မိုးလင်းသောအခါ မည်သည့်အရပ်ဒေသဖြစ်သည်ကို မသိသော်လည်း ကမ်းခြေရှိသော ပင်လယ်ကွေ့တစ်ခုကိုမြင်ရ၍ ဖြစ်နိုင်လျှင် ထိုကမ်းခြေပေါ်သို့ သင်္ဘောကိုထိုးတင်ရန် တိုင်ပင်ကြံစည်ကြ၏။
၂ ကော 1:13 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါတို့သည် သင်တို့ဖတ်ရှု၍ နားလည်နိုင်သောအရာတို့မှတစ်ပါး အခြားမည်သည့်အရာကိုမျှ သင်တို့ထံသို့ မရေးခဲ့ကြပေ။ Common Language Bible ယခုငါရေးသားပေးပို့လိုက်သောစာများ တွင် သင်တို့ဖတ်ရှုနားလည်နိုင်သည့်အကြောင်း အရာများသာလျှင်ပါရှိ၏။- Garrad Bible သင် တို့ ဖတ် ကြည့် သိ သာ သော အ ရာ များ ပြင် ငါ တို့ ရေး လိုက် ကြ သည် မ ဟုတ်။ ငါ တို့ အ ရှင် ယေ ရှု၏ နေ့ တော်၌ သင် တို့ သည် ငါ တို့ ဂုဏ် ရောက် ရာ အ ကြောင်း ဖြစ် မည့် နည်း တူ ငါ တို့ လည်း သင် တို့ ဂုဏ် ရောက် ရာ အ ကြောင်း ဖြစ် သည် ဟု အ ချို့ တို့ သိ မှတ် သည့် အ လျောက် အ ဆုံး တိုင် သိ မှတ် ကြ လိမ့် မည် ဟု ငါ မြော် လင့် ၏။ Judson Bible သင်တို့သည်ဖတ်၍ ဝန်ခံသောအရာမှတစ်ပါး၊ အခြားသောအရာကို ငါတို့သည် ရေး၍ ပေးလိုက်သည်မဟုတ်။ သင်တို့သည် သခင်ယေရှုခရစ်၏နေ့၌ ငါတို့၏ ဝါကြွားဝမ်းမြောက်ခြင်းအကြောင်း ဖြစ်သကဲ့သို့၊ ငါတို့သည် သင်တို့၏ ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဖြစ်သည်ဟု သင်တို့သည် ငါတို့ကို အနည်းငယ်အားဖြင့် ဝန်ခံသည်အတိုင်း အစဉ်ဝန်ခံကြလိမ့်မည်ဟု ငါတို့သည် မျှော်လင့်လျက်နေကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် သင်တို့ဖတ်ရှု၍ နားလည်နိုင်သော အကြောင်းအရာများမှအပ အခြားမည်သည့်အကြောင်းအရာကိုမျှ သင်တို့ထံ မရေးခဲ့ကြ။ |
မိုးလင်းသောအခါ မည်သည့်အရပ်ဒေသဖြစ်သည်ကို မသိသော်လည်း ကမ်းခြေရှိသော ပင်လယ်ကွေ့တစ်ခုကိုမြင်ရ၍ ဖြစ်နိုင်လျှင် ထိုကမ်းခြေပေါ်သို့ သင်္ဘောကိုထိုးတင်ရန် တိုင်ပင်ကြံစည်ကြ၏။
ငါတို့သခင်ယေရှုခရစ်တော်၏နေ့ရက်တွင် သင်တို့၌အပြစ်တင်စရာမရှိမည့်အကြောင်း ကိုယ်တော်သည် သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
ငါတို့သည် စုံစမ်းစစ်ဆေးခြင်း၌ကျရှုံးသောသူများမဟုတ်ကြောင်း သင်တို့သိမည်ဟု ငါမျှော်လင့်၏။
ငါတို့သည် ကွယ်ဝှက်ထားသည့် ရှက်ဖွယ်ရာများကိုစွန့်ပယ်၍ ပရိယာယ်၌ကျင်လည်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မလိမ့်တပတ်လုပ်ခြင်းတို့မရှိဘဲ သမ္မာတရားကို အတိအလင်းဖော်ပြခြင်းအားဖြင့် ဘုရားသခင်၏ရှေ့တော်၌ လူအပေါင်းတို့၏အသိစိတ်တွင် မိမိတို့ကိုယ်ကိုထင်ရှားစေကြ၏။
ထို့ကြောင့် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့်ပတ်သက်သည့်အကြောင်းကို ငါတို့သိသဖြင့် လူတို့ကိုစည်းရုံးကြ၏။ ငါတို့အကြောင်းသည် ဘုရားသခင်ရှေ့တော်၌ ထင်ရှားပြီဖြစ်၍ သင်တို့၏အသိစိတ်၌လည်း ထင်ရှားပြီဟု ငါမျှော်လင့်၏။
ထို့ကြောင့် ခရစ်တော်အတွက် ငါတို့၌ရှိသည့် ကောင်းသောအရာအားလုံးတို့ကို သိခြင်းအားဖြင့် သင်၏ယုံကြည်ခြင်းနှင့်ဆိုင်သောမိတ်သဟာယဖွဲ့ခြင်းသည် ထိရောက်မှုရှိသောအရာဖြစ်လာရန် ငါဆုတောင်း၏။