ထိုအခါ စာတန်က ထာဝရဘုရားအား “အရေပြားအဖို့ အရေပြားဆိုသကဲ့သို့ပင် လူသည် မိမိအသက်အဖို့ အရာအားလုံးကိုပင် ပေးဆပ်နိုင်မည်သာဖြစ်ပါ၏။
၁ ပေ 3:10 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား အသက်ရှင်ခြင်းကိုနှစ်သက်၍ ကောင်းသောနေ့ရက်တို့ကို တွေ့မြင်လိုသောသူသည် မိမိလျှာကိုချုပ်တည်း၍ မကောင်းသောစကားနှင့်ကင်းလွတ်စေ။ မိမိနှုတ်ကိုလည်းချုပ်တည်း၍ မုသားမပြောမိစေနှင့်။ Common Language Bible အောက်ပါကျမ်းစာတော်အရဖော်ပြသည် နှင့်အညီဖြစ်သည်။ ``မိမိဘဝကိုချစ်မြတ်နိုး၍စီးပွားချမ်း သာကို အလိုရှိသူသည်၊ မိမိ၏လျှာကိုမညစ်ညမ်းစေရန်ထိန်းသိမ်း ရမည်။ မိမိနှုတ်ကိုလည်းလိမ်လည်လှည့်ဖြားမှုနှင့် ကင်းစေရမည်။ Garrad Bible ထို အ တိုင်း အ သက် ကို နှစ် သက်၍ ကောင်း စား သော နေ့ ရက် များ ကို တွေ့ မြင် လို သူ သည် ကိုယ့် လျှာ ကို မ ကောင်း သော အ ရာ မှ လည်း ကောင်း၊ ကိုယ် နှုတ် ကို ပ ရိ ယာယ် ပြော ဆို ခြင်း မှ လည်း ကောင်း၊ စောင့် ရှောက် စေ။ Judson Bible အသက်ကို မွေ့လျော်စေ၍၊ ကောင်းမွန်သော နေ့ရက်တို့ကို တွေ့မြင်ခြင်းငှာ အလိုရှိသောသူသည်၊ မိမိလျှာကို မကောင်းသောအရာနှင့် ကင်းလွတ်စေ။ မိမိနှုတ်ခမ်းလည်း မုသားစကားကို မပြောစေနှင့်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျမ်းစာ၌ “အသက်ရှင်ရသည်ကို နှစ်သက်၍ နေ့ရက်တို့ကို ပျော်ရွှင်စွာ ဖြတ်သန်းလိုသောသူသည် မိမိလျှာကို မကောင်းသောစကားနှင့် ကင်းစေရမည်။ မိမိနှုတ်ကိုလည်း မုသားစကား ပြောမထွက်စေရ။ |
ထိုအခါ စာတန်က ထာဝရဘုရားအား “အရေပြားအဖို့ အရေပြားဆိုသကဲ့သို့ပင် လူသည် မိမိအသက်အဖို့ အရာအားလုံးကိုပင် ပေးဆပ်နိုင်မည်သာဖြစ်ပါ၏။
ငါ့ဝိညာဉ်ကို သေတွင်းသို့မရောက်အောင် ရွေးနုတ်တော်မူ၏။ ငါ့အသက်သည်လည်း အလင်းကို တွေ့မြင်ခွင့်ရ၏’ဟု ဆိုလိမ့်မည်။
ငါ၏နေ့ရက်တို့သည် အပြေးသမားထက်ပင် လျင်မြန်၏။ မည်သည့်ကောင်းကျိုးချမ်းသာကိုမျှမတွေ့မမြင်ရဘဲ ကုန်လွန်သွားကြ၏။
အကယ်စင်စစ် အသက်ရှင်သောသူတို့၏ပြည်၌ ထာဝရဘုရား၏ကောင်းမြတ်ခြင်းကို တွေ့မြင်ရမည်ဟု ငါယုံကြည်စိတ်ချ၏။
သို့သော် သူသည် မိမိဘိုးဘေးတို့၏မျိုးဆက်ရှိရာအရပ်တည်းဟူသော အလင်းကိုမည်သည့်အခါမျှမမြင်ရသည့်အရပ်သို့ ရောက်သွားလိမ့်မည်။
ဉာဏ်ပညာသည် ၎င်းကိုဆုပ်ကိုင်ထားသော သူတို့အတွက် အသက်ပင်သဖွယ်ဖြစ်၏။ ၎င်းကိုစွဲကိုင်ထားသောသူတို့သည် မင်္ဂလာရှိကြ၏။
အကြောင်းမူကား ၎င်းတို့သည် အသက်ရှည်ခြင်း၊ အသက်တာ၏နှစ်ကာလနှင့် ငြိမ်းချမ်းမှုကို သင်၌ ထပ်ဖြည့်ပေးလိမ့်မည်။
အကြောင်းမူကား ထိုစကားတို့သည် ၎င်းတို့ကိုတွေ့ရှိသောသူတို့အတွက် အသက်ဖြစ်ပြီး သူတို့၏ကိုယ်ခန္ဓာတစ်ခုလုံးကို ကျန်းမာစေတတ်၏။
အကြောင်းမူကား ငါ့ကိုတွေ့သောသူသည် အသက်ကိုတွေ့၍ ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကိုခံစားရ၏။
လူသားတို့သည် မိမိတို့၏အနည်းငယ်သော အသက်တာနေ့ရက်များ၌ မိုးကောင်းကင်အောက်တွင် မည်သည့်အရာပြုကောင်းသည်ကို ငါမြင်ရသည်အထိ ငါ့စိတ်နှလုံးကို ဉာဏ်ပညာဖြင့်ဦးဆောင်ရင်း မိုက်မဲသောအမှု၌ကျင်လည်၍ ငါ့ကိုယ်ခန္ဓာကိုစပျစ်ဝိုင်ဖြင့်အားတက်စေမည်ဟု ငါ့စိတ်နှလုံးထဲတွင် ငါကြံစည်၏။
ကိုယ်တော်ကလည်း“ကောင်းမြတ်သောအမှုနှင့်ပတ်သက်၍ အဘယ်ကြောင့် ငါ့ကိုမေးသနည်း။ ကောင်းမြတ်သောအရှင်တစ်ပါးတည်းသာရှိတော်မူ၏။ သင်သည် အသက်ရှင်ခြင်းသို့ဝင်စားလိုလျှင် ပညတ်တော်တို့ကို စောင့်ထိန်းလော့”ဟု မိန့်တော်မူ၏။
အကြောင်းမှာ မိမိအသက်ကိုကယ်တင်လိုသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ ငါနှင့်ကောင်းမြတ်သောသတင်းအတွက် မိမိအသက်ကို ဆုံးရှုံးရသောသူမူကား မိမိအသက်ကိုကယ်တင်လိမ့်မည်။
ယေရှုသည် မိမိထံသို့ နာသနေလလာနေသည်ကိုမြင်လျှင်“ကြည့်လော့။ စစ်မှန်သောအစ္စရေးအမျိုးသားပေတည်း။ သူ၌စဉ်းလဲခြင်းမရှိ”ဟု သူ့ကိုရည်ညွှန်း၍ မိန့်တော်မူ၏။
မိမိအသက်ကိုတွယ်တာသောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကိုမုန်းသောသူမူကား ထိုအသက်ကို ထာဝရအသက်အတွက် စောင့်ရှောက်လိမ့်မည်။
ဤတရားစကားသည် သင်တို့အဖို့ အချည်းနှီးစကားမဟုတ်။ သင်တို့၏အသက်ဖြစ်၏။ ဤတရားစကားကို စောင့်ထိန်းခြင်းဖြင့် သင်တို့သည် ဂျော်ဒန်မြစ်ကိုကူး၍ သိမ်းပိုက်မည့်ပြည်၌ အသက်ရှည်ရှည်နေထိုင်ရမည်ဖြစ်၏”ဟု ဆိုလေ၏။
တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို ဘာသာတရားကိုင်းရှိုင်းသူဖြစ်သည်ဟု ထင်မှတ်သော်လည်း မိမိလျှာကိုမချုပ်တည်းဘဲ မိမိစိတ်နှလုံးကိုလှည့်ဖြားလျှင် ထိုသူ၏ဘာသာတရားကိုင်းရှိုင်းမှုသည် အချည်းနှီးဖြစ်၏။
ထို့ကြောင့် မကောင်းမှုအမျိုးမျိုးနှင့်တကွ ရှိသမျှသောစဉ်းလဲခြင်း၊ သူတော်ကောင်းယောင်ဆောင်ခြင်း၊ မလိုမုန်းထားခြင်းနှင့် ပုတ်ခတ်ပြောဆိုခြင်းအလုံးစုံတို့ကို ဖယ်ရှားကြလော့။
သူတို့၏နှုတ်၌ မုသားမရှိ။ သူတို့သည် အပြစ်အနာအဆာကင်းသောသူများဖြစ်ကြ၏။