အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ရာ 1:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုသို့ ထာဝရဘုရား​ထံ အဆက်မပြတ်​ဆုတောင်း​နေ​စဉ် ဧလိ​သည် သူ့​နှုတ်​ကို ကြည့်​လျက်​နေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဟန္န​သည်​အ​ချိန်​ကြာ​မြင့်​စွာ​ဆိတ်​ဆိတ်​ဆု တောင်း​ပတ္ထ​နာ​ပြု​၏။ ဧ​လိ​သည်​သူ​၏​နှုတ် ကို​ကြည့်​ရှု​လျက်​နေ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဟ န္န သည် ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် တာ ရှည် စွာ ပ ဌ နာ ပြု နေ ရာ စိတ် ဖြင့် သာ မြွက် လျက် အ သံ မ ထွက်၊ နှုတ် ခမ်း လှုပ် သည် ကို ဧ လိ ကြည့် မှတ်၍

အခန်းကိုကြည့်ပါ။

Judson Bible

ဟ​န္န​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြာ​မြင့်​စွာ ဆု​တောင်း​စဉ်၊ ဧ​လိ​သည် သူ၏​နှုတ်​ကို ကြည့်​မှတ်​လေ၏။

အခန်းကိုကြည့်ပါ။



၁ ရာ 1:12
8 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ဘဲ အစဉ်​ဆုတောင်း​ရ​မည့်​အကြောင်း ကိုယ်တော်​သည် ပုံ​ဥပမာ​အားဖြင့် လူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ


အမျိုးမျိုး​သော ဆုတောင်း​ခြင်း​နှင့်​အသနားခံ​ခြင်း​တို့​ဖြင့် အချိန်​ရှိ​သရွေ့ ဝိညာဉ်​တော်​၌​ဆုတောင်း​ကြ​လော့။ ထိုသို့​ပြု​နိုင်​ရန် နိုးနိုးကြားကြား​ရှိ​လျက် ဇွဲ​လုံ့လ​အပြည့်အဝ​ဖြင့် သန့်ရှင်း​သူ​အပေါင်း​တို့​အတွက် အသနားခံ​ကြ​လော့။


ဆုတောင်း​ခြင်း​အမှု​ကို အစဉ်တစိုက်​ပြု​ကြ​လော့။ ထိုသို့​ပြု​ရာ​တွင် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​အားဖြင့် သတိ​ဝီရိယ​ရှိ​ကြ​လော့။


အမြဲမပြတ် ဆုတောင်း​ကြ​လော့​။


သို့ဖြစ်၍ သင်​တို့​သည် ကျန်းမာ​စေ​ခြင်း​ကို​ခံရ​မည့်​အကြောင်း တစ်ဦး​နှင့်​တစ်ဦး မိမိ​၏​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျက် အချင်းချင်း​အတွက် ဆုတောင်း​ကြ​လော့။ ဖြောင့်မတ်​သော​သူ​၏​စိတ်အား​ထက်သန်​သည့်​ဆုတောင်း​ချက်​သည် အလွန်​တန်ခိုး​ပါ​၍ ထိရောက်​မှု​ရှိ​၏။


“​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ ကိုယ်တော့်​ကျွန်မ ခံရ​သော​ဆင်းရဲဒုက္ခ​ကို အကယ်စင်စစ် ကြည့်​တော်မူ​ပါ​။ ကိုယ်တော့်​ကျွန်မ​ကို မ​မေ့လျော့​ဘဲ အောက်မေ့​တော်မူ​ပါ​။ ကိုယ်တော့်​ကျွန်မ​အား သား​ယောက်ျား​ကို​ပေးသနား​တော်မူ​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​သည် သူ့​ဘဝ​တစ်ခုလုံး​ကို ထာဝရဘုရား​ထံ ဆက်ကပ်​အပ်နှံ​ပါ​မည်​။ သူ့​ဆံပင်​ကို​လည်း မ​ရိတ်​ပါ​”​ဟု ကတိသစ္စာ​ပြု​ဆုတောင်း​လေ​၏​။


ဟန္န​သည် စိတ်​ထဲ၌​ဆုတောင်း​နေ​သောကြောင့် နှုတ်ခမ်း​သာ​လှုပ်​ပြီး အသံ​မ​ထွက်​။ ထို့ကြောင့် ဧလိ​က ဟန္န ယစ်မူး​နေ​သည်​ဟု ထင်​၍