သူသည် ကျောက်ဆောင်များကြားတွင် နေထိုင်တတ်၏။ ကျောက်အငူများ၊ လိုဏ်ဂူများတွင် ညအိပ်နားတတ်၏။
၁ ရာ 14:4 - မြန်မာ့စံမီသမ္မာကျမ်း ယောနသန်သည် ဖိလိတ္တိကင်းတပ်သို့ကူးသွားမည့်လမ်းကို ရှာဖွေရာ ထိုလမ်းမှာ တောင်ကြားလမ်းဖြစ်၍ တစ်ဖက်တစ်ချက်စီ၌ ကျောက်ဆောင်ရှိ၏။ တစ်ခုမှာ ဗောဇက် ဟုခေါ်၍ ကျန်တစ်ခုမှာ သေနေ ဟုခေါ်၏။ Common Language Bible မိတ်မတ်တောင်ကြားလမ်း တစ်ဘက်တစ်ချက် တွင် ကျောက်အငူကြီးတစ်ခုစီရှိ၏။ ကျောက် အငူကြီးတစ်ခုမှာဗောဇက်ဟုနာမည် တွင်၏။ ယင်းသည်တောင်ကြားလမ်း၏မြောက် ဘက်တွင်တည်ရှိ၍ မိတ်မတ်မြို့ကိုမျက်နှာ မူလျက်နေ၏။ အခြားကျောက်အငူကြီး မှာသေနေဟုနာမည်တွင်၏။ ယင်းသည်တောင် ကြားလမ်း၏တောင်ဘက်တွင်တည်ရှိ၍ ဂိဗာ မြို့ကိုမျက်နှာမူလျက်နေ၏။ ယောနသန် သည်ဖိလိတ္တိတပ်စခန်းသို့ဝင်ရာ၌ ဤ တောင်ကြားလမ်းကိုဖြတ်သွားရ၏။ Garrad Bible ဖိ လိ တ္တိ ကင်း တပ် ရောက် ယော န သန် စူး စမ်း သော လမ်း ကြား တစ် ဘက် တစ် ချက် တွင် ဗော ဇက် အ မည်၊ သေ နေ အ မည် ရှိ သော ကျောက် တောင် နှစ် လုံး ရှိ၏။ Judson Bible ယောနသန်သည် ဖိလိတ္တိတပ်သို့ သွားစမ်းသော လမ်းကြားမှာ၊ တစ်ဖက်တစ်ချက်၌ ကျောက်ငူရှိ၏။ ကျောက်ငူတစ်ခုသည် ဗောဇက်၊ တစ်ခုသည်သေနေအမည်ရှိ၏။ |
သူသည် ကျောက်ဆောင်များကြားတွင် နေထိုင်တတ်၏။ ကျောက်အငူများ၊ လိုဏ်ဂူများတွင် ညအိပ်နားတတ်၏။
ထိုအချိန်တွင် ဖိလိတ္တိကင်းတပ်သည် မိတ်မတ်မြို့တောင်ကြားလမ်းသို့ ထွက်ခွာသွား၏။
မြောက်ဘက်ရှိကျောက်ဆောင်တစ်ခုမှာ မိတ်မတ်မြို့သို့ မျက်နှာမူ၏။ တောင်ဘက်ရှိကျန်တစ်ခုမှာ ဂေဗမြို့သို့ မျက်နှာမူလျက်ရှိ၏။