ရုတ်တရက်ကျရောက်တတ်သော ကြောက်မက်ဖွယ်ဘေးကိုလည်းကောင်း၊ ဆိုးယုတ်သောသူတို့အပေါ်ကျရောက်တတ်သော ဖျက်ဆီးခြင်းဘေးကိုလည်းကောင်း ကြောက်ရွံ့ခြင်းမရှိနှင့်။
၁ ပေ 3:14 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဖြောင့်မတ်ခြင်းကြောင့် ဒုက္ခဝေဒနာခံစားခဲ့ရလျှင်ပင် သင်တို့သည် မင်္ဂလာရှိကြ၏။ သူတို့၏ခြိမ်းခြောက်မှုကြောင့် ကြောက်ရွံ့ခြင်းနှင့်တုန်လှုပ်ချောက်ချားခြင်းမရှိဘဲ Common Language Bible သို့ရာတွင်အကယ်၍သင်တို့သည်အမှန်တရား ကိုကျင့်သုံးမှုကြောင့်ဒုက္ခဆင်းရဲခံရသော်မင်္ဂ လာရှိကြ၏။ မည်သူအားမျှမကြောက်ကြနှင့်။ မစိုးရိမ်ကြနှင့်။- Garrad Bible အ ကယ်၍ ဖြောင့် မတ် ခြင်း အ တွက် ဒု က္ခ ခံ ရ လျှင် မင်္ဂ လာ ရှိ၏။ ချင်း တို့ ကြောက် ရွံ့ ရာ ကို ကြောက် ရွံ့ ထိတ် လန့် ခြင်း မ ရှိ ဘဲ Judson Bible ဖြောင့်မတ်ခြင်းတရားကြောင့် ဆင်းရဲခံရလျှင်မူကား၊ မင်္ဂလာရှိကြ၏။ သူတို့၏ခြိမ်းခြောက်ခြင်းကို မကြောက်ကြနှင့်၊ မထိတ်လန့်ကြနှင့်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖြောင့်မတ်စွာ ပြုမူခြင်းအတွက် ဆင်းရဲဒုက္ခခံစားရလျှင်ပင် သင်တို့သည် မင်္ဂလာရှိကြ၏။ လူတို့၏ ခြိမ်းခြောက်မှုကို မကြောက်ကြနှင့်။ မထိတ်လန့်ကြနှင့်။ |
ရုတ်တရက်ကျရောက်တတ်သော ကြောက်မက်ဖွယ်ဘေးကိုလည်းကောင်း၊ ဆိုးယုတ်သောသူတို့အပေါ်ကျရောက်တတ်သော ဖျက်ဆီးခြင်းဘေးကိုလည်းကောင်း ကြောက်ရွံ့ခြင်းမရှိနှင့်။
ထာဝရဘုရားက “ငါသာလျှင် သင်တို့ကိုနှစ်သိမ့်ပေးသောသူဖြစ်၏။ သေမျိုးဖြစ်သောလူ၊ မြက်ပင်ကဲ့သို့ဖြစ်သည့်လူသားကို သင်အဘယ်ကြောင့်ကြောက်ရွံ့သနည်း။
သူတို့ကို မကြောက်နှင့်။ ငါသည် သင့်ကိုကယ်နုတ်ရန် သင်နှင့်အတူရှိ၏”ဟု မိန့်တော်မူပြီးလျှင်
အို ထာဝရဘုရား၊ ကိုယ်တော်သိတော်မူပါ၏။ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ အကျွန်ုပ်ကိုအကြည့်အရှုကြွလာတော်မူပါ။ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲသူတို့အား လက်တုံ့ပြန်ပေးတော်မူပါ။ ကိုယ်တော်သည် စိတ်ရှည်သည်းခံတော်မူသည်ဖြစ်၍ အကျွန်ုပ်ကို အဝေးသို့မနှင်လိုက်ပါနှင့်။ ကိုယ်တော်ကြောင့် အကျွန်ုပ်ကဲ့ရဲ့ပြစ်တင်ခြင်းခံရကြောင်းကို သိမှတ်တော်မူပါ။
ကျောက်ချွန်ထက်မာသောစိန်ကဲ့သို့ သင့်ကို ခေါင်းမာစေမည်။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သော်လည်း သူတို့ကို မကြောက်နှင့်။ သူတို့မျက်နှာထားကြောင့် မထိတ်လန့်နှင့်”ဟု ငါ့အား မိန့်ဆို၏။
ကိုယ်ခန္ဓာကိုသတ်၍ အသက်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်အသက်ဝိညာဉ်နှစ်မျိုးစလုံးကို ငရဲ၌ဖျက်ဆီးနိုင်သောအရှင်ကိုသာ ကြောက်ကြလော့။
ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာကလေးများစွာတို့ထက် အဖိုးထိုက်ကြ၏။
မိမိအသက်ကိုတွေ့ရှိသောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ ငါ့အတွက် မိမိအသက်ကို အဆုံးရှုံးခံသောသူမူကား အသက်ကိုတွေ့ရှိလိမ့်မည်။
အကြောင်းမှာ မိမိအသက်ကိုကယ်တင်လိုသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ ငါ့အတွက် မိမိအသက်ကိုဆုံးရှုံးရသောသူမူကား အသက်ကိုတွေ့ရှိလိမ့်မည်။
ငါ၏နာမကြောင့် အိမ်ကိုဖြစ်စေ၊ ညီအစ်ကိုမောင်နှမများကိုဖြစ်စေ၊ အဖကိုဖြစ်စေ၊ အမိကိုဖြစ်စေ၊ သားသမီးများကိုဖြစ်စေ၊ မြေယာများကိုဖြစ်စေ စွန့်သောသူတိုင်းသည် အဆတစ်ရာသောအကျိုးကိုခံစားရလျက် ထာဝရအသက်ကိုအမွေဆက်ခံရလိမ့်မည်။
ယေရှုက“သင်တို့အား ငါအမှန်ဆိုမည်။ မည်သူမဆို ငါ့အတွက်နှင့် ကောင်းမြတ်သောသတင်းအတွက် အိမ်ကိုဖြစ်စေ၊ ညီအစ်ကိုမောင်နှမများကိုဖြစ်စေ၊ အမိကိုဖြစ်စေ၊ အဖကိုဖြစ်စေ၊ သားသမီးများကိုဖြစ်စေ၊ မြေယာများကိုဖြစ်စေ စွန့်လျှင်
အကြောင်းမှာ မိမိအသက်ကိုကယ်တင်လိုသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ ငါနှင့်ကောင်းမြတ်သောသတင်းအတွက် မိမိအသက်ကို ဆုံးရှုံးရသောသူမူကား မိမိအသက်ကိုကယ်တင်လိမ့်မည်။
သင်တို့စိတ်ပူပန်ခြင်းမရှိကြနှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ကိုလည်းယုံကြည်ကြလော့။
ငါသည် ငြိမ်သက်ခြင်းကို သင်တို့၌ထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ ဤလောကပေးသည့်အတိုင်း သင်တို့အား ငါပေးသည်မဟုတ်။ သင်တို့စိတ်ပူပန်ခြင်းမရှိကြနှင့်။ ကြောက်ရွံ့ခြင်းလည်းမရှိကြနှင့်။
သူသည် ငါ၏နာမအတွက် မည်မျှ ဒုက္ခဝေဒနာခံစားရမည်ကို သူ့အား ငါပြသမည်”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ ခရစ်တော်ကြောင့် ငါခံရသော အားနည်းခြင်း၊ စော်ကားခြင်း၊ ခက်ခဲကျပ်တည်းခြင်း၊ ညှဉ်းဆဲခြင်းနှင့် နာကျင်ခြင်းဝေဒနာတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား ငါသည် အားနည်းသောအခါ တန်ခိုးနှင့်ပြည့်စုံလျက်ရှိ၏။
အကြောင်းမူကား ခရစ်တော်အတွက် ကိုယ်တော်ကိုယုံကြည်ခြင်းသာမဟုတ်ဘဲ ကိုယ်တော်အတွက် ဒုက္ခဝေဒနာခံစားခြင်းအခွင့်ကိုလည်း သင်တို့အား ပေးအပ်ထားသည်ဖြစ်၍
စုံစမ်းနှောင့်ယှက်ခြင်းကိုသည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား စုံစမ်းစစ်ဆေးခြင်းကိုအောင်မြင်သောအခါ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။
သည်းခံသောသူတို့သည် မင်္ဂလာရှိ၏ဟု ငါတို့ယူဆကြ၏။ ယောဘ၏သည်းခံခြင်းကို သင်တို့ကြားရကြပြီ။ နောက်ဆုံးတွင် ထာဝရဘုရားပြုတော်မူသောအမှုအားဖြင့် ကိုယ်တော်သည် အလွန်ကြင်နာတတ်၍ ကရုဏာနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်ကြောင်းကိုလည်း သင်တို့တွေ့မြင်ရကြ၏။
သင်တို့သည်လည်း မည်သည့်ခြောက်လှန့်မှုကိုမျှမကြောက်ရွံ့ဘဲ ကောင်းသောအမှုကိုပြုလျှင် စာရာ၏သားသမီးများဖြစ်ကြ၏။