို့နှင့် မည်မျှကြာကြာ အတူနေရမည်နည်း။ ငါသည် သင်တို့ကို မည်မျှကြာကြာ သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။
သို့သော်လည်း ထိုစကားများမှာ တမန်တော်တို့အတွက် အခြေအမြစ်မရှိသကဲ့သို့ ဖြစ်နေ၍ သူတို့သည် မယုံကြချေ။
သူတို့သည် ဝမ်းသာ၍ အံ့အားသင့်နေသောကြောင့် မယုံကြည်နိုင်သေးစဉ် ယေရှုက “သင်တို့တွင် စားစရာရှိသလော” ဟု မေးတော်မူ၏။
ထို့ကြောင့် တပည့်တော်တို့က “ငါတို့သည် သခင့်ကို မြင်ကြရပြီ” ဟု သောမအား ပြောပြကြ၏။ သို့သော် သောမက “အရှင့်လက်တော်တို့၌ သံရိုက်ရာကို မမြင်ရ၊ ထိုသံရိုက်ရာကို လက်ညှိုးဖြင့်မတို့ရ၊ နံဘေးတော်ကို လက်ဖြင့် မစမ်းရလျှင် ငါမယုံ” ဟု ဆို၏။