ဒုတိယပညတ်တော်သည်လည်း ထိုနည်းတူဖြစ်၍ ‘ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့’ ဟူ၍ ဖြစ်၏။
ရောမ 13:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် “သူတစ်ပါးသားမယားကို မပြစ်မှားနှင့်။ လူ့အသက်ကို မသတ်နှင့်။ မခိုးယူနှင့်။ မမှန်သောသက်သေကို မထွက်ဆိုနှင့်။ သူတစ်ပါးဥစ္စာကို မတပ်မက်နှင့်” ဟူသော ပညတ်ချက်များနှင့် အခြားပညတ်တို့၏ အနှစ်ချုပ်မှာ “ကိုယ်နှင့် သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟူသည့် ပညတ်ဖြစ်သောကြောင့် ဖြစ်၏။ Common Language Bible အဘယ်ကြောင့်ဆိုသော် ``အိမ်နီးချင်းကိုကိုယ် နှင့်အမျှချစ်လော့'' ဟူသောပညတ်သည် ``သူ့ အိမ်ရာကိုမပြစ်မှားနှင့်၊ လူ့အသက်ကိုမ သတ်နှင့်၊ သူ့ဥစ္စာကိုမခိုးနှင့်၊ သူ့ဥစ္စာကိုတပ် မက်လိုချင်သောစိတ်မရှိနှင့်'' ဟူသောပညတ် များနှင့်အခြားပညတ်ရှိသမျှ၏အချုပ် ဖြစ်သောကြောင့်တည်း။- Garrad Bible အ သို့ ဆို သော် အ ပေါင်း အ ဖော် ကို ကိုယ် နှင့် အ မျှ ချစ် လော့ ဟူ သော အ မိန့် ကား သူ့ သား အိမ် ရာ ကို မ ပြစ် မှား နှင့်။ သူ့ အ သက် ကို မ သတ် နှင့်။ သူ့ ဥ စ္စာ ကို မ ခိုး နှင့်။ တပ် မက် သော စိတ် မ ရှိ နှင့် စ သော ပ ညတ် ရှိ သ မျှ ၏ အ ချုပ် ဖြစ် သ တည်း။ Judson Bible အကြောင်းမူကား၊ သူ့မယားကို မပြစ်မှားနှင့်၊ လူအသက်ကို မသတ်နှင့်၊ သူ့ဥစ္စာကို မခိုးနှင့်၊ မမှန်သော သက်သေကို မခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟူသော ပညတ်မှစ၍ အခြားသော ပညတ်ရှိသမျှတို့သည်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ပညတ်တစ်ခု၌ အပါအဝင် ဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား “အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရ၊ လူမသတ်ရ၊ မခိုးယူရ၊ တပ်မက်သောစိတ်မရှိရ”ဟူသောပညတ်ချက်များမှစ၍ အခြားမည်သည့်ပညတ်ချက်မဆို “ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်”ဟူသော ဤမိန့်တော်မူချက်၌ ပေါင်းခြုံထား၏။ |
ဒုတိယပညတ်တော်သည်လည်း ထိုနည်းတူဖြစ်၍ ‘ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့’ ဟူ၍ ဖြစ်၏။
‘လူ့အသက် မသတ်နှင့်။ သူတစ်ပါးသားမယားကို မပြစ်မှားနှင့်။ မခိုးယူနှင့်။ မမှန်သောသက်သေကို မထွက်ဆိုနှင့်။ လှည့်စားလိမ်ယူခြင်း မပြုနှင့်။ မိဘကို ရိုသေလော့’ ဟူသော ပညတ်တော်ကို သင်သိသည်မဟုတ်လော” ဟု မိန့်တော်မူ၏။
ဒုတိယပညတ်တော်သည်လည်း ထိုနည်းတူဖြစ်၍ ‘ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့’ ဟူ၍ ဖြစ်၏။ ဤပညတ်တော်နှစ်ပါးထက် ကြီးမြတ်သောပညတ်မရှိ” ဟု မိန့်တော်မူ၏။
ထိုသူကလည်း “ ‘သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်တစ်ခုလုံး၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနှင့် ချစ်လော့။ ထိုမျှမက ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့’ ဟူ၍ ပါရှိပါသည်” ဟု ဖြေလေ၏။
‘သူတစ်ပါးသားမယားကို မပြစ်မှားနှင့်။ လူ့အသက် မသတ်နှင့်။ မခိုးယူနှင့်။ မမှန်သောသက်သေကို မထွက်ဆိုနှင့်။ မိဘကို ရိုသေလော့’ ဟူသော ပညတ်တော်ကို သင်သိသည်မဟုတ်လော” ဟု မိန့်တော်မူ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် လွတ်လပ်ခွင့်ရရန်အတွက် ခေါ်တော်မူခြင်းခံရသူများ ဖြစ်၏။ သို့သော် သင်တို့၏ လွတ်လပ်ခွင့်ကို မိမိဗီဇစိတ်အလိုသို့ လိုက်ရန်အတွက် အခွင့်အရေးအဖြစ်အသုံးမပြုဘဲ မေတ္တာဖြင့် အချင်းချင်းအစေခံခြင်းအတွက် အသုံးပြုကြလော့။