အချင်းလူသား၊ အစ္စရေးအမျိုးအနွယ်တို့အား ‘သင်တို့က ငါတို့လွန်ကျူးသောအပြစ်ဒုစရိုက်များကြောင့် ဝန်ပိလျက်၊ ခွန်အားယုတ်လျော့လျက်နေသည်ဖြစ်၍ မည်သို့အသက်ရှင်နိုင်မည်နည်းဟူ၍ ဆိုတတ်ကြသည်’ဟု ဆင့်ဆိုလော့။
၁ ကော 15:17 - မြန်မာ့စံမီသမ္မာကျမ်း ခရစ်တော်သည် ထမြောက်တော်မမူခဲ့လျှင် သင်တို့၏ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်၍ သင်တို့သည် မိမိတို့အပြစ်များထဲ၌ရှိနေကြသေး၏။ Common Language Bible ခရစ်တော်သည်ရှင်ပြန်ထမြောက်တော်မမူ လျှင်သင်တို့၏ယုံကြည်မှုသည်လွဲမှားလျက် သင်တို့သည်လည်းအပြစ်ဒုစရိုက်တွင်နစ် မွန်းလျက်ရှိနေကြသေးမည်။- Garrad Bible ခ ရစ် တော် ရှင် ပြန် ထ မြောက် တော် မူ ပြီး မ ဟုတ် ခဲ့ လျှင် ယုံ ကြည် ခြင်း အ ချည်း နှီး ဖြစ် လျက် သင် တို့ သည် ကိုယ့် အ ပြစ်၌ နေ သေး သည့် ပြင်၊ Judson Bible ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက်အပြစ်အောက်၌ ရှိကြသေး၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော်သည် ရှင်ပြန်ထမြောက်တော်မမူခဲ့လျှင် သင်တို့၏ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်၍ သင်တို့သည်လည်း အပြစ်၌ နစ်မွန်းလျက်ပင် ရှိနေကြဦးမည်ဖြစ်၏။ |
အချင်းလူသား၊ အစ္စရေးအမျိုးအနွယ်တို့အား ‘သင်တို့က ငါတို့လွန်ကျူးသောအပြစ်ဒုစရိုက်များကြောင့် ဝန်ပိလျက်၊ ခွန်အားယုတ်လျော့လျက်နေသည်ဖြစ်၍ မည်သို့အသက်ရှင်နိုင်မည်နည်းဟူ၍ ဆိုတတ်ကြသည်’ဟု ဆင့်ဆိုလော့။
ဘုရားသခင်သည် အစ္စရေးလူမျိုးတို့အား နောင်တရခြင်းနှင့်အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကို ပေးသနားတော်မူရန် ထိုအရှင်ကို စိုးပိုင်သောအရှင်နှင့် ကယ်တင်ရှင်အဖြစ် မိမိလက်ယာတော်ဘက်၌ ချီးမြှောက်တော်မူ၏။
သခင်ယေရှုသည် ငါတို့ကျူးလွန်သောအပြစ်များအတွက် အပ်နှံခြင်းကိုခံရပြီး ငါတို့ဖြောင့်မတ်သည်ဟု အသိအမှတ်ပြုခြင်းခံရရန်အတွက် ထမြောက်တော်မူ၏။
အကြောင်းမူကား ရန်သူဖြစ်လျက်ပင် သားတော်၏အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်ခြင်းအခွင့်ကိုရရှိခဲ့လျှင် ပြန်လည်သင့်မြတ်ခြင်းအခွင့်ကိုရရှိပြီးသောငါတို့သည် သားတော်၏အသက်တော်အားဖြင့် ပို၍ပင် ကယ်တင်ခြင်းခံရလိမ့်မည်။
ခရစ်တော်သည် ထမြောက်တော်မမူခဲ့လျှင် ငါတို့၏ဟောပြောခြင်းသည် အချည်းနှီးဖြစ်ပြီး သင်တို့၏ယုံကြည်ခြင်းသည်လည်း အချည်းနှီးဖြစ်၏။
အကြောင်းမူကား သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင် ခရစ်တော်သည်လည်း ထမြောက်တော်မူခဲ့မည်မဟုတ်။
သင်တို့သည် ထိုသတင်းကို အကြောင်းမဲ့မယုံကြည်ဘဲ သင်တို့အား ငါဟောပြောခဲ့သောတရားစကားကို စွဲကိုင်ထားလျှင် ၎င်းအားဖြင့် ကယ်တင်ခြင်းကိုလည်းခံရကြ၏။
ကိုယ်တော်အား သေသောသူတို့ထဲမှ ထမြောက်စေ၍ ဘုန်းအသရေပေးတော်မူသောဘုရားသခင်ကို ကိုယ်တော်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍ သင်တို့၏ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းတို့သည် ဘုရားသခင်ထဲ၌တည်ရှိကြ၏။
ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသောဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ ကိုယ်တော်သည် မိမိ၏ကြီးမြတ်သောကရုဏာတော်နှင့်အညီ ယေရှုခရစ်တော်၏သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ငါတို့ကို အသက်ရှင်သောမျှော်လင့်ခြင်းထဲသို့လည်းကောင်း၊