နတ်ဆိုးသည် လူတစ်ဦးအထဲမှ ထွက်သောအခါ တောကန္တာရသို့ လှည့်လည်သွားလာ၍ ခိုနားစရာနေရာ ရှာသော်လည်း မတွေ့သဖြင့်
ရှင်မာကု 1:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်တွင် ဝတ်ပြုဆောင်၌ နတ်ဆိုးပူးသောလူတစ်ဦးရှိ၏။ ထိုသူက Common Language Bible ထိုအချိန်၌တရားဇရပ်ထဲတွင် ညစ်ညမ်းသောနတ် ပူးဝင်နေသူတစ်ဦးရှိ၏။- Garrad Bible ထို ဓ မ္မာ ရုံ တွင် ရှိ သော နတ် ဆိုး ပူး သူ တစ် ယောက် က၊ Judson Bible ထိုသူတို့၏တရားဇရပ်၌ ညစ်ညူးသောနတ် စွဲသောသူရှိ၍၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်၌ပင် သူတို့၏ဝတ်ပြုစည်းဝေးကျောင်းတွင် ညစ်ညူးသောနတ်ပူးနေသူတစ်ဦးရှိ၏။ မြန်မာ ထိုသူတို့၏တရားဇရပ်၌ ညစ်ညူးသောနတ် စွဲသောသူရှိ၍၊- |
နတ်ဆိုးသည် လူတစ်ဦးအထဲမှ ထွက်သောအခါ တောကန္တာရသို့ လှည့်လည်သွားလာ၍ ခိုနားစရာနေရာ ရှာသော်လည်း မတွေ့သဖြင့်
ပရိသတ်တို့သည် ကိုယ်တော်၏ ဟောပြောသွန်သင်ချက်များကို အံ့သြကြ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ကျမ်းတတ်ဆရာများကဲ့သို့မဟုတ်ဘဲ အခွင့်အာဏာဖြင့် ဟောပြောသွန်သင်တော်မူသောကြောင့် ဖြစ်၏။
“နာဇရက်မြို့သားယေရှု… ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် မည်သို့သက်ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးရန် ကြွလာတော်မူသလော။ ကိုယ်တော်သည် မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူ ဖြစ်ပါ၏” ဟု အော်ဟစ်ပြောဆိုလေ၏။
ဝတ်ပြုဆောင်မှ ထွက်လာကြပြီးနောက် ယေရှုနှင့် တပည့်တော်တို့သည် ယာကုပ်၊ ယောဟန်တို့နှင့်အတူ ရှိမုန်နှင့် အန္ဒြေတို့၏ အိမ်သို့ ကြွတော်မူ၏။
ထို့ကြောင့် ယေရှုသည် ရောဂါအမျိုးမျိုးစွဲကပ်သော မကျန်းမာသူများစွာကို ကျန်းမာစေတော်မူလျက် နတ်ဆိုးများစွာကို နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကို သိကြသောကြောင့် ကိုယ်တော်သည် ထိုနတ်ဆိုးတို့ကို စကားပြောခွင့်ပေးတော်မမူပေ။
ဤသို့ဖြင့် ကိုယ်တော်သည် ဂါလိလဲပြည်တစ်ခွင်လုံးသို့ လှည့်လည်၍ ဂျူးဝတ်ပြုဆောင်များတွင် ဟောပြောလျက် နတ်ဆိုးများကို နှင်ထုတ်တော်မူ၏။
ကိုယ်တော်သည် လှေပေါ်မှ ဆင်းတော်မူသောအခါ နတ်ဆိုးပူးသောလူတစ်ဦးသည် ကိုယ်တော်နှင့် တွေ့ဆုံရန် သင်္ချိုင်းဂူများအကြားမှ ထွက်လာ၏။
နတ်ဆိုးပူးသော မိန်းကလေးတစ်ဦး၏ မိခင်ဖြစ်သူသည် သတင်းတော်ကို ကြားသဖြင့် ချက်ချင်းလာ၍ ကိုယ်တော်၏ ခြေတော်ရင်းတွင် ပျပ်ဝပ်လေ၏။
ယေရှုက လူထုပရိသတ်တို့သည် စုဝေးလျက် ပြေးလာကြသည်ကို မြင်လျှင် “သူငယ်ကို ဆွံ့အနားမကြားစေသောနတ်… သူငယ်ထံမှထွက်လော့။ မည်သည့်အခါမျှ ပြန်မဝင်နှင့်၊ ငါအမိန့်ပေး၏” ဟု နတ်ဆိုးကို ဆုံးမတော်မူ၏။