အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ခဲ့သောတရားသူကြီးများလက်ထက်မှစ၍ အစ္စရေးဘုရင်များနှင့် ယုဒဘုရင်များလက်ထက်တစ်လျှောက်လုံးတွင် ဤကဲ့သို့သောပသခါပွဲမျိုး တစ်ခါမျှမကျင်းပခဲ့ဖူးချေ။
၂ ရာချုပ် 30:13 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ဒုတိယလတွင် တဆေးမဲ့မုန့်ပွဲတော်ကိုကျင်းပရန် ဂျေရုဆလင်မြို့သို့ လူအမြောက်အမြားစုဝေးလာကြ၍ ဧရာမလူအုပ်ကြီးဖြစ်လေ၏။ Common Language Bible ဒုတိယလ၌များစွာသောလူတို့သည် တဆေးမဲ့မုန့်ပွဲတော်ကျင်းပရန်အတွက် ယေရုရှလင်မြို့တွင်စုဝေးကြ၏။- Garrad Bible ဒု တိ ယ လ၌ တ ဆေး မဲ့ မုန့် ပွဲ ကို ကျင်း ပ ကြ ရန်၊ ယေ ရု ရှ လင် မြို့ သို့ ပ ရိ သတ် အ မြောက် အ မြား ရောက် လာ ကြ ကုန်၏။ Judson Bible ဒုတိယလတွင် အဇုမပွဲကိုခံလိုသောငှာ၊ များစွာသောလူတို့သည် ယေရုရှလင်မြို့၌စည်းဝေးကြ၍၊ အလွန်ကြီးသောပရိသတ် ဖြစ်လေ၏။ |
အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ခဲ့သောတရားသူကြီးများလက်ထက်မှစ၍ အစ္စရေးဘုရင်များနှင့် ယုဒဘုရင်များလက်ထက်တစ်လျှောက်လုံးတွင် ဤကဲ့သို့သောပသခါပွဲမျိုး တစ်ခါမျှမကျင်းပခဲ့ဖူးချေ။
သူတို့သည် ထ၍ဂျေရုဆလင်မြို့ရှိ ယဇ်ပလ္လင်များနှင့် နံ့သာပေါင်းယဇ်ပလ္လင်ရှိသမျှကို ဖြိုချပြီး ကေဒြုန်ချိုင့်ဝှမ်းထဲသို့ ပစ်ချကြ၏။
ဒုတိယလ၊ တစ်ဆယ့်လေးရက်နေ့တွင် ပသခါသိုးသငယ်ကို သတ်ကြ၏။ ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့သည် အရှက်ရ၍ သန့်ရှင်းခြင်းဝတ်ကိုပြုကြ၏။ ထို့နောက် မီးရှို့ရာယဇ်များကို ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်သွားကြ၏။
ရှင်ဘုရင်နှင့်တကွ မှူးမတ်များနှင့် ဂျေရုဆလင်မြို့ရှိလူထုအပေါင်းတို့သည် ဒုတိယလတွင် ပသခါပွဲကို ကျင်းပရန် ဆုံးဖြတ်ကြ၏။
ယောရှိမင်းကြီးသည် ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ဂျေရုဆလင်မြို့တွင် ကျင်းပ၏။ ပထမလ၊ တစ်ဆယ့်လေးရက်တွင် ပသခါသိုးသငယ်ကို သတ်ကြ၏။
သူတို့သည် ခွန်အားတိုးသည်ထက်တိုးလာလျက်၊ သွားကြလျက် ဇိအုန်၌ရှိတော်မူသောဘုရားသခင်ကို ဖူးမြင်ရကြပါလိမ့်မည်။
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သင်တို့ဖြစ်စေ၊ သင်တို့၏မျိုးဆက်ဖြစ်စေ တစ်စုံတစ်ယောက်သည် လူသေအလောင်းကြောင့် မစင်မကြယ်ဖြစ်နေလျှင်လည်းကောင်း၊ ခရီးလွန်နေလျှင်လည်းကောင်း ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ကျင်းပခွင့်ရှိ၏။