၂ ရာချုပ် 10:18 - မြန်မာ့စံမီသမ္မာကျမ်း တစ်နေ့တွင် ရောဗောင်မင်းကြီးသည် ချွေးတပ်အုပ်ဟဒေါရံကိုစေလွှတ်ရာ အစ္စရေးအမျိုးသားတို့သည် သူ့ကို ကျောက်ခဲနှင့်ပေါက်သဖြင့် သူသေလေ၏။ ထိုအခါ ရောဗောင်မင်းကြီးသည် မြင်းရထားပေါ်သို့ အလျင်အမြန်တက်စီးပြီး ဂျေရုဆလင်မြို့သို့ ထွက်ပြေးလေ၏။ Common Language Bible ထိုအခါရောဗောင်မင်းသည်ချွေးတပ်တာဝန် ခံအဒေါနိရံအား ဣသရေလပြည်သူတို့ ထံစေလွှတ်တော်မူ၏။ သို့ရာတွင်ဣသရေလ ပြည်သူတို့ကထိုသူအားခဲနှင့်ပေါက်သတ် ကြသဖြင့် ရောဗောင်သည်မိမိရထားပေါ် သို့အဆောတလျင်တက်၍ယေရုရှလင် မြို့သို့ထွက်ပြေးလေ၏။- Garrad Bible လ မိုင်း ဝန် ဟ ဒေါ ရံ ကို စေ လွှတ် ရာ ဣ သ ရေ လ အ မျိုး သား တို့ ခဲ နှင့် ပစ် သတ် ကြ သည့် အ တွက် ရော ဗောင် မင်း သည် ရ ထား ပေါ် သို့ အ မြန် တက် ၍ ယေ ရု ရှ လင် မြို့ ရောက် ပြန် ပြေး ရ လေ ၏။ Judson Bible ထိုအခါ ရောဗောင်မင်းကြီးသည်၊ အခွန်တော်ဝန် အဒေါနိရံကို စေလွှတ်၍ ဣသရေလအမျိုးသားတို့သည် သူ့ကိုသေအောင် ကျောက်ခဲနှင့်ပစ်ကြ၏။ |
တစ်လလျှင် လူတစ်သောင်းစီကို လက်ဘနွန်တောသို့ စေလွှတ်၏။ သူတို့သည် လက်ဘနွန်တောတွင်တစ်လ၊ ကိုယ့်အိမ်တွင်နှစ်လ နေကြရ၏။ အဒေါနိရံသည် ထိုအလုပ်ကြမ်းသမားတို့ကို ကြီးကြပ်ရ၏။
သို့သော် ယုဒမြို့ရွာများတွင်နေထိုင်သော အစ္စရေးအမျိုးသားတို့ကိုကား ရောဗောင်မင်းကြီးအုပ်စိုးရ၏။
ထိုအခါ သူတို့သည် ဇာခရိကိုသတ်ရန် လျှို့ဝှက်ကြံစည်ကြ၏။ ရှင်ဘုရင်၏အမိန့်တော်ဖြင့် ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်းတွင်ပင် သူ့ကို ကျောက်ခဲနှင့်ပေါက်သတ်ကြ၏။