တစ်ဖန် ထာဝရဘုရားက ယောရှုအား “သင်တို့ခံရသောအီဂျစ်ပြည်သားတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို ယနေ့ ငါဖယ်ရှားပစ်ပြီ”ဟု မိန့်တော်မူ၏။ ထို့ကြောင့် ထိုအရပ်ကို ဂိလဂါလဟု ယနေ့တိုင်ခေါ်ဆိုလေ၏။
၂ ရာ 19:15 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်ပြန်ကြွ၍ ဂျော်ဒန်မြစ်နားသို့ရောက်လာ၏။ ယုဒလူမျိုးတို့သည်လည်း ရှင်ဘုရင်ကိုကြိုဆို၍ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ သွားရောက်ပို့ဆောင်ရန် ဂိလဂါလမြို့သို့ ရောက်လာကြ၏။ Common Language Bible အပြန်ခရီးတွင်မင်းကြီးအားမြစ်တစ်ဘက် ကမ်းသို့ပို့ဆောင်ပေးရန် ဂိလဂါလမြို့သို့ လာရောက်ကြသည့်ယုဒပြည်သားတို့ သည်ယော်ဒန်မြစ်မှနေ၍ခရီးဦးကြို ပြုကြလေသည်။- Garrad Bible ဘု ရင် မင်း ပြန် လာ၍ ယော် ဒန် မြစ် သို့ ရောက် သော် ယု ဒ တပ် သည် ဘု ရင် မင်း ကို ယော် ဒန် မြစ် တစ် ဖက် တိုင် လိုက် ပို့ ရန် ကြံ ရွယ် လျက် ဂိ လ ဂါ လ မြို့ ရောက် ခ ရီး ဦး ကြို ဆို ကြ လေ ၏။ Judson Bible ထိုအခါ ရှင်ဘုရင်သည်ပြန်၍ ယော်ဒန်မြစ်သို့ ရောက်တော်မူ၏။ ယုဒအမျိုးသည် ရှင်ဘုရင်ကို ခရီးဦးကြိုပြု၍ ယော်ဒန်မြစ်တစ်ဖက်သို့ပို့ခြင်းငှာ ဂိလဂါလမြို့သို့ သွားကြ၏။ |
တစ်ဖန် ထာဝရဘုရားက ယောရှုအား “သင်တို့ခံရသောအီဂျစ်ပြည်သားတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို ယနေ့ ငါဖယ်ရှားပစ်ပြီ”ဟု မိန့်တော်မူ၏။ ထို့ကြောင့် ထိုအရပ်ကို ဂိလဂါလဟု ယနေ့တိုင်ခေါ်ဆိုလေ၏။