သူတို့သည် မှောင်ရီပျိုးစအချိန်တွင် ထ၍ဆီးရီးယားတပ်စခန်းသို့ သွားကြ၏။ သူတို့သည် ဆီးရီးယားတပ်စခန်းအစွန်နားရောက်သောအခါ လူတစ်ယောက်မျှမရှိသည်ကို တွေ့ရလေ၏။
ထိုနောက်သူတို့သည်မှောင်စပြုချိန်၌ရှုရိတပ် စခန်းသို့သွားကြ၏။ သို့ရာတွင်ထိုအရပ်သို့ ရောက်သောအခါ လူတစ်စုံတစ်ယောက်ကိုမျှ မတွေ့ရကြ။-
ဆည်း ဆာ အ ချိန် တွင် ထ သွား၍ ရှု ရိ တပ် ဦး သို့ ရောက် သော် အ ခါ တစ် စုံ တစ် ယောက် ကို မျှ မ တွေ့ ချေ။
မိုးမလင်းမီထ၍ ရှုရိတပ်သို့သွားကြ၏။ တပ်ဦးသို့ ရောက်သောအခါ အဘယ်သူကိုမျှ မတွေ့ကြ။
မြို့ထဲသို့ဝင်မည်ဆိုလျှင်လည်း မြို့ထဲမှငတ်မွတ်ခြင်းဘေးကြောင့် သေရလိမ့်မည်။ ဤနေရာမှာ ထိုင်နေလျှင်လည်း သေရမည်။ ထို့ကြောင့် ယခု ဆီးရီးယားတပ်စခန်းသို့ သွားကြစို့။ သူတို့က အသက်ချမ်းသာပေးလျှင် ငါတို့အသက်ရှင်ရမည်။ သူတို့သတ်လျှင်လည်း ငါတို့ သေရမည်”ဟု အချင်းချင်းပြောဆိုကြပြီးလျှင်
အကြောင်းမှာ ဘုရားရှင်သည် ဆီးရီးယားတပ်သားတို့အား စစ်ရထားသံ၊ မြင်းခွာသံများဖြင့် စစ်တပ်ကြီးချီလာသောအသံကို ကြားရစေတော်မူသဖြင့် သူတို့က “ကြည့်ပါ။ အစ္စရေးဘုရင်သည် ငါတို့ကို တိုက်ခိုက်ရန် ဟိတ္တိဘုရင်၊ အီဂျစ်ဘုရင်တို့ကို စစ်ကူတောင်းပြီးချီလာလေပြီ”ဟု အချင်းချင်းပြောဆိုကြလျက်
သူတို့ကိုအုပ်စိုးသောမင်းသည် အထုပ်ကိုပခုံးပေါ်တင်၍ အမှောင်ထဲသို့ ထွက်သွားရလိမ့်မည်။ နံရံကိုဖောက်၍ အထုပ်သယ်သွားရလိမ့်မည်။ မြေကိုမမြင်ရအောင် မျက်နှာကိုဖုံးထားရလိမ့်မည်။
နွားဖြစ်စေ၊ သိုးဖြစ်စေ ထာဝရဘုရားပိုင်၏။ ထာဝရဘုရားပိုင်သောအရာဖြစ်သည့် အဦးဆုံးပေါက်သောတိရစ္ဆာန်တို့၏သားဦးကို မည်သူမျှ မဆက်ကပ်ရ။
ကတိသစ္စာပြုထားသူသည် ဆင်းရဲ၍ သင်တန်ဖိုးဖြတ်ထားသည့်အတိုင်း မတတ်နိုင်လျှင် ယဇ်ပုရောဟိတ်ထံသို့ လာရမည်။ ယဇ်ပုရောဟိတ်သည် သူ့ကို တန်ဖိုးဖြတ်ရမည်။ သူတတ်နိုင်သည့်အတိုင်း ယဇ်ပုရောဟိတ်သည် သူ့ကို တန်ဖိုးဖြတ်ရမည်။
ထာဝရဘုရားသည် သင့်ကိုပုန်ကန်ထကြွသောရန်သူတို့ကို သင့်ရှေ့မှောက်၌ ရှုံးနိမ့်စေတော်မူမည်။ သူတို့သည် သင့်ထံသို့ လမ်းတစ်လမ်းတည်းဖြင့် လာကြသော်လည်း သင့်ထံမှ လမ်းခုနစ်သွယ်ဖြင့် ထွက်ပြေးကြရလိမ့်မည်။
အိမ်ပြင်၌ ဆွေမျိုးရင်းချာတို့သည် ဓားဖြင့်ဆုံးလိမ့်မည်။ အိမ်တွင်း၌ ဆံပင်ဖြူသူမှစ၍ နို့စို့ကလေးငယ်၊ လူပျို၊ အပျိုတို့သည် ကြောက်ရွံ့ထိတ်လန့်ကြလိမ့်မည်။
သူတို့၏ကျောက်ဆောင်သည် သူတို့ကိုရောင်းပစ်တော်မမူလျှင်၊ ထာဝရဘုရားသည် သူတို့ကိုစွန့်ပစ်တော်မမူလျှင် လူတစ်ယောက်သည် လူတစ်ထောင်ကို မည်သို့လိုက်နိုင်မည်နည်း။ လူနှစ်ယောက်သည် လူတစ်သောင်းကို မည်သို့ထွက်ပြေးစေနိုင်မည်နည်း။
ဒါဝိဒ်သည် မှောင်ရီပျိုးချိန်မှစ၍ နောက်တစ်နေ့ နေဝင်ချိန်ထိ ထိုသူတို့ကို တိုက်ခိုက်ရာ ကုလားအုတ်စီး၍ ထွက်ပြေးသွားသောလူငယ်လေးရာမှလွဲ၍ ကျန်တစ်ဦးတစ်ယောက်မျှ မလွတ်ပေ။