ထို့နောက် တွန်းလှည်းငါးခုကို အိမ်တော်၏ယာဘက်ခြမ်း၌လည်းကောင်း၊ ကျန်ငါးခုကို ဝဲဘက်ခြမ်း၌လည်းကောင်း နေရာချထား၏။ ရေကန်ကိုမူ အိမ်တော်၏ယာဘက်ခြမ်း အရှေ့တောင်ထောင့်တွင် နေရာချထား၏။
၂ ရာချုပ် 4:7 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် စီရင်ထုံးဖွဲ့ချက်အတိုင်း ရွှေဆီမီးခုံဆယ်ခုကိုလည်း သွန်းလုပ်၍ ဗိမာန်တော်အတွင်း ယာဘက်ခြမ်းတွင်ငါးခု၊ ဝဲဘက်ခြမ်းတွင်ငါးခု ထားရှိ၏။ Common Language Bible သူတို့သည်ပြဋ္ဌာန်းသတ်မှတ်ထားသည့်ပုံစံ နှင့်အညီရွှေမီးတင်ခုံဆယ်ခုနှင့်စားပွဲဆယ် လုံးကိုပြုလုပ်၍ ဗိမာန်တော်ခန်းမဆောင်တွင် လက်ယာဘက်၌ငါးလုံး၊ လက်ဝဲဘက်၌ငါး လုံးထားကြ၏။ ရွှေဖလားတစ်ရာကိုလည်း ပြုလုပ်ကြ၏။ Garrad Bible ရွှေ မီး ခုံ တော် တစ် ဆယ် ကို လည်း ပုံ ဟောင်း နှင့် အ ညီ သွန်း လုပ် ၍ ဗိ မာန် တော် အ တွင်း ဝဲ ယာ ငါး ခုံ စီ၊ ထား စေ ၏။ Judson Bible ရွှေမီးခုံဆယ်ခုကိုလည်း အရင်ပုံနှင့်အညီ လုပ်၍ ဗိမာန်တော်အတွင်း လက်ယာဘက်၌ငါးခု၊ လက်ဝဲဘက်၌ ငါးခုကို ထားလေ၏။ |
ထို့နောက် တွန်းလှည်းငါးခုကို အိမ်တော်၏ယာဘက်ခြမ်း၌လည်းကောင်း၊ ကျန်ငါးခုကို ဝဲဘက်ခြမ်း၌လည်းကောင်း နေရာချထား၏။ ရေကန်ကိုမူ အိမ်တော်၏ယာဘက်ခြမ်း အရှေ့တောင်ထောင့်တွင် နေရာချထား၏။
သန့်ရှင်းရာဌာနရှေ့တွင် ယာဘက်၌ ဆီမီးခုံငါးခုံ၊ ဝဲဘက်၌ ဆီမီးခုံငါးခုံတို့ကို ရွှေစင်ဖြင့်သွန်းလုပ်၏။ ထို့ပြင် ပန်းပွင့်များ၊ မီးခွက်များ၊ မီးငြှိမ်းကိရိယာများ၊
ထို့ပြင် ဒါဝိဒ်မင်းကြီး၏စိတ်ထဲတွင်ပေါ်လာသည့်အတိုင်း ထာဝရဘုရား၏အိမ်တော်ဝင်းအပါအဝင် ပတ်လည်အခန်းများအားလုံး၊ ဘုရားသခင်အိမ်တော်၏ဘဏ္ဍာတိုက်နှင့် ဆက်ကပ်လှူဒါန်းသောပစ္စည်းများထားရာသိုလှောင်ရုံ စသည်တို့၏ပုံစံများကိုပါ ပေးအပ်လေ၏။
အမှုတော်ထမ်းဆောင်ရာတွင်လိုအပ်သောရွှေထည်အသုံးအဆောင်အားလုံးအတွက် ရွှေအလေးချိန်အလိုက်၊ အမှုတော်ထမ်းဆောင်ရာတွင်လိုအပ်သောငွေထည်အသုံးအဆောင်အားလုံးအတွက် ငွေအလေးချိန်အလိုက်၊
ရွှေဆီမီးခုံများနှင့်ရွှေမီးခွက်များအတွက် ဆီမီးခုံတစ်ခုစီနှင့် မီးခွက်တို့၏အလေးချိန်အလိုက်လိုအပ်သောရွှေ၊ ငွေဆီမီးခုံများအတွက်လည်း ဆီမီးခုံတစ်ခုစီနှင့် မီးခွက်တို့၏အလေးချိန်အလိုက်လိုအပ်သောငွေ၊
“ဤပုံစံအားလုံးကို ထာဝရဘုရား ရေးဆွဲထားပြီး လုပ်ဆောင်ရမည့်ပုံစံအသေးစိတ်ကို ငါ့အား သိနားလည်စေတော်မူပြီ”ဟု ဆိုလေ၏။
တစ်ဖန် ယေရှုသည် လူတို့အားမြွက်ဆိုတော်မူ၍“ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မည်သည့်အခါမျှ မှောင်မိုက်၌သွားလာခြင်းမရှိဘဲ အသက်၏အလင်းကိုရရှိမည်”ဟု မိန့်တော်မူ၏။
မောရှေသည် တဲတော်ကိုဆောက်လုပ်မည်ပြုစဉ်က “အလုံးစုံတို့ကို တောင်ပေါ်တွင် သင့်အား ငါပြခဲ့သည့်စံနမူနာအတိုင်းပြုလုပ်ရန် သတိပြုလော့”ဟူသောဗျာဒိတ်တော်ကိုရသည့်နည်းတူ ထိုသူတို့သည် အထက်ကောင်းကင်အရပ်၌ရှိသောအရာများ၏နမူနာပုံရိပ်နှင့်ဆိုင်သောဝတ်ကို ပြုကြ၏။
ငါ၏လက်ယာလက်တွင် သင်မြင်ရသော ကြယ်ခုနစ်လုံးနှင့်ရွှေဆီမီးခုံခုနစ်ခုတို့၏လျှို့ဝှက်နက်နဲသောအဓိပ္ပာယ်မှာ ကြယ်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါး၏စေတမန်များဖြစ်ကြပြီး ဆီမီးခုံခုနစ်ခုသည် အသင်းတော်ခုနစ်ပါးဖြစ်ကြ၏။