ညီအစ်ကိုတို့၊ ငါတို့၏သခင်ယေရှုခရစ်တော်နှင့် ဝိညာဉ်တော်၏ချစ်ခြင်းမေတ္တာအားဖြင့် သင်တို့အား ငါတောင်းပန်လိုသည်မှာ
၁ သက် 5:25 - မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ ငါတို့အတွက်လည်း ဆုတောင်းပေးကြလော့။ Common Language Bible ညီအစ်ကိုတို့၊ ငါတို့အဖို့လည်းဆုတောင်းကြ လော့။ Garrad Bible ညီ အစ် ကို တို့၊ ငါ တို့ အ ဖို့ ပ ဌ နာ ပြု ကြ လော့။ Judson Bible ညီအစ်ကိုတို့၊ ငါတို့အဖို့ ဆုတောင်းကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့အတွက် ဆုတောင်းပေးကြလော့။ |
ညီအစ်ကိုတို့၊ ငါတို့၏သခင်ယေရှုခရစ်တော်နှင့် ဝိညာဉ်တော်၏ချစ်ခြင်းမေတ္တာအားဖြင့် သင်တို့အား ငါတောင်းပန်လိုသည်မှာ
သင်တို့သည်လည်း ဆုတောင်းခြင်းအားဖြင့် ငါတို့ကိုကူညီဆောင်ရွက်ပေးကြသည်ဖြစ်၍ များစွာသောသူတို့၏ဆုတောင်းခြင်းအားဖြင့် ငါတို့ခံစားရသောဆုကျေးဇူးအတွက် များစွာသောသူတို့သည် ငါတို့ကိုယ်စား ကျေးဇူးတော်ချီးမွမ်းကြလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သင်တို့၏ဆုတောင်းခြင်းများနှင့် ယေရှုခရစ်တော်၏ဝိညာဉ်တော်ထံမှလာသော ကူညီမစခြင်းအားဖြင့် ဤအခြင်းအရာသည် ငါ၏လွတ်မြောက်ရာအကြောင်းဖြစ်မည်ဟု ငါသိ၏။
ဘုရားသခင်သည် နှုတ်ကပတ်တရားအတွက် တံခါးကိုဖွင့်ပေးတော်မူသဖြင့် ခရစ်တော်၏လျှို့ဝှက်နက်နဲသောအရာကို ငါတို့ဟောပြောနိုင်ရန် ငါတို့အတွက်လည်း ဆုတောင်းပေးကြလော့။ ငါသည် ထိုနက်နဲသောအရာကြောင့် ချည်နှောင်ခြင်းခံရ၏။
တစ်ချိန်တည်းမှာပင် ငါ့အတွက် တည်းခိုစရာနေရာကိုလည်း ပြင်ဆင်ထားပါလော့။ အကြောင်းမူကား သင်တို့၏ဆုတောင်းခြင်းအားဖြင့် သင်တို့ထံသို့ရောက်ရှိရသောအခွင့်ကို ပေးတော်မူလိမ့်မည်ဟု ငါမျှော်လင့်နေ၏။