ထို့ကြောင့် အစ္စရေးအမျိုးသားတို့သည် ဗာလဘုရားများ၊ အာရှတရက်ဘုရားများကို ဖယ်ရှား၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။
ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် ဗာလဘုရားနှင့် အာရှတရက်ဘုရားမ တို့၏ရုပ်တုများကိုစွန့်ပစ်ကာ ထာဝရ ဘုရားကိုသာရှိခိုးဝတ်ပြုကြကုန်၏။
အာ ရှ တ ရက် နတ် တို့ ကို စွန့် ပယ် လျက် ထာ ဝ ရ ဘု ရား ကို သာ ဝတ် ပြု ကြ သ တည်း။
ဣသရေလအမျိုးသားတို့သည် ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကိုပယ်၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။
သူတို့သည် ငါ့ကိုစွန့်ပစ်ပြီး ဆီဒုန်နတ်ဘုရားမ အာရှတရက်၊ မောဘဘုရား ခေမုရှ၊ အမ္မုန်ဘုရား မိလကုံ စသည်တို့ကို ကိုးကွယ်ကြပြီ။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီးကဲ့သို့မပြု၊ ငါ့လမ်းသို့မလိုက်။ ငါ၏ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို ငါ့မျက်မှောက်တွင် ဖြောင့်မှန်စွာမပြုကျင့်။
ရှောလမုန်မင်းကြီးသည် ဆီဒုန်လူမျိုးတို့၏အာရှတရက်နတ်ဘုရားမ၊ အမ္မုန်လူမျိုးတို့၏ရွံရှာဖွယ်မိလကုံဘုရားတို့၏နောက်သို့လိုက်လေ၏။
သူတို့သည် ဖမ်းခေါ်သွားခြင်းခံရသော ရန်သူ့ပြည်၌ပင် စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့် ကိုယ်တော့်ထံပြန်လာ၍ သူတို့၏ဘိုးဘေးတို့အား ကိုယ်တော်ပေးသနားတော်မူသောပြည်၊ ကိုယ်တော်ရွေးချယ်တော်မူရာမြို့၊ နာမတော်အဖို့ အကျွန်ုပ်တည်ဆောက်သောအိမ်တော်ဘက်သို့ မျက်နှာမူပြီး ကိုယ်တော့်ထံ ဆုတောင်းကြလျှင်
ဗေသလမြို့ရှိ ယဇ်ပလ္လင်နှင့် အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသောနေဗတ်၏သားယေရောဗောင်မင်းကြီးတည်ထားခဲ့သည့် အထွတ်အမြတ်ထားရာနေရာတို့ကိုလည်း ရှင်ဘုရင်သည် ထိုယဇ်ပလ္လင်နှင့် အထွတ်အမြတ်ထားရာနေရာကိုပါ ဖြိုချပစ်ပြီး မီးရှို့ကာအမှုန့်ချေပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း မီးရှို့ပစ်၏။
အဆီးရီယားပြည်သည် အကျွန်ုပ်တို့ကို မကယ်တင်နိုင်ပါ။ အကျွန်ုပ်တို့သည် မြင်းမစီးတော့ပါ။ ကိုယ့်လက်ဖြင့်လုပ်သောအရာတို့ကို ‘အကျွန်ုပ်တို့၏ဘုရား’ဟု မဆိုတော့ပါ။ အကြောင်းမူကား ကိုယ်တော်သည် ဖတဆိုးတို့ကို သနားစုံမက်တော်မူပါ၏”ဟု လျှောက်ဆိုလော့။
ဧဖရိမ်က ‘ငါသည် ရုပ်တုတို့နှင့် မည်သို့ဆိုင်သေးသနည်း’ဟု ဆိုလိမ့်မည်။ ငါသည် သူ့စကားကိုကြား၍ သူ့ကိုကြည့်ရှုစောင်မမည်။ ငါသည် စိမ်းလန်းသောထင်းရှူးပင်ကဲ့သို့ ဖြစ်၍ သင်တို့သည် ငါ့ထံမှ အသီးကို ရရှိလိမ့်မည်။”
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားမျက်မှောက်တော်တွင် မကောင်းမှုကို ပြုကြ၏။ ဗာလဘုရားကို ဝတ်ပြုကြ၏။
သူတို့သည် ထာဝရဘုရားကို စွန့်၍ ဗာလဘုရားနှင့် အာရှတရက်ဘုရားတို့ကို ဝတ်ပြုကြ၏။
ထိုအခါ ရှမွေလက အစ္စရေးအမျိုးသားအပေါင်းတို့အား “သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့ ထာဝရဘုရားထံတော်သို့ပြန်လာလိုလျှင် သင်တို့တွင်ရှိသောတိုင်းတစ်ပါးသားတို့၏ဘုရားများ၊ အာရှတရက်ဘုရားများကို ဖယ်ရှားရမည်။ ထာဝရဘုရားထံ၌သာ စိတ်အာရုံပြု၍ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်။ သို့ပြုလျှင် သင်တို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်နုတ်တော်မူလိမ့်မည်”ဟု ဆို၏။
ထိုအခါ ရှမွေလက သူတို့အား “အစ္စရေးတစ်မျိုးသားလုံးကို မိဇပါမြို့၌ စုဝေးစေကြလော့။ သင်တို့အဖို့ ထာဝရဘုရားထံ ငါဆုတောင်းပေးမည်”ဟု ဆို၏။