သင်တောင်းသည့်အတိုင်း ငါပေးမည်။ သင့်အား ဉာဏ်ပညာနှင့် ဝေဖန်ပိုင်းခြားနိုင်သောနှလုံးသားကို ပေးမည်။ သင်နှင့်တူသောသူ ယခင်ကမရှိခဲ့စဖူး၊ နောင်လည်း ရှိလိမ့်မည်မဟုတ်။
၂ ရာချုပ် 9:2 - မြန်မာ့စံမီသမ္မာကျမ်း ရှောလမုန်မင်းကြီးသည် သူမေးသမျှမေးခွန်းတို့ကိုဖြေကြားနိုင်၏။ ရှောလမုန်မင်းကြီးအဖို့ မဖြေနိုင်လောက်အောင် ခက်ခဲသည့်မေးခွန်းဟူ၍ တစ်ခုမျှမရှိ။ Common Language Bible မင်းကြီးသည်တစ်ခုမကျန်ဖြေကြားတော်မူ သည်။ မင်းကြီးမဖြေရှင်းနိုင်သောပုစ္ဆာဟူ၍ မရှိ။- Garrad Bible မ ဖြေ နိုင် အောင် နက် နဲ သော စော ဒ နာ မ ရှိ သည် နှင့် အ ညီ ရှော လ မုန် မင်း သည် အ ကြွင်း မဲ့ ဖြေ ဆို လေ ၏။ Judson Bible ရှောလမုန်မင်းကြီးထံတော်သို့ ရောက်သောအခါ၊ မိမိအလိုဆန္ဒရှိသမျှကို ဆွေးနွေးမေးမြန်းလေ၏။ သူမေးမြန်းသော ပြဿနာရှိသမျှတို့ကို ရှောလမုန်သည် ဖြေလေ၏။ နားမလည်၍ မဖြေနိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိ။ |
သင်တောင်းသည့်အတိုင်း ငါပေးမည်။ သင့်အား ဉာဏ်ပညာနှင့် ဝေဖန်ပိုင်းခြားနိုင်သောနှလုံးသားကို ပေးမည်။ သင်နှင့်တူသောသူ ယခင်ကမရှိခဲ့စဖူး၊ နောင်လည်း ရှိလိမ့်မည်မဟုတ်။
ဘုရားသခင်သည် ရှောလမုန်မင်းကြီးအား ဉာဏ်ပညာနှင့် အတိုင်းမသိထိုးထွင်းသိမြင်နိုင်စွမ်းကို ပေးတော်မူ၏။ သမုဒ္ဒရာကမ်းစပ်ရှိသဲလုံးများကဲ့သို့ များပြားသောအသိတရားတို့ကိုလည်း ပေးသနားတော်မူ၏။
ရှောလမုန်မင်းကြီး ဂုဏ်သတင်းကြီးသည်ကို ရှေဘဘုရင်မကြားသိသောအခါ ရှောလမုန်မင်းကြီးကို စကားထာဝှက်၍ ပညာစမ်းရန် ရောက်ရှိလာ၏။ သူသည် မြောက်မြားစွာသော အမွှေးနံ့သာများ၊ ရွှေများနှင့် အဖိုးတန်ကျောက်များကို ကုလားအုတ်များပေါ်တင်ဆောင်လျက် နောက်လိုက်ဗိုလ်ပါအများအပြားတို့နှင့် ဂျေရုဆလင်မြို့သို့ရောက်လာ၍ ရှောလမုန်မင်းကြီးထံသို့ဝင်ကာ စိတ်ထဲ၌ရှိသမျှတို့ကို မေးမြန်းပြောဆိုလေ၏။
ရှေဘဘုရင်မသည် ဉာဏ်ပညာအလုံးစုံနှင့်ပြည့်စုံသောရှောလမုန်မင်းကြီးနှင့် သူတည်ဆောက်သောနန်းတော်၊
ပညာရှိသောသူတို့နှင့်အတူ လျှောက်လှမ်းသောသူသည် ပညာရှိလာလိမ့်မည်။ မိုက်မဲသောသူတို့နှင့်အတူပေါင်းဖော်သောသူမူကား ဒုက္ခရောက်လိမ့်မည်။
လူ၏နှုတ်မှထွက်သောစကားတို့သည် နက်သောရေကဲ့သို့ဖြစ်၏။ ဉာဏ်ပညာ၏စမ်းရေတွင်းသည် စီးဆင်းနေသောစမ်းချောင်းကဲ့သို့ဖြစ်၏။
ကိုယ်တော်ကလည်း“သင်တို့အား ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာကို သိခွင့်ပေးထား၏။ အပြင်လူတို့အတွက်မူကား အရာရာကို ပုံဥပမာများဖြင့်ဖော်ပြရ၏။
ပုံဥပမာမပါဘဲ သူတို့အား ဟောပြောတော်မမူ။ သို့သော် မိမိတပည့်တော်တို့ကိုမူကား အကြောင်းအရာအားလုံးကို သီးသန့်ရှင်းပြတော်မူ၏။
ငါသည် သင်တို့ကို ကျွန်ဟူ၍ခေါ်တော့မည်မဟုတ်။ အကြောင်းမူကား ကျွန်သည် မိမိသခင်ပြုနေသောအရာကိုမသိ။ ငါ့ခမည်းတော်ထံမှ ကြားနာခဲ့သောအရာအားလုံးကို သင်တို့အား ငါသိစေခဲ့ပြီဖြစ်သောကြောင့် သင်တို့ကို မိတ်ဆွေဟူ၍ ငါခေါ်၏။
ထိုခရစ်တော်ထဲ၌ ဉာဏ်ပညာနှင့်အသိပညာတို့၏ရတနာရှိသမျှတို့သည် ဖုံးကွယ်လျက်ရှိကြ၏။
ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထက်မြက်ကာ အသွားနှစ်ဖက်ပါသည့် ဓားရှိသမျှတို့ထက် သာ၍ထက်သဖြင့် အသက်နှင့်ဝိညာဉ်တို့အထိလည်းကောင်း၊ အဆစ်အမြစ်နှင့်ခြင်ဆီတို့အထိလည်းကောင်း ထိုးဖောက်ပိုင်းခြားတတ်၏။ စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုနှင့်သဘောထားတို့ကိုလည်း ထိုးထွင်းသိမြင်နိုင်၏။
သင်တို့ထဲတွင် ဉာဏ်ပညာလိုအပ်သောသူရှိလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား ရက်ရောစွာပေးတော်မူသောဘုရားသခင်ထံ တောင်းလျှောက်စေ။ တောင်းလျှင်ရလိမ့်မည်။