ဒါဝိဒ်သည် ထွက်ပြေးလွတ်မြောက်သွား၍ ရှမွေလရှိရာ ရာမမြို့သို့ရောက်လာပြီး မိမိအား ရှောလုပြုခဲ့သမျှကို ရှမွေလအား ပြောပြ၏။ ထို့နောက် ရှမွေလနှင့်ဒါဝိဒ်သည် နာယုတ်အရပ်၌ သွားနေကြ၏။
၁ ရာ 19:22 - မြန်မာ့စံမီသမ္မာကျမ်း နောက်ဆုံး ရှောလုမင်းကြီးကိုယ်တိုင် ရာမမြို့သို့သွား၏။ စေခုအရပ်ရှိ ရေတွင်းကြီးအနားသို့ရောက်သောအခါ “ရှမွေလနှင့် ဒါဝိဒ် အဘယ်မှာရှိသနည်း”ဟု မေးလျှင် “ရာမမြို့၊ နာယုတ်အရပ်၌ရှိပါ၏”ဟု လျှောက်ကြ၏။ Common Language Bible ထိုအခါရှောလုသည်မိမိကိုယ်တိုင်ရာမ မြို့သို့ထွက်လာတော်မူ၏။ သူသည်စေခုရေ တွင်းကြီးသို့ရောက်ရှိလာသောအခါ ရှမွေလ နှင့်ဒါဝိဒ်တို့ရှိရာအရပ်ကိုမေးမြန်းစုံစမ်း ရာနာယုတ်ရွာတွင်ရှိနေကြကြောင်းသိရှိ တော်မူ၏။- Garrad Bible ရှော လု မင်း ကိုယ် တိုင် ရာ မ မြို့ သို့ သွား ရာ စေ ခု အ ရပ် ရှိ ရေ ကန် ကြီး သို့ ရောက် သော် ရှ မွေ လ နှင့် ဒါ ဝိဒ် တို့ အ ဘယ် မှာ ရှိ သ နည်း ဟု မေး လျှင် လူ တစ် ယောက်၊ ရာ မ မြို့၊ ကျောင်း တိုက် မှာ ရှိ ပါ သည် ဟု ပြန် လျှောက် သည့် အ တိုင်း၊ Judson Bible ထိုအခါ ကိုယ်တိုင်ရာမမြို့သို့သွား၍၊ စေခုရွာ၌ရှိသော ရေတွင်းကြီးသို့ရောက်သော်၊ ရှမွေလနှင့် ဒါဝိဒ်တို့သည် အဘယ်မှာရှိသနည်းဟု မေးလျှင်၊ ရာမမြို့နယ်၊ နာယုတ်ရွာမှာရှိပါသည်ဟု ကြားလျှောက်လေသော်၊ |
ဒါဝိဒ်သည် ထွက်ပြေးလွတ်မြောက်သွား၍ ရှမွေလရှိရာ ရာမမြို့သို့ရောက်လာပြီး မိမိအား ရှောလုပြုခဲ့သမျှကို ရှမွေလအား ပြောပြ၏။ ထို့နောက် ရှမွေလနှင့်ဒါဝိဒ်သည် နာယုတ်အရပ်၌ သွားနေကြ၏။
ထိုအကြောင်းကို ရှောလုမင်းကြီးကြားသိသောအခါ နောက်ထပ် တမန်တို့ကိုစေလွှတ်ပြန်ရာ ထိုသူတို့သည်လည်း ပရောဖက်ပြုကြ၏။ ရှောလုမင်းကြီးသည် တတိယအကြိမ် တမန်တို့ကိုစေလွှတ်ပြန်ရာ သူတို့သည်လည်း ပရောဖက်ပြုကြ၏။
ထို့ကြောင့် သူသည် ရာမမြို့၊ နာယုတ်အရပ်သို့သွား၏။ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်ရောက်လာသဖြင့် သူသည် ပရောဖက်ပြုလျက် ရာမမြို့၊ နာယုတ်အရပ်ရောက်သည်အထိ သွား၏။