ရောမ 4:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အလုပ်လုပ်သောသူ၏ လုပ်အားခမှာ ကျေးဇူးပြုခြင်းခံရသည့်အနေဖြင့် ရသည်မဟုတ်။ ထိုသူ ရထိုက်သောလုပ်အားခဖြစ်၏။ Common Language Bible လူတစ်စုံတစ်ယောက်သည်အလုပ်လုပ်၍ အခကြေးငွေကိုရရှိသောအခါ ထိုကြေး ငွေသည်လက်ဆောင်အဖြစ်ရသောအရာ မဟုတ်ဘဲမိမိအလုပ်လုပ်၍ရသောအရာ ဖြစ်၏။- Garrad Bible လုပ် ဆောင် ရ သူ အ ခ ရ သည် မှာ ကျေး ဇူး အား ဖြင့် မ ဟုတ်။ အ လုပ် အ တွက် ဟု မှတ် ရ ၏။ Judson Bible အကျင့်ရှိသောသူမည်သည်ကား၊ ကျေးဇူးအားဖြင့် အကျိုးကို ခံရသည်မဟုတ်။ ခံထိုက်သောအားဖြင့် ခံရ၏။- မြန်မာ့စံမီသမ္မာကျမ်း အလုပ်လုပ်ဆောင်သောသူအတွက် လုပ်အားခသည် ကျေးဇူးပြုခြင်းအဖြစ်မဟုတ်ဘဲ သူရသင့်ရထိုက်သောအရာအဖြစ် မှတ်ယူရ၏။ |
ထိုသို့ ဘုရားသခင်သည် ထိုသူတို့အား ကျေးဇူးတော်ကို အခြေခံ၍ ရွေးကောက်တော်မူ၏။ သူတို့၏ အကျင့်ကို အခြေခံ၍ ရွေးကောက်တော်မူသည်မဟုတ်။ လူ့အကျင့်ကို အခြေခံ၍ ရွေးကောက်တော်မူလျှင် ဘုရားသခင်၏ ကျေးဇူးတော်သည် အစစ်အမှန်မဟုတ်တော့ပေ။
သို့သော်လည်း သူတို့သည် ယေရှုခရစ်တော်၏ ရွေးနုတ်ခြင်းအားဖြင့် မိမိတို့အပြစ်များအတွက် အဖိုးအခကို မပေးရဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရကြ၏။
အဘယ်ကြောင့်နည်း။ ထိုသူတို့သည် ဖြောင့်မတ်ကြောင်း သတ်မှတ်ခံရရန် ဘုရားသခင်ကို ယုံကြည်မည့်အစား ပညတ်တရားကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ကြိုးပမ်းကြသောကြောင့် ဖြစ်၏။ သူတို့သည် ကျမ်းစာတွင် ဖော်ပြထားသည့် ဆူးငြောင့်ခလုတ်ဖြစ်သောကျောက်ကို တိုက်မိကြ၏။