သူ့ခမည်းတော်သည် သူစိတ်ဆင်းရဲအောင် “သင် အဘယ်ကြောင့် ဤသို့ပြုသနည်း”ဟု တစ်ခါမျှမဆိုဖူးပေ။ အဒေါနိယသည် အဗရှလုံ၏ညီဖြစ်ပြီး ရုပ်ရည်အလွန်ချောသူဖြစ်၏။
၂ ရာ 14:25 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုးတစ်မျိုးလုံးတွင် အဗရှလုံကဲ့သို့ အများချီးမွမ်းရလောက်အောင် ရုပ်ရည်ခန့်ညားသူမရှိ။ ခြေဖျားမှ ဦးခေါင်းအထိ ခြောက်ပြစ်ကင်းသူဖြစ်၏။ Common Language Bible ဣသရေလပြည်တွင်ရုပ်ရည်ချောမောမှု ကြောင့်အဗရှလုံကဲ့သို့ ထင်ပေါ်ကျော်ကြား သူတစ်ဦးတစ်ယောက်မျှမရှိ။ သူသည်ဦး ခေါင်းမှခြေဖျားတိုင်ခြောက်ပြစ်ကင်းသူ ဖြစ်၏။- Garrad Bible ဣ သ ရေ လ တစ် မျိုး လုံး တွင် အ ဗ ရှ လုံ ကဲ့ သို့ အ ဆင်း လှ၍ ချီး မွမ်း ထိုက် သူ မ ရှိ။ ခြေ ဖ ဝါး မှ ဦး ထိပ် တိုင် အောင် အ ပြစ် တစ် စုံ တစ် ရာ မ ရှိ ချေ။ Judson Bible ဣသရေလအမျိုး တစ်မျိုးလုံးတွင် အဗရှလုံကဲ့သို့ အဆင်းလှ၍ ချီးမွမ်းရသောသူ တစ်ယောက်မျှမရှိ။ ခြေဖဝါးမှသည် ဦးထိပ်တိုင်အောင် အပြစ်တစ်ခုမျှမရှိ။ |
သူ့ခမည်းတော်သည် သူစိတ်ဆင်းရဲအောင် “သင် အဘယ်ကြောင့် ဤသို့ပြုသနည်း”ဟု တစ်ခါမျှမဆိုဖူးပေ။ အဒေါနိယသည် အဗရှလုံ၏ညီဖြစ်ပြီး ရုပ်ရည်အလွန်ချောသူဖြစ်၏။
စာတန်သည် ထာဝရဘုရားထံမှ ထွက်သွား၍ ယောဘကို ဦးခေါင်းမှ ခြေဖဝါးအထိ ဆိုးရွားသောအနာစိမ်းများကို ပေါက်စေ၏။
တင့်တယ်ခြင်းသည် လှည့်ဖြားတတ်၏။ လှပခြင်းသည်လည်း အချည်းနှီးဖြစ်၏။ သို့သော် ထာဝရဘုရားကိုကြောက်ရွံ့သော မိန်းမသည် ချီးမွမ်းခြင်းခံရလိမ့်မည်။
ဦးခေါင်းမှ ခြေဖျားတိုင်အောင် အနာနှင့်ကင်းသည်ဟူ၍ မရှိ။ ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာ၊ သွေးစိမ်းထွက်သောအနာတို့ဖြင့်သာပြည့်နေ၏။ အနာကိုမဆေးကြော၊ မပတ်စည်း၊ ဆီနှင့်မလူးကြပါတကား။
ခါးပတ်စည်း၍ ခေါင်းပေါင်းတွဲလောင်းကျနေသော တပ်မှူးပုံများ၊ ခါလဒဲပြည်ဖွား ဘေဘီလုံစစ်သည်တို့၏ပုံများ စသည်တို့ကို မြင်သောအခါ
ကိုယ်အင်္ဂါမချို့ယွင်းသူ၊ ကိုယ်ခန္ဓာသန်မာထွားကျိုင်းသူ၊ ဘက်စုံထူးချွန်သူ၊ အသိပညာကြွယ်ဝသူ၊ နန်းတွင်း၌အမှုထမ်းနိုင်စွမ်းသူ လူငယ်တို့ကို ခါလဒဲစာပေနှင့် ဘာသာစကားကို သင်ကြားပေးရန် အမိန့်ပေးလေ၏။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ထုံးဖြူသုတ်ထားသည့် သင်္ချိုင်းဂူများနှင့်တူကြ၏။ ၎င်းတို့သည် အပြင်ဘက်၌ တင့်တယ်စွာထင်ရှားသော်လည်း အတွင်း၌ကား လူသေတို့၏အရိုးများနှင့် ညစ်ညူးသောအရာအမျိုးမျိုးတို့ဖြင့် ပြည့်နှက်လျက်ရှိကြ၏။
အစွန်းအထင်း၊ အတွန့်အရှုံ့မှစ၍ ထိုသို့သောအရာတစ်စုံတစ်ခုမျှမရှိဘဲ သန့်ရှင်း၍ အပြစ်အနာအဆာကင်းသည့် ဂုဏ်သရေရှိသောအသင်းတော်ကို မိမိအားဆက်သနိုင်ရန်အတွက်ဖြစ်၏။
ထာဝရဘုရားသည် ကုသ၍မရသော ဆိုးရွားသည့်အနာစိမ်းများဖြင့် သင့်ဒူး၊ သင့်ပေါင်တို့ကိုသာမက ခြေဖဝါးမှစ၍ ဦးခေါင်းတိုင်အောင် ဒဏ်ခတ်တော်မူမည်။
ထိုအခါ ထာဝရဘုရားက ရှမွေလအား “သူ၏ရုပ်ရည်အဆင်းနှင့် အရပ်အမောင်းကို မကြည့်နှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်တတ်၏။ ထာဝရဘုရားမူကား စိတ်နှလုံးကို ကြည့်တော်မူ၏”ဟု မိန့်တော်မူ၏။
ထိုသူ၌ ရှောလု ဟုခေါ်သော သားတစ်ယောက်ရှိ၏။ ရှောလုသည် ငယ်ရွယ်နုပျို၍ ရုပ်ရည်ခန့်ညားသောသူဖြစ်၏။ အစ္စရေးအမျိုးသားတို့ထဲတွင် သူ့ထက်ပို၍ရုပ်ရည်ခန့်ညားသောသူ တစ်ယောက်မျှမရှိ။ အခြားသူများထက်လည်း ခေါင်းတစ်လုံးစာ အရပ်ပိုမြင့်၏။