ဖြတ်သန်းသွားလာသောသူတို့သည် မိမိတို့ခေါင်းကိုခါယမ်းလျက် “ဟေ့၊ ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်အတွင်းတည်ဆောက်မည့်သူ၊
၁ ရာ 25:14 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အစေအပါးတို့ထဲမှ ငယ်သားတစ်ဦးက နာဗလ၏မယား အဘိဂဲလအား “ဒါဝိဒ်သည် တောကန္တာရမှ စေတမန်ကိုလွှတ်၍ အကျွန်ုပ်တို့သခင်အား နှုတ်ဆက်သည်ကို အကျွန်ုပ်တို့သခင်သည် သူတို့အား ရိုင်းပြစွာပြောဆိုလိုက်ပါ၏။ Common Language Bible နာဗလ၏အစေခံတစ်ဦးက နာဗလ၏ ဇနီးအဘိဂဲလအား``ဤအကြောင်းကို သခင်မကြားပြီးပါပြီလော။ ဒါဝိဒ်သည် တောကန္တာရမှနေ၍ ကျွန်တော်တို့၏သခင် ထံသို့စေတမန်တို့ကိုလွှတ်ကာနှုတ်ဆက် ပါ၏။ သို့ရာတွင်သခင်ကထိုသူတို့အား စော်ကားမော်ကားပြောဆိုလိုက်ပါ၏။- Garrad Bible နာ ဗ လ မ ယား အ ဘိ ဂဲ လ အား ငယ် သား တစ် ယောက် ပြော ကြား သည် မှာ ကျွန် တော် တို့ သ ခင့် ထံ နှုတ် ဆက် ရန် တော မှ တ မန် တို့ ကို ဒါ ဝိဒ် စေ လွှတ် ရာ၊ Judson Bible လုလင်တစ်ယောက်သည် နာဗလမယားအဘိဂဲလထံသို့သွား၍၊ ဒါဝိဒ်သည် အကျွန်ုပ်တို့သခင်ကို နှုတ်ဆက်အံ့သောငှာ တမန်တို့ကိုတောမှစေလွှတ်၍၊ အကျွန်ုပ်တို့သခင်သည် သူတို့ကိုဆဲပါ၏။ |
ဖြတ်သန်းသွားလာသောသူတို့သည် မိမိတို့ခေါင်းကိုခါယမ်းလျက် “ဟေ့၊ ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်အတွင်းတည်ဆောက်မည့်သူ၊
မီးရှို့ရာယဇ်ကိုပူဇော်ပြီးသည်နှင့် ရှမွေလရောက်လာရာ ရှောလုမင်းကြီးသည် သူနှင့်တွေ့ဆုံနှုတ်ဆက်ရန် ထွက်လာ၏။
ရှမွေလသည် ရှောလုမင်းကြီးထံရောက်သောအခါ ရှောလုမင်းကြီးက “ထာဝရဘုရားသည် အရှင့်ကို ကောင်းချီးပေးတော်မူပါစေသော။ ထာဝရဘုရား၏စကားတော်အတိုင်း အကျွန်ုပ်ဆောင်ရွက်ခဲ့ပါပြီ”ဟု ဆို၏။
သူ့အမည်မှာ နာဗလ၊ သူ့မယားအမည်မှာ အဘိဂဲလဖြစ်၏။ သူ့မယားသည် ဉာဏ်ရည်ထက်မြက်ပြီး ရုပ်ရည်လည်း ချောမောလှပသူဖြစ်၏။ နာဗလမူကား ကာလက်လူမျိုးဖြစ်ပြီး ကြမ်းတမ်းသောသူ၊ စရိုက်ဆိုးသွမ်းသောသူဖြစ်၏။