၁ ရာချုပ် 3:21 - မြန်မာ့စံမီသမ္မာကျမ်း ဟာနနိယ၏သားများမှာ ပေလတိ၊ ယေရှာယ တို့ဖြစ်ကြ၏။ ယေရှာယ၏သားမှာ ရေဖာယ၊ ရေဖာယ၏သားမှာ အာနန်၊ အာနန်၏သားမှာ ဩဗဒိ၊ ဩဗဒိ၏သားမှာ ရှေခနိ တို့ဖြစ်ကြ၏။ Common Language Bible ဟာနနိတွင်ပေလတိနှင့်ယေရှာယဟူ သောသားတော်နှစ်ပါးရှိ၏။ ယေရှာယ၏ သားသည်ရေဖာယ၊ ရေဖာယ၏သားမှာ အာနန်၊ အာနန်၏သားကားသြဗဒိ၊ သြဗဒိ၏သားသည်ရှေခနိ တည်း။- Garrad Bible ဟာ န နိ သား မြေး များ ကား၊ ပေ လ တိ၊ ယေ ရှာ ယ၊ ရေ ဖာ ယ အ ဆက် အ နွယ်၊ အာ နန့် အ ဆက် အ နွယ်၊ သြ ဗ ဒိ အ ဆက် အ နွယ်၊ ရှေ က နိ အ ဆက် အ နွယ် တို့ တည်း။ Judson Bible ဟာနနိသားကား ပေလတိနှင့် ယေရှာယတည်း။ ယေရှာယသားကား၊ ရေဖာယ၊ ရေဖာယသား အာနန်၊ အာနန်သား ဩဗဒိ၊ ဩဗဒိသားရှေခနိ၊ |
ရှေခနိ၏သားမှာ ရှေမာယ၊ ရှေမာယ၏သားများမှာ ဟတ္တုတ်၊ ဣဂါလ၊ ဗာရိ၊ နာရိ၊ ရှာဖတ် ပေါင်းခြောက်ယောက် ရှိ၏။
သူ့လက်အောက်တွင် ဧဒင်၊ မိညာမိန်၊ ယေရွှာ၊ ရှေမာယ၊ အာမရိ၊ ရှေခနိ တို့ရှိ၏။ သူတို့သည် ယဇ်ပုရောဟိတ်တို့နေသောမြို့ရွာများရှိ မိမိတို့ညီအစ်ကိုတို့ရရှိမည့်ဝေစုကို အဖွဲ့လိုက်ကြီးငယ်မရွေး သစ္စာရှိစွာခွဲဝေပေးရ၏။
ရှေခနိအမျိုး ပါရုတ်သားမြေးမှ ဆင်းသက်လာသောဇာခရိနှင့်အတူ စာရင်းဝင်ယောက်ျားပေါင်း အယောက်တစ်ရာ့ငါးဆယ်၊