အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဗျာ​ဒိတ် 7:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ကောင်းကင်တမန်​အပေါင်းတို့​သည် ရာဇပလ္လင်တော်၊ အကြီးအကဲများ​နှင့် သတ္တဝါလေးပါးတို့​၏ ပတ်လည်​၌ ရပ်နေကြ၏။ သူတို့​သည် ပလ္လင်တော်​ရှေ့​၌ ဝပ်တွားခယ​လျက် ဘုရားသခင်​ကို ကိုးကွယ်ကြ၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့​သည်​ပလ္လင် တော်​ကို​လည်း​ကောင်း၊ အ​ကြီး​အ​ကဲ​များ နှင့်​သက်​ရှိ​သတ္တ​ဝါ​လေး​ပါး​တို့​ကို​လည်း ကောင်း​ဝိုင်း​ရံ​လျက်​ရပ်​ကြ​၏။ ထို​နောက်​သူ တို့​သည်​ပလ္လင်​တော်​ရှေ့​၌​ပျပ်​ဝပ်​ကာ​ဘု​ရား သ​ခင်​အား​ရှိ​ခိုး​ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထို အ ခါ ပ လ္လင် တော် အ ကြီး အ ကဲ တို့ နှင့် သ တ္တ ဝါ လေး ပါး တို့ ပတ် လည်၌ ရပ် နေ သော စေ တ မန် တော် ခပ် သိမ်း တို့ လည်း ပလ္လင် တော့် ရှေ့ ပျပ် ဝပ် ဦး ညွှတ်၍ ဘု ရား သ ခင် ကို ရှိ ခိုး လျက် အာ မင်၊ ငါ တို့ ဘု ရား သ ခင် သည်၊

အခန်းကိုကြည့်ပါ။

Judson Bible

ပ​လ္လင်​တော်​မှ​စ​သော အ​သက်​ကြီး​သူ​တို့​နှင့် သ​တ္တ​ဝါ​လေး​ပါး၏ ပတ်​ဝန်း​ကျင်၌ ရပ်​နေ​သော ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့​သည်၊ ပ​လ္လင်​တော်​ရှေ့​မှာ ပျပ်​ဝပ်၍ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လျက်၊-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကောင်းကင်​တမန်​အပေါင်း​တို့​သည် ပလ္လင်​တော်၊ သက်ကြီးဝါကြီး​တို့​နှင့် သတ္တဝါ​လေး​ပါး​တို့​၏​ပတ်လည်​၌ ရပ်​နေ​ကြ​၏။ သူတို့​သည်​လည်း ပလ္လင်​တော်​ရှေ့​၌​ပျပ်ဝပ်​လျက် ဘုရားသခင်​ကို​ရှိခိုး​ကာ

အခန်းကိုကြည့်ပါ။



ဗျာ​ဒိတ် 7:11
16 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “အို စာတန်မာရ်နတ်… ငါ့​ထံမှ ထွက်သွားလော့။ ကျမ်းစာ​၌ ရေးသားထားသည်​မှာ ‘သင်​၏​ဘုရားသခင် ထာဝရဘုရား​ကိုသာ ကိုးကွယ်​ရမည်။ ထို​အရှင်​တစ်ပါးတည်း​ကိုသာ ဝတ်ပြု​ရမည်’ ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။


ဘုရားသခင်​သည် မိမိ​၏​သားဦး​ကို ဤ​လောက​သို့ စေလွှတ်တော်မူ​သောအခါ “ဘုရားသခင်​၏ ကောင်းကင်တမန်​အားလုံးတို့​သည် ထို​အရှင်​ကို ကိုးကွယ်​ရမည်” ဟု မိန့်တော်မူ၏။


ဘုရားသခင်​၏​ရှေ့တော်​၌​ရှိသော မိမိတို့​၏​ပလ္လင်တော်​ပေါ်တွင် ထိုင်နေကြသော အကြီးအကဲ​နှစ်ဆယ့်လေးပါးတို့​သည် ဘုရားသခင်​အား ဝပ်တွားခယ​၍ ကိုးကွယ်​ပြီး


အို ထာဝရဘုရား… ကိုယ်တော်​ကို မကြောက်ရွံ့သောသူ၊ ကိုယ်တော်​၏ နာမတော်​ကို မချီးမွမ်းသောသူ​ဟူ၍ ရှိပါမည်လော။ ကိုယ်တော်​တစ်ပါးတည်း​သာ သန့်ရှင်းတော်မူ၏။ ကိုယ်တော်​၏ ဖြောင့်မတ်သော​လုပ်ဆောင်မှုတို့​သည် ပေါ်လွင်​ထင်ရှား​သောကြောင့် လူမျိုး​အပေါင်းတို့​သည် ကိုယ်တော်​၏ ရှေ့တော်​သို့ လာ​၍ ကိုးကွယ်ကြ​လိမ့်မည်” ဟူ၍ ဖြစ်၏။


သို့သော် သူ​က “ထိုသို့​မပြုနှင့်။ ငါ​သည် သင်​မှစ၍ သင်​၏​ညီအစ်ကို ပရောဖက်တို့​နှင့် ဤ​စာစောင်​ကို လိုက်နာသောသူ​အားလုံး​၏ အစေခံချင်း​ဖြစ်၏။ ဘုရားသခင်​ကိုသာ ရှိခိုးလော့” ဟု ဆိုလေ၏။


အကြီးအကဲ​နှစ်ဆယ့်လေးပါးတို့​သည် ရာဇပလ္လင်တော်​ပေါ်တွင် ထိုင်တော်မူသော​အရှင်​ရှေ့၌ ဝပ်တွားခယ​၍ အစဉ်​ထာဝရ​အသက်ရှင်တော်မူသော​အရှင်​ကို ကိုးကွယ်ကြ၏။ ထို​အကြီးအကဲ​နှစ်ဆယ့်လေးပါးတို့​သည် မိမိတို့​၏​သရဖူများ​ကို ရာဇပလ္လင်တော်​ရှေ့​၌ ချထား​လျက်


ရာဇပလ္လင်တော်​ပတ်လည်​တွင် အခြား​ပလ္လင်​နှစ်ဆယ့်လေး​ခု​ရှိ​ပြီး အကြီးအကဲ​နှစ်ဆယ့်လေးပါးတို့​သည် ထို​ပလ္လင်များ​ပေါ်တွင် ထိုင်နေကြ၏။ သူတို့​သည် ဝတ်ရုံဖြူ​ကို ဝတ်ဆင်​လျက် ဦးခေါင်းများ​ပေါ်​တွင် ရွှေ​သရဖူများ​ကို ဆောင်းထားကြ၏။


ရာဇပလ္လင်တော်​ရှေ့​၌ ကျောက်သလင်း​ကဲ့သို့​ကြည်လင်​၍ ဖန်​ပင်လယ်​ကဲ့သို့သော​အရာ​ရှိ၏။ ထို​ပလ္လင်တော်​အနီး​နှင့် ပတ်လည်​၌ သတ္တဝါ​လေးပါး​ရှိ၏။ သူတို့​၏​ခန္ဓာ​ရှေ့​နောက်​တွင် မျက်စိများ​အပြည့်​ရှိ၏။


သတ္တဝါ​လေးပါး​တွင် တောင်ပံ​ခြောက်ခုစီ​ရှိ​၍ တောင်ပံ​အတွင်း​နှင့်​အပြင်​၌ မျက်လုံးများ​အပြည့်​ရှိ၏။ သူတို့​က “ယခု​ရှိ​လျက်၊ ယခင်​ကလည်း​ရှိ​လျက် နောင်အခါ​၌လည်း​ကြွလာမည့် အနန္တ​တန်ခိုးရှင် ဘုရားသခင်​သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏” ဟူ၍ နေ့ည​မပြတ် ကြွေးကြော်နေကြ၏။