ထိုဆူးပင်ကိုကိုင်မည်ဆိုလျှင် သံချွန်၊ လှံတံတို့ဖြင့် ကိုင်ရ၏။ ပေါက်ရာအရပ်၌ပင် မီးရှို့ပစ်ခြင်း ခံရမည်။”
၂ ရာ 22:8 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်သည် အမျက်ထွက်တော်မူသောကြောင့် မြေကြီးသည် ယိမ်းထိုးလှုပ်ခါ၏။ မိုးကောင်းကင်အုတ်မြစ်သည်လည်း ယိမ်းထိုးခါယမ်း၏။ Common Language Bible ထိုအခါဘုရားသခင်၏အမျက်တော်ကြောင့် မြေကြီးသည်တုန်လှုပ်လေ၏။ မိုးကောင်းကင်၏အခြေအမြစ်တို့သည် ရွေ့လျားတုန်လှုပ်ကြ၏။ Garrad Bible ထို အ ခါ အ မျက် တော် ကြောင့် မြေ ကြီး ညွတ် လျက် တုန် လှုပ် ခြင်း၊ မိုး ကောင်း ကင် အ ခြေ အ မြစ် လှုပ် ရှား၍ ရွေ့ ခါ ခြင်း များ ဖြစ် ၏။ Judson Bible ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ်၍၊ မိုးကောင်းကင်အမြစ်တို့သည် တရွေ့ရွေ့လှုပ်ရှားကြ၏။ |
ထိုဆူးပင်ကိုကိုင်မည်ဆိုလျှင် သံချွန်၊ လှံတံတို့ဖြင့် ကိုင်ရ၏။ ပေါက်ရာအရပ်၌ပင် မီးရှို့ပစ်ခြင်း ခံရမည်။”
ကိုယ်တော်ဆုံးမတော်မူလျှင် ကောင်းကင်တိုင်တို့ အံ့အားသင့်လျက် တုန်လှုပ်ကြလေ၏။
ထိုအခါ ကိုယ်တော်သည် အမျက်ထွက်တော်မူသောကြောင့် မြေကြီးသည် ယိမ်းထိုးလှုပ်ခါ၏။ တောင်များ၏အခြေအမြစ်တို့သည်လည်း ယိမ်းထိုးခါယမ်းကြ၏။
သိနာတောင်၏အရှင်ဘုရားသခင်၏ရှေ့တော်၊ အစ္စရေးလူမျိုး၏ဘုရားသခင်တည်းဟူသော ဘုရားသခင်၏ရှေ့တော်၌ မြေကြီးသည် တုန်ခါ၍ ကောင်းကင်သည် မိုးရွာသွန်းခဲ့ပါ၏။
ကိုယ်တော်၏ထစ်ချုန်းသံသည် လေပွေ၌ပါ၍ လျှပ်စီးတို့သည် ကမ္ဘာလောကကိုလင်းလက်စေပါ၏။ ကမ္ဘာမြေကြီးသည် တုန်ခါလှုပ်ရမ်းပါ၏။
ကိုယ်တော်၏လမ်းသည် ပင်လယ်ကိုဖြတ်ကျော်၍ ကိုယ်တော်၏လမ်းခရီးသည် ကျယ်ဝန်းသောရေပြင်ကို ဖြတ်ကျော်ပါ၏။ သို့သော် ကိုယ်တော်၏ခြေရာတော်တို့ကို မသိမမြင်ရပါ။
ကိုယ်တော်၏လျှပ်စီးတို့သည် ကမ္ဘာလောကကို လင်းလက်စေ၏။ ကမ္ဘာမြေကြီးသည်လည်း မြင်၍တုန်လှုပ်၏။
တောင်များသည် ကိုယ်တော့်ရှေ့တွင် တုန်ခါ၍ တောင်ကုန်းများ အရည်ပျော်ကုန်၏။ မြေကြီးသည် ကိုယ်တော့်ရှေ့တွင် တုန်လှုပ်၍ ကမ္ဘာကြီးနှင့် မြေကြီးသားအပေါင်းတို့သည်လည်း တုန်လှုပ်ကြပါ၏။
ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည်အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲသွားလေ၏။ မြေကြီးသည်လှုပ်၍ ကျောက်များသည် အက်ကွဲလေ၏။
ထိုစဉ် အလွန်ပြင်းထန်သော ငလျင်လှုပ်လေ၏။ အကြောင်းမူကား ထာဝရဘုရား၏ကောင်းကင်တမန်သည် ကောင်းကင်မှဆင်းလာ၍ ကျောက်တုံးကိုလှိမ့်ဖယ်ကာ ၎င်းအပေါ်၌ ထိုင်လေ၏။
ထိုသို့ သူတို့ဆုတောင်းပြီးသောအခါ သူတို့စုဝေးနေကြသောနေရာသည် တုန်လှုပ်၍ သူတို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဘုရားသခင်၏နှုတ်ကပတ်တရားကို ရဲရင့်စွာဟောပြောကြ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် စိရတောင်ပေါ်မှ ကြွတော်မူသောအခါ၊ ဧဒုံပြည်မှ ချီတော်မူသောအခါ မြေကြီးတုန်ခါပါ၏၊ ကောင်းကင်မှ မိုးရွာသွန်းပါ၏၊ တိမ်တိုက်မှလည်း မိုးရွာသွန်းပါ၏။