ထို့နောက် အဗရှလုံသည် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ထံသို့ သူလျှိုတို့ကိုစေလွှတ်၍ “တံပိုးမှုတ်သံကို သင်တို့ကြားလျှင် ‘အဗရှလုံသည် ဟေဗြုန်မြို့တွင် နန်းတက်လေပြီ’ဟူ၍ ကြွေးကြော်ကြလော့”ဟု မှာလိုက်၏။
၃ ရာ 1:11 - မြန်မာ့စံမီသမ္မာကျမ်း နာသန်သည် ရှောလမုန်၏မယ်တော်ဗာသရှေဘအား “အကျွန်ုပ်တို့၏သခင်ဒါဝိဒ်မင်းကြီးမသိဘဲ ဟဂ္ဂိတ်၏သားအဒေါနိယသည် ကိုယ့်ကိုယ်ကိုယ်မင်းမြှောက်လိုက်ကြောင်းကို သင်မကြားသလော။ Common Language Bible ထိုအခါနာသန်သည် ရှောလမုန်၏မယ်တော် ဗာသရှေဘထံသို့သွား၍``ဟ္ဂိတ်၏သား အဒေါနိယသည် မိမိကိုယ်ကိုမိမိမင်းမြှောက် လိုက်ကြောင်းသင်ကြားပြီလော။ ဒါဝိဒ်မင်းပင် ထိုသတင်းကိုကြားတော်မမူသေးပါ။- Garrad Bible ထို အ ခါ ရှော လ မုန်၏ မယ် တော် ဗာ သ ရှေ ဘ အား နာ သန် က၊ ဟ ဂ္ဂိတ် သား အ ဒေါ နိ ယ သည် ငါ တို့ အ ရှင် ဒါဝိဒ် မင်း မ သိ ဘဲ ဘု ရင် လုပ် ကြောင်း ကို မ ကြား သ လော။ Judson Bible ထိုအခါ နာသန်သည် ရှောလမုန်အမိဗာသရှေဘထံသို့သွား၍၊ ဟဂ္ဂိတ်၏သားအဒေါနိယသည် ရှင်ဘုရင်လုပ်ကြောင်းကို ကြားပြီလော။ တို့အရှင်ဒါဝိဒ်သည် မသိပါတကား။ |
ထို့နောက် အဗရှလုံသည် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ထံသို့ သူလျှိုတို့ကိုစေလွှတ်၍ “တံပိုးမှုတ်သံကို သင်တို့ကြားလျှင် ‘အဗရှလုံသည် ဟေဗြုန်မြို့တွင် နန်းတက်လေပြီ’ဟူ၍ ကြွေးကြော်ကြလော့”ဟု မှာလိုက်၏။
စတုတ္ထသားမှာ ဟဂ္ဂိတ်နှင့်ရသောအဒေါနိယ၊ ပဉ္စမသားမှာ အဘိတလနှင့်ရသောရှေဖတိ၊
သို့သော် ပရောဖက်နာသန်၊ ဗေနာယ၊ စစ်သူရဲများနှင့် သူ့ညီရှောလမုန်တို့ကိုမူ မဖိတ်ခေါ်ပေ။
တစ်နေ့တွင် ဟဂ္ဂိတ်၏သားအဒေါနိယသည် ရှောလမုန်မင်းကြီး၏မယ်တော် ဗာသရှေဘထံရောက်လာသဖြင့် ဗာသရှေဘက သူ့အား “ယခု သင်လာသည်မှာ ကောင်းသောလာခြင်းလော”ဟုမေးသော် သူက “ဟုတ်ပါ၏”ဟု ပြန်လျှောက်ပြီးနောက်
ထို့နောက် ဒါဝိဒ်မင်းကြီးသည် လူထုတစ်ရပ်လုံးအား “ဘုရားသခင်ရွေးချယ်တော်မူသောငါ့သားရှောလမုန်သည် ငယ်ရွယ်၍ အတွေ့အကြုံမရှိသေး။ သို့သော် သူလုပ်ဆောင်ရမည့်အလုပ်မှာ ကြီးမြတ်လှ၏။ သူဆောက်လုပ်ရမည့်ဗိမာန်တော်သည် လူအဖို့မဟုတ်၊ ဘုရားသခင်ထာဝရဘုရားအဖို့ ဖြစ်၏။