ပိလတ်မင်းထံသို့ သွား၍ ယေရှု၏ အလောင်းတော်ကို တောင်းလေ၏။ ပိလတ်မင်းကလည်း အလောင်းတော်ကို ယောသပ်အား ပေးရန် အမိန့်ပေး၏။
ရှင်မာကု 15:45 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ရောမတပ်မှူးထံမှ ဟုတ်မှန်ကြောင်းကို ကြားသိသောအခါ ပိလတ်မင်းသည် ယောသပ်အား အလောင်းတော်ကို ယူခွင့်ပြု၏။ Common Language Bible သူသည်တပ်မှူး၏အစီရင်ခံချက်ကိုကြား ရပြီးနောက် ယောသပ်အားအလောင်းတော်ကို ယူခွင့်ပြု၏။- Garrad Bible တပ် မှူး စ ကား ဖြင့် ကြား သိ သည့် ကာ လ အ လောင်း တော် ကို ယော သပ် အား ပေး လိုက်၏။ Judson Bible သေကြောင်းကို တပ်မှူးစကားဖြင့်သိလျှင်၊ အလောင်းတော်ကို ယောသပ်အား အပ်ပေး၏။- မြန်မာ့စံမီသမ္မာကျမ်း တပ်မှူးထံမှ ဟုတ်မှန်ကြောင်းသိရလျှင် အလောင်းတော်ကို ယောသပ်အားပေးလေ၏။ မြန်မာ သေကြောင်းကို တပ်မှူးစကားဖြင့်သိလျှင်၊ အလောင်းတော်ကို ယောသပ်အား အပ်ပေး၏။- |
ပိလတ်မင်းထံသို့ သွား၍ ယေရှု၏ အလောင်းတော်ကို တောင်းလေ၏။ ပိလတ်မင်းကလည်း အလောင်းတော်ကို ယောသပ်အား ပေးရန် အမိန့်ပေး၏။
ယေရှုရှေ့တော်တွင် ရပ်နေသော ရောမတပ်မှူးသည် ယေရှု၏ အသက်ချုပ်တော်မူပုံကို တွေ့မြင်ရသောအခါ “ဤသူသည် ဧကန်အမှန်ပင် ဘုရားသခင်၏ သားတော် ဖြစ်သည်” ဟု ဆိုလေ၏။
ယေရှုအသက်ချုပ်တော်မူပြီဖြစ်ကြောင်းကို ပိလတ်မင်းသည် ကြားသောအခါ အံဩ၍ ရောမတပ်မှူးကို ခေါ်ကာ အသက်ချုပ်တော်မူသည်မှာ ဟုတ်မဟုတ် မေးမြန်း၏။
ယောသပ်သည် ပိတ်ချောကို ဝယ်ပြီးလျှင် အလောင်းတော်ကို လက်ဝါးကပ်တိုင်ပေါ်မှ ချ၍ ထိုပိတ်ချောဖြင့် ရစ်ပတ်၏။ ထို့နောက် ကျောက်ဆောင်ကိုထွင်းထားသည့်သင်္ချိုင်းဂူတွင် အလောင်းတော်ကို သင်္ဂြိုဟ်ပြီးလျှင် ဂူဝ၌ ကျောက်တုံးကို လှိမ့်၍ ပိတ်ထား၏။
ထို့နောက် အရိမဿဲမြို့သားယောသပ်သည် ယေရှု၏အလောင်းတော်ကို လက်ဝါးကပ်တိုင်မှ ယူသွားခွင့်ပြုရန် ပိလတ်မင်းထံ ခွင့်တောင်း၏။ ယောသပ်သည် ဂျူးခေါင်းဆောင်များကို ကြောက်ရွံ့သဖြင့် ယေရှု၏တပည့်အဖြစ် လူသိမခံရဲပေ။ ပိလတ်မင်းသည်လည်း ခွင့်ပြုသဖြင့် ယောသပ်သည် လာ၍ အလောင်းတော်ကို ယူဆောင်သွား၏။