ထိုနေရာ၌ လက်တစ်ဖက်သေသော လူတစ်ဦးကို ယေရှုသည် တွေ့မြင်တော်မူ၏။ ဖာရိရှဲတို့ကလည်း ယေရှုကို ပြစ်တင်စွပ်စွဲလိုသဖြင့် “ဥပုသ်နေ့၌ အနာရောဂါကို ကုသပေးခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
မဿဲ 12:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ဖာရိရှဲတချို့သည် တပည့်တော်တို့ပြုသော အရာကို မြင်သောအခါ “သင်၏ တပည့်တော်တို့သည် ပညတ်တရားအရ ဥပုသ်နေ့၌ မပြုသင့်သောအမှုကို အဘယ်ကြောင့်ပြုကြသနည်း” ဟု ကိုယ်တော်အား လျှောက်ကြ၏။ Common Language Bible ဤအခြင်းအရာကိုဖာရိရှဲတို့မြင်လျှင် ``ကြည့် ပါ။ ကိုယ်တော်၏တပည့်များသည်ဥပုသ်နေ့၌မပြု အပ်သောအမှုကိုပြုနေကြပါသည်တကား'' ဟုဆိုကြ၏။ Garrad Bible ဖာ ရိ ရှဲ တို့ မြင်၍ ဆ ရာ့ တ ပည့် တို့ သည် ဥ ပုသ် နေ့ တွင် မ အပ် သော အ မှု ကို ပြု ကြ ပါ သည် တ ကား ဟု ဆို ကြ သော်။ Judson Bible ဖာရိရှဲတို့သည် မြင်လျှင်၊ ကိုယ်တော်၏ တပည့်တို့သည် ဥပုသ်နေ့၌ မပြုအပ်သောအမှုကို ပြုကြပါသည် တကားဟု လျှောက်ကြသော်၊- မြန်မာ့စံမီသမ္မာကျမ်း ဖာရိရှဲတို့သည် ထိုအခြင်းအရာကိုမြင်လျှင် “သင်၏တပည့်တို့သည် ဥပုသ်နေ့၌ပြုခွင့်မရှိသောအရာကို ပြုနေကြပါသည်တကား”ဟု ကိုယ်တော်အား လျှောက်ကြ၏။ မြန်မာ ဖာရိရှဲတို့သည် မြင်လျှင်၊ ကိုယ်တော်၏ တပည့်တို့သည် ဥပုသ်နေ့၌ မပြုအပ်သောအမှုကို ပြုကြပါသည် တကားဟု လျှောက်ကြသော်၊- |
ထိုနေရာ၌ လက်တစ်ဖက်သေသော လူတစ်ဦးကို ယေရှုသည် တွေ့မြင်တော်မူ၏။ ဖာရိရှဲတို့ကလည်း ယေရှုကို ပြစ်တင်စွပ်စွဲလိုသဖြင့် “ဥပုသ်နေ့၌ အနာရောဂါကို ကုသပေးခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
ယေရှုက “ဒါဝိဒ်မင်းသည် မိမိနှင့် မိမိ၏အဖော်များ ဆာလောင်သည့်အချိန်၌ မည်သို့ပြုခဲ့သည်ကို သင်တို့မဖတ်ဖူးကြသလော။
ထိုအခါ ဖာရိရှဲတို့က “သူတို့သည် ပညတ်တရားအရ ဥပုသ်နေ့၌ မပြုသင့်သောအမှုကို အဘယ်ကြောင့်ပြုကြသနည်း” ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။
ယေရှုက ဖာရိရှဲများနှင့် ကျမ်းတတ်ပညာရှင်များအား “ဥပုသ်နေ့၌ လူနာတစ်ဦးကို ကုသပေးခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးတော်မူ၏။
ပြီးမှ အိမ်သို့ ပြန်၍ အမွှေးနံ့သာများနှင့် ဆီမွှေးတို့ကိုပြင်ဆင်ကြ၏။ ထို့နောက် ပညတ်တော်အရ ဥပုသ်နေ့တွင် အနားယူကြ၏။
ထိုအခါ ဖာရိရှဲတချို့က “သင်တို့သည် ပညတ်တရားအရ ဥပုသ်နေ့၌ မပြုသင့်သောအမှုကို အဘယ်ကြောင့် ပြုကြသနည်း” ဟု မေးကြ၏။