သင်၏အမည်ကို နောက်တစ်ဖန် အာဗြံဟုမခေါ်ရ။ သင်၏အမည်သည် အာဗြဟံဖြစ်ရမည်။ အကြောင်းမူကား ငါသည် သင့်ကို များစွာသောလူမျိုးတို့၏ဖခင်ဖြစ်စေပြီ။
၁ ရာချုပ် 1:27 - မြန်မာ့စံမီသမ္မာကျမ်း အာဗြံ ဟုခေါ်သော အာဗြဟံ။ Garrad Bible စေ ရောက်၊ နာ ခေါ်၊ တေ ရ၊ အာ ဗြ ဟံ တည်း ဟူ သော အ ဗြံ တို့ တည်း။ Judson Bible အာဗြဟံအမည်ရှိသော အာဗြံတည်း။ |
သင်၏အမည်ကို နောက်တစ်ဖန် အာဗြံဟုမခေါ်ရ။ သင်၏အမည်သည် အာဗြဟံဖြစ်ရမည်။ အကြောင်းမူကား ငါသည် သင့်ကို များစွာသောလူမျိုးတို့၏ဖခင်ဖြစ်စေပြီ။
အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အာဗြံကိုရွေးကောက်တော်မူ၍ သူ့ကို ခါလဒဲပြည် ဥရမြို့မှထုတ်ဆောင်ခဲ့ပြီး အာဗြဟံဟူသောအမည်ကိုပေးတော်မူ၏။
ထိုအခါ ယောရှုက လူအပေါင်းတို့အား “အစ္စရေး၏ဘုရားသခင်ထာဝရဘုရားက ‘အာဗြဟံနှင့် နာခေါ်တို့၏ဖခင် တေရ မှစ၍ သင်တို့၏ဘိုးဘေးတို့သည် ရှေးယခင်က ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌နေထိုင်၍ အခြားဘုရားများကိုဝတ်ပြုခဲ့ကြ၏။