ရာခေလသည် သေဆုံး၍ ဗက်လင် ခေါ် ဧဖရတ်မြို့သို့သွားရာလမ်း၌ သူ့ကိုသင်္ဂြိုဟ်လေ၏။
၁ ရာချုပ် 2:51 - မြန်မာ့စံမီသမ္မာကျမ်း ဗက်လင်၏ဖခင်စာလမာ၊ ဗက်ဂါဒါ၏ဖခင်ဟာရပ် တို့ဖြစ်ကြ၏။ Common Language Bible ရှောဗာလ၏ဒုတိယသားစလမသည် ဗက်လင်မြို့ကိုတည်ထောင်၍ သူ၏တတိယ သားဟာရပ်မူကားဗက်ဂါဒါမြို့ကိုတည် ထောင်သတည်း။ Garrad Bible ဗက် လင့် အ ဘ စာ လ မ၊ ဗက် ဂါ ဒါ့ အ ဘ ဟာ ရပ် တို့ တည်း။ Judson Bible ဗက်လင်အဘ စလမ၊ ဗက်ဂါဒါအဘ ဟာရပ်တည်း။ |
ရာခေလသည် သေဆုံး၍ ဗက်လင် ခေါ် ဧဖရတ်မြို့သို့သွားရာလမ်း၌ သူ့ကိုသင်္ဂြိုဟ်လေ၏။
ဤသူတို့ကား ကာလက်၏သားမြေးများ ဖြစ်ကြ၏။ ဧဖရတ်၏သားဦးဟုရ၏သားများကား ကိရယတ်ယာရိမ်၏ဖခင်ရှောဗလ၊
ကိရယတ်ယာရိမ်၏ဖခင်ရှောဗလ၏သားမြေးများမှာ ဟာရောလူမျိုးနှင့်မနဟေသိလူမျိုးတစ်ဝက်ဖြစ်၏။
ပေနွေလသည် ဂေဒေါ်၏ဖခင်၊ ဧဇာသည် ဟုရှ၏ဖခင် ဖြစ်၏။ ဤသူတို့သည် ဗက်လင်၏ဖခင်၊ ဧဖရတ်၏သားဦး ဟုရ၏သားမြေးများ ဖြစ်ကြ၏။
ဟေရုဒ်မင်းကြီးလက်ထက်တွင် ယုဒပြည်၊ ဗက်လင်မြို့၌ ယေရှုဖွားမြင်ခြင်းကိုခံတော်မူပြီးနောက် အရှေ့ပြည်မှ နက္ခတ်ပညာရှင်တို့သည် ဂျေရုဆလင်မြို့သို့ ရောက်လာကြ၍
‘အို ယုဒပြည်၊ ဗက်လင်မြို့၊ သင်သည် ယုဒပြည်ကိုအုပ်ချုပ်သောမြို့တို့တွင် အသေးသိမ်ဆုံးမဟုတ်။ အကြောင်းမူကား ငါ၏လူမျိုးတော်အစ္စရေးကို အုပ်ထိန်းမည့်ခေါင်းဆောင်တစ်ဦးသည် သင့်အထဲမှပေါ်ထွန်းလိမ့်မည်’ဟူ၍ ပရောဖက်က ရေးထားသောကြောင့်ဖြစ်သည်”ဟု လျှောက်ထားကြ၏။
ခရစ်တော်သည် ဒါဝိဒ်၏အမျိုးအနွယ်မှလည်းကောင်း၊ ဒါဝိဒ်နေခဲ့ရာဗက်လင်ရွာမှလည်းကောင်း ပေါ်ထွန်းမည်ဟူ၍ ကျမ်းစာကဆိုထားသည်မဟုတ်လော”ဟု ဆိုကြ၏။
တရားသူကြီးတို့ အုပ်စိုးသည့်ကာလတွင် အစ္စရေးပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်သဖြင့် ယုဒပြည်၊ ဗက်လင်မြို့သားတစ်ဦးသည် မိမိ၏မယား၊ မိမိသားနှစ်ယောက်နှင့်အတူ မောဘပြည်သို့ သွားရောက်ခိုလှုံနေထိုင်၏။
သူတို့နှစ်ယောက် ဗက်လင်မြို့သို့ ခရီးဆက်လာခဲ့ကြ၏။ ဗက်လင်မြို့သို့ရောက်သောအခါ သူတို့ကိုမြင်သည်နှင့် တစ်မြို့လုံး ပွက်လောရိုက်သွားလေ၏။ အမျိုးသမီးတို့က “ဤသူကား နောမိလော”ဟု မေးမြန်းကြ၏။
ထိုစဉ် ဗောဇသည် ဗက်လင်မြို့မှ ရောက်လာ၍ ကောက်ရိတ်သမားတို့အား “ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိပါစေသော”ဟု နှုတ်ဆက်လျှင် သူတို့ကလည်း “ထာဝရဘုရားသည် သခင့်ကို ကောင်းချီးပေးတော်မူပါစေသော”ဟု ပြန်နှုတ်ဆက်ကြ၏။
မြို့တံခါးဝရှိလူအပေါင်းတို့နှင့် သက်ကြီးဝါကြီးတို့က “ငါတို့သည် သက်သေများဖြစ်ကြသည် မှန်ပါ၏။ အစ္စရေးမျိုးနွယ်ကိုဖြစ်တည်လာစေသူနှစ်ဦးဖြစ်သည့် ရာခေလနှင့်လေအာကို ထာဝရဘုရား ကောင်းချီးပေးတော်မူသကဲ့သို့ သင့်အိမ်သူဖြစ်လာမည့်အမျိုးသမီးကိုလည်း ကောင်းချီးပေးပါစေသော။ သင်သည် ဧဖရတ်မြို့၌ ဥစ္စာပစ္စည်းတိုးပွား၍ ဗက်လင်မြို့မှာ ကျော်ကြားပါစေသော။