ထို့နောက် သူတို့သည် သင်္ချိုင်းဂူထဲသို့ ဝင်ကြရာ ဝတ်ရုံဖြူကို ဝတ်ထားသောလူငယ်တစ်ဦးသည် လက်ယာဘက်၌ ထိုင်နေသည်ကို တွေ့မြင်သဖြင့် ထိတ်လန့်ကြ၏။
ရှင်မာကု 14:33 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို ခေါ်သွားတော်မူ၏။ ယေရှုသည် အလွန်စိတ်ပူပင်သောကရောက်တော်မူသဖြင့် Common Language Bible ပေတရု၊ ယာကုပ်နှင့်ယောဟန်တို့ကိုမိမိနှင့် အတူခေါ်ဆောင်သွားတော်မူ၏။ ကိုယ်တော်သည် ပြင်းစွာပူပင်သောကဖြစ်တော်မူသဖြင့်၊- Garrad Bible ပေ တ ရု၊ ယာ ကုပ်၊ ယော ဟန် တို့ ကို ခေါ် သွား ပြီး လျှင် အံ့ အား သင့် ခြင်း၊ ပူ ဆွေး ခြင်း ဖြစ် သ ဖြင့်၊ Judson Bible ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်သွား၍ မိန်းမောတွေဝေခြင်း၊ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို မိမိနှင့်အတူခေါ်သွားတော်မူ၏။ ထိုအခါ ကိုယ်တော်သည် ဝမ်းနည်းပူဆွေးခြင်းနှင့် စိတ်ပူပန်ခြင်းရှိသဖြင့် မြန်မာ ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်သွား၍ မိန်းမောတွေဝေခြင်း၊ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။- |
ထို့နောက် သူတို့သည် သင်္ချိုင်းဂူထဲသို့ ဝင်ကြရာ ဝတ်ရုံဖြူကို ဝတ်ထားသောလူငယ်တစ်ဦးသည် လက်ယာဘက်၌ ထိုင်နေသည်ကို တွေ့မြင်သဖြင့် ထိတ်လန့်ကြ၏။
သို့သော် ထိုသူက “မထိတ်လန့်ကြနှင့်။ လက်ဝါးကပ်တိုင်ပေါ်တွင် အသတ်ခံရသည့်နာဇရက်မြို့သားယေရှုကို ရှာနေကြသည် မဟုတ်လော။ ထိုအရှင်သည် ဤနေရာတွင် မရှိပါ။ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီ။ ကြည့်ကြလော့။ ဤနေရာသည် အလောင်းတော်ထားသည့် နေရာဖြစ်၏။
ကိုယ်တော်သည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီ ယောဟန်မှအပ မည်သူ့ကိုမျှ လိုက်ပါခွင့်ပေးတော်မမူ။
လူအပေါင်းတို့သည် ကိုယ်တော်ကို တွေ့မြင်ကြသောအခါ အံ့အားသင့်လျက် ချက်ချင်းပြေး၍ နှုတ်ဆက်ကြ၏။
ခြောက်ရက် ကြာသော် ယေရှုသည် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို မြင့်သောတောင်သို့ သီးခြားခေါ်ဆောင်သွားတော်မူ၏။ ထိုအခါ သူတို့ရှေ့တွင် ယေရှု၏ အဆင်းသဏ္ဌာန်တော်ပြောင်းလဲလေ၏။
ယေရှုသည် ပြင်းစွာသော ဝေဒနာကိုခံလျက် စိတ်အားပြင်းပြစွာ ဆုတောင်းသဖြင့် ချွေးစက်တော်သည် သွေးစက်သဖွယ် မြေပေါ်သို့ကျလေ၏။
ခရစ်တော်သည် ကမ္ဘာလောက၌ လူသားအဖြစ်ရှိစဉ် သေခြင်းမှ ကယ်တင်နိုင်သော ဘုရားသခင်ထံ ပြင်းပြစွာ အော်ဟစ်၍ မျက်ရည်ကျလျက် အသနားခံတောင်းလျှောက်ခဲ့၏။ ထိုသို့ ဘုရားသခင်ထံ အပ်နှံ၍ မိမိအား ရိုသေသောကြောင့် ဘုရားသခင်သည် ကိုယ်တော်၏ ဆုတောင်းချက်များကို နားဆင်တော်မူခဲ့၏။