ရှင်ဘုရင်ကို ဆင့်ခေါ်ရာ ဟိလခိ၏သားနန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်၏သားအတွင်းဝန်ယောအာတို့သည် သူတို့ထံသို့ လာကြ၏။
၄ ရာ 18:26 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဟိလခိ၏သားဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က ရာဗရှာခအား “အာရမိတ်ဘာသာစကားကို ကျွန်တော်မျိုးတို့နားလည်သည်ဖြစ်၍ ကျွန်တော်မျိုးတို့အား အာရမိတ်ဘာသာစကားနှင့်ပြောပါလော့။ မြို့ရိုးပေါ်ရှိလူတို့ကြားသိအောင် ယုဒဘာသာစကားဖြင့် မပြောပါနှင့်”ဟု ဆိုကြ၏။ Common Language Bible ထိုအခါဧလျာကိမ်၊ ရှေဗနနှင့်ယောအာတို့ သည် ထိုအရာရှိအား``အရှင်၊ အာရမိဘာသာ စကားဖြင့်အကျွန်ုပ်တို့အားအမိန့်ရှိပါ။ ထို စကားကိုအကျွန်ုပ်တို့နားလည်ပါသည်။ ဟေဗြဲ ဘာသာစကားကိုမသုံးပါနှင့်။ မြို့ရိုးပေါ်ရှိ လူအပေါင်းတို့နားထောင်လျက်နေကြပါ သည်'' ဟုပြော၏။ Garrad Bible ဟိ လ ခိ သား ဧ လျာ ကိမ်၊ ရှေ ဗ န၊ ယော အာ တို့ က ကျွန် တော် မျိုး တို့ နား လည် သော အာ ရံ ဘာ သာ စ ကား ဖြင့် ပြန် ကြား ပါ လော့။ မြို့ ရိုး ပေါ် ရှိ လူ တို့ ရှေ့၊ ယု ဒ ဘာ သာ စ ကား မ သုံး ပါ နှင့် ဟု ရာ ဗ ရှာ ခ အား လျှောက် ကြ သော်၊ Judson Bible ထိုအခါ ဟိလခိသား ဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က၊ ရှုရိဘာသာစကားအားဖြင့် ကျွန်တော်တို့အား အမိန့်ရှိပါလော့။ ထိုစကားကို ကျွန်တော်တို့သည် နားလည်ပါ၏။ မြို့ရိုးပေါ်မှာရှိသော သူတို့သည်ကြားရအောင် ယုဒဘာသာစကားအားဖြင့် အမိန့်မရှိပါနှင့်ဟု ရာဗရှာခကိုဆိုကြလျှင်၊ |
ရှင်ဘုရင်ကို ဆင့်ခေါ်ရာ ဟိလခိ၏သားနန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်၏သားအတွင်းဝန်ယောအာတို့သည် သူတို့ထံသို့ လာကြ၏။
ထာဝရဘုရားအခွင့်မရှိဘဲ ဤပြည်ကို ငါလာ၍ဖျက်ဆီးသည်ဟု ထင်သလော။ ထာဝရဘုရားက ‘ထိုပြည်သို့စစ်ချီ၍ဖျက်ဆီးလော့’ဟူ၍ ငါ့အား မိန့်တော်မူပြီ”ဟု ဆို၏။
သို့သော် ရာဗရှာခက “ငါ့သခင်သည် သင်တို့၏သခင်နှင့် သင်တို့ကိုသာ ဤစကားတို့ကိုပြောကြားရန် ငါ့ကိုစေလွှတ်သည်မဟုတ်။ သင်တို့နှင့်အတူ ကိုယ့်မစင်ကိုယ်စား၊ ကိုယ့်ဆီးကိုယ်သောက်ကြသည့် မြို့ရိုးပေါ်တွင်ထိုင်သောသူတို့ကိုလည်း ပြောကြားရန် စေလွှတ်သည်”ဟု ဆို၏။
ထို့နောက် ဟိလခိ၏သား နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်၏သား အတွင်းဝန်ယောအာတို့သည် မိမိတို့အဝတ်ကိုဆုတ်ဖြဲပြီး ဟေဇကိမင်းကြီးထံသို့ပြန်လာ၍ ရာဗရှာခပြောသောစကားတို့ကို လျှောက်ထားကြ၏။
အာတဇေရဇ်မင်းကြီးလက်ထက်၌လည်း ဗိရှလံ၊ မိသရေဒတ်၊ တဗေလတို့နှင့် ကျန်အပေါင်းပါတို့သည် ပါးရှားဘုရင်အာတဇေရဇ်မင်းကြီးထံသို့ စာရေးသားပေးပို့ကြ၏။ ထိုစာကို အာရမိတ်ဘာသာသို့ ဘာသာပြန်ဆို ရေးသားပေးလိုက်၏။
ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ “နန်းတော်အုပ်ဖြစ်သော ဘဏ္ဍာစိုးရှေဗနထံသို့သွားလော့။
ခါလဒဲပညာရှိတို့ကလည်း အာရမိတ်ဘာသာစကားဖြင့် ရှင်ဘုရင်အား “အို အရှင်မင်းကြီး၊ သက်တော်ထာဝရတည်ပါစေသော။ ကျွန်တော်မျိုးတို့အား အိပ်မက်ကိုပြောပြတော်မူပါ။ ကျွန်တော်မျိုးတို့ အနက်အဓိပ္ပာယ်ကို ဖွင့်ပြပါမည်”ဟု ပြန်လျှောက်ကြ၏။