ရေမလိ၏သားပေကာမင်းကြီး နန်းစံတစ်ဆယ့်ခုနစ်နှစ်တွင် ယုဒဘုရင်ယောသံမင်းကြီး၏သားတော်အာခတ် နန်းတက်၏။
၁ ရာချုပ် 3:13 - မြန်မာ့စံမီသမ္မာကျမ်း ယောသံ၏သားမှာ အာခတ်၊ အာခတ်၏သားမှာ ဟေဇကိ၊ ဟေဇကိ၏သားမှာ မနာရှေ၊ Garrad Bible ၎င်း သား တော်၊ အာ ခတ် မင်း။ ၎င်း သား တော်၊ ဟေ ဇ ကိ မင်း။ ၎င်း သား တော်၊ မ နာ ရှေ မင်း။ Judson Bible ယောသံသား အာခတ်၊ အာခတ်သား ဟေဇကိ၊ ဟေဇကိသား မနာရှေ၊ |
ရေမလိ၏သားပေကာမင်းကြီး နန်းစံတစ်ဆယ့်ခုနစ်နှစ်တွင် ယုဒဘုရင်ယောသံမင်းကြီး၏သားတော်အာခတ် နန်းတက်၏။
အာခတ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ဘိုးဘေးတို့နှင့်အတူဒါဝိဒ်မြို့တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ဟေဇကိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ဧလာမင်းကြီး၏သားတော် အစ္စရေးဘုရင်ဟောရှေမင်းကြီး နန်းစံသုံးနှစ်တွင် ယုဒဘုရင်အာခတ်မင်းကြီး၏သားတော်ဟေဇကိ နန်းတက်၏။
ဟေဇကိမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ သူ၏သားတော်မနာရှေသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ထိုအမည်နှင့်ရေးမှတ်ထားသောသူတို့သည် ယုဒဘုရင် ဟေဇကိမင်းကြီးလက်ထက်တွင် ထိုနေရာသို့လာ၍ ဟာမအမျိုးတို့နေရာတဲများနှင့် ထိုအရပ်တွင်နေထိုင်ကြသောမဟုနိမ်လူမျိုးတို့ကို တိုက်ခိုက်ဖျက်ဆီးသဖြင့် လုံးလုံးပျက်စီးသွားခဲ့သည်မှာ ယနေ့တိုင်အောင် ဖြစ်၏။ ထိုနေရာတွင် သူတို့၏သိုးများအတွက် စားကျက်မြေရှိသောကြောင့် ထိုနေရာတွင် နေထိုင်ကြ၏။
ဟေဇကိနန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် နှစ်ဆယ့်ကိုးနှစ်စိုးစံ၏။ မယ်တော်ကား ဇာခရိ၏သမီး အဘိယအမည်ရှိ၏။
မနာရှေ နန်းတက်သောအခါ သက်တော်တစ်ဆယ့်နှစ်နှစ်သာရှိပြီး ဂျေရုဆလင်မြို့တွင် ငါးဆယ့်ငါးနှစ်စိုးစံ၏။