အာနနိသည် ဇနီးသည်နှင့် သဘောတူလျက် ရောင်းရငွေတချို့ကို မိမိအတွက် ဖယ်ထားကာ ကျန်ငွေတချို့ကိုသာ ယူဆောင်ခဲ့ပြီးလျှင် တမန်တော်တို့ထံ အပ်လေ၏။
တမန်တော်ဝတ္ထု 5:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေတရုက “သင်တို့သည် ထိုမြေကို ဤမျှလောက်ဖြင့် ရောင်းသလော” ဟု မေး၏။ ထိုအမျိုးသမီးကလည်း “ဟုတ်ပါ၏။ ဤမျှလောက်ဖြင့်သာ ရောင်းပါပြီ” ဟု ပြန်ပြော၏။ Common Language Bible ပေတရုက``သင်တို့သည်လယ်ကိုအဖိုး ဤမျှဖြင့်ရောင်းပါသလော'' ဟုမေး၏။ ထိုအမျိုးသမီးက ``မှန်ပါ၏။ ဤမျှဖြင့် ပင်ရောင်းပါသည်'' ဟုဆို၏။- Garrad Bible ပေ တ ရု က သင် တို့ မြေ ကို ဤ မျှ လောက် နှင့် ရောင်း မ ရောင်း ပြော လော့ ဟု ဆို သည့် ကာ လ၊ ထို မျှ လောက် နှင့် ပင် ရောင်း ပါ သည် ဟု ပြန် လျှောက် သ ဖြင့်၊ Judson Bible ပေတရုကလည်း၊ ဤမျှလောက်နှင့် မြေကိုရောင်းသလော၊ ငါ့အားပြောလော့ဟုမေးလျှင်၊ ထိုမိန်းမက၊ ဟုတ်ပါ၏။ ဤမျှလောက်နှင့်ပင် ရောင်းပါသည်ဟုဆို၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပေတရုက သူ့အား “သင်တို့သည် ထိုမြေကွက်ကို ဤမျှနှင့်ရောင်းခဲ့သည်မှာ ဟုတ်၊ မဟုတ် ငါ့အားပြောလော့”ဟု မေးလေသော် သူက “ဟုတ်ပါ၏။ ဤမျှနှင့်ရောင်းခဲ့ပါ၏”ဟု ဆို၏။ |
အာနနိသည် ဇနီးသည်နှင့် သဘောတူလျက် ရောင်းရငွေတချို့ကို မိမိအတွက် ဖယ်ထားကာ ကျန်ငွေတချို့ကိုသာ ယူဆောင်ခဲ့ပြီးလျှင် တမန်တော်တို့ထံ အပ်လေ၏။
ထို့နောက် သုံးနာရီခန့်ကြာသော် သူ၏ဇနီးသည် ဖြစ်ခဲ့ပြီးသောအဖြစ်အပျက်ကို မသိဘဲဝင်လာ၏။