ဘောင်ကွပ်ထားသောကြေးနီပြားများပေါ်တွင် ခြင်္သေ့ရုပ်၊ နွားရုပ်၊ ခေရုဗိမ်ရုပ်များပါရှိပြီး ဘောင်တို့၌ ခြင်္သေ့ရုပ်နှင့်နွားရုပ်တို့၏အထက်ဘက်နှင့်အောက်ဘက်တို့တွင် ကနုတ်ပန်းများ သွန်းလုပ်ထား၏။
၃ ရာ 7:30 - မြန်မာ့စံမီသမ္မာကျမ်း တွန်းလှည်းတစ်ခုစီတွင် ကြေးနီဘီးလေးဘီးစီနှင့် ကြေးနီဝင်ရိုးများပါရှိ၏။ ထောက်တိုင်လေးတိုင်သည် အင်တုံအောက်၌ ထောက်ထား၏။ ထိုအင်တုံကိုထောက်ထားသောတိုင်တစ်တိုင်စီတွင် ကနုတ်ပန်းများ သွန်းလုပ်ထား၏။ Common Language Bible လှည်းတစ်စီးလျှင်ကြေးဝါဘီးလေးခုနှင့်ကြေး ဝင်ရိုးများရှိ၏။ လှည်း၏ထောင့်လေးခု၌အင်တုံ တင်ရန်အတွက် ကြေးဝါထောက်တိုင်လေးခုရှိ၏။ ထိုထောက်တိုင်တို့ကိုပန်းဆိုင်းများဖြင့်ရုပ်လုံး ဖော်၍တန်ဆာဆင်ပြီးနောက်၊- Garrad Bible အောက် ခံ တစ် ခု တွင် ကြေး ဝင် ရိုး နှင့် ကြေး ဘီး နှစ် စုံ ရှိ လျက် ခြေ လေး ချောင်း အ ထက် ကြေး အင် တုံ တင် ရန် ပန်း ဆိုင်း ချယ် လယ် သော ကြေး ခ နောက် ကို သွန်း လုပ် ၏။ Judson Bible ခုံတစ်ခု၌ ကြေးဝါလှည်းဘီးလေးခုစီ၊ ကြေးဝါဝင်ရိုးနှင့်တကွ ရှိ၏။ အင်တုံတင်စရာဖို့ ခုံလေးထောင့်၌ ပခုံးတို့ကို ခုံနှင့်တစ်စပ်တည်း သွန်းလေ၏။ |
ဘောင်ကွပ်ထားသောကြေးနီပြားများပေါ်တွင် ခြင်္သေ့ရုပ်၊ နွားရုပ်၊ ခေရုဗိမ်ရုပ်များပါရှိပြီး ဘောင်တို့၌ ခြင်္သေ့ရုပ်နှင့်နွားရုပ်တို့၏အထက်ဘက်နှင့်အောက်ဘက်တို့တွင် ကနုတ်ပန်းများ သွန်းလုပ်ထား၏။
လှည်းအိမ်အတွင်းမှ အင်တုံအဝရှိ ထိပ်ကွပ်အထိ အမြင့်တစ်တောင်ရှိ၏။ လှည်းအိမ်အဝသည် အောက်ခံကဲ့သို့ အဝိုင်းဖြစ်၍ အချင်းတစ်တောင်ခွဲရှိ၏။ လှည်းအိမ်အဝပတ်ပတ်လည်တွင် အရုပ်ထွင်းထုထား၍ ဘောင်သည် အဝိုင်းမဟုတ်၊ စတုရန်းပုံဖြစ်၏။
တွန်းလှည်းတစ်ခုစီ၏ထောင့်လေးထောင့်တွင် ထောက်တိုင်လေးတိုင်ပါရှိ၏။ ထောက်တိုင်တို့သည် လှည်းနှင့်တစ်သားတည်းဖြစ်၏။
ထို့နောက် ငါကြည့်လိုက်သော် ခေရုဗိမ်တို့၏ဘေးတွင် ဘီးလေးဘီးရှိ၏။ ခေရုဗိမ်တစ်ပါးစီ၏ဘေးတွင် ဘီးတစ်ဘီးစီရှိပြီး ဘီးများသည် ကျောက်မျက်ရွဲအရောင်ကဲ့သို့ တောက်ပနေ၏။
သတ္တဝါတို့၏အတောင်ပံများ တစ်ခုနှင့်တစ်ခုထိခတ်သောအသံ၊ သတ္တဝါတို့အနားရှိ ဘီးများလည်နေသောအသံကိုလည်း ငလျင်လှုပ်သံကြီးကဲ့သို့ ငါကြားရ၏။