ထိုအခါ အကျွန်ုပ်သည် ခြင်္သေ့၊ ဝက်ဝံတို့ကို လိုက်၍ တိုက်ခိုက်ပြီး ထိုအကောင်တို့၏ပါးစပ်မှ သိုးတို့ကို ကယ်ခဲ့ပါ၏။ ထိုအကောင်က အကျွန်ုပ်ကို ပြန်လည်တိုက်ခိုက်လျှင် ထိုအကောင်၏မုတ်ဆိတ်ကိုဖမ်းဆွဲပြီး ရိုက်သတ်ပါ၏။
အကျွန်ုပ်သည်ထိုသားရဲကိုလိုက်လံတိုက်ခိုက် ကာ သိုးငယ်ကိုကယ်ဆယ်ပါ၏။ အကယ်၍ခြင်္သေ့ သို့မဟုတ်ဝက်ဝံသည် အကျွန်ုပ်ကိုလှည့်၍ကိုက် ခဲ့သော်အကျွန်ုပ်သည်သူ၏လည်မြိုကိုကိုင်၍ ရိုက်သတ်ပါ၏။-
လိုက် လံ ရိုက် နှက်၍ ခံ တွင်း မှ ပင် ဆွဲ ယူ ပါ၏။ ရန် မူ ရာ တွင် လည်း မေး ကို ဆွဲ ကိုင် ရိုက် သတ် ပါ၏။
ကျွန်တော်လိုက်၍ သတ်သဖြင့် သိုးသငယ်ကို သူ့ပါးစပ်ထဲက နုတ်ပါ၏။ ဝံသည် ကျွန်တော်ကို ပြန်၍ကိုက်သောအခါ၊ ဝံ၏မုတ်ဆိတ်ကိုကိုင်၍ ရိုက်သတ်ပါ၏။
ရဲစွမ်းသတ္တိထက်မြက်သော ကပ်ဇေလမြို့မှ စစ်သူရဲမျိုးရိုး ယောယဒ၏သား ဗေနာယသည်လည်း ခြင်္သေ့ကဲ့သို့အားကြီးသောမောဘလူမျိုးနှစ်ဦးကို သုတ်သင်ပစ်ခဲ့၏။ နှင်းကျသောနေ့တစ်နေ့တွင် ခြင်္သေ့တွင်းထဲသို့ဝင်ပြီး ခြင်္သေ့တစ်ကောင်ကို သတ်ခဲ့၏။
သင်သည် ခြင်္သေ့နှင့်မြွေဟောက်အပေါ်နင်းသွား၍ ခြင်္သေ့ပျိုနှင့်မြွေနဂါးကို နင်းချေလိမ့်မည်။
အကျွန်ုပ်၏ဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ ခြင်္သေ့တို့၏နှုတ်ကိုပိတ်ထားသဖြင့် ခြင်္သေ့တို့သည် အကျွန်ုပ်ကို အန္တရာယ်မပြုပါ။ အကျွန်ုပ်သည် ဘုရားသခင်ရှေ့တော်၌ အပြစ်ကင်းကြောင်း ထင်ရှားပါ၏။ အရှင်မင်းကြီးရှေ့တွင်လည်း မည်သည့်ပြစ်မှုမျှ မကျူးလွန်ခဲ့ပါ”ဟု ပြန်လျှောက်လေ၏။
တစ်ဖန် ထာဝရဘုရားက “သိုးထိန်းသည် ခြင်္သေ့ခံတွင်းမှ ခြေနှစ်ချောင်း၊ နားရွက်တစ်ပိုင်းကိုသာ နုတ်ယူနိုင်သကဲ့သို့ ရှမာရိမြို့ခုတင်စွန်း၊ ဒမတ်စကပ်ညောင်စောင်းတွင်ထိုင်သော အစ္စရေးအမျိုးသားတို့သာ ကယ်နုတ်ခြင်းခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
သို့သော် ဒါဝိဒ်က ရှောလုမင်းကြီးအား “အရှင့်အစေအပါးသည် ဖခင်၏သိုးများကို ထိန်းကျောင်းနေစဉ် ခြင်္သေ့၊ ဝက်ဝံတို့သည် လာ၍ သိုးအုပ်ထဲမှ သိုးသငယ်ကို ကိုက်ဆွဲပါ၏။
ထိုသို့ ခြင်္သေ့နှင့် ဝက်ဝံတို့ကို အရှင့်အစေအပါး သတ်ခဲ့ပါ၏။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားနေသည့် အရေဖျားလှီးခြင်းမခံသော ဤဖိလိတ္တိပြည်သားသည်လည်း ထိုအကောင်ထဲမှတစ်ကောင်ကဲ့သို့သာ ဖြစ်ပါသည်”ဟု လျှောက်တင်၏။