ထိုလူလင်မယားနှစ်ဦးစလုံးတို့သည် အဝတ်မပါအချည်းစည်းနေကြသော်လည်း ရှက်ကြောက်ခြင်းမရှိကြပေ။
၁ ကော 12:24 - မြန်မာ့စံမီသမ္မာကျမ်း အမြင်တင့်တယ်သော အင်္ဂါအစိတ်အပိုင်းများမူကား ထိုသို့ပြုရန်မလိုအပ်ပေ။ သို့သော် ဘုရားသခင်သည် ဂုဏ်ငယ်သော အင်္ဂါအစိတ်အပိုင်းများအား သာ၍ကြီးသောဂုဏ်သရေကိုပေး၍ ကိုယ်ခန္ဓာကို ပေါင်းစပ်ဖွဲ့စည်းတော်မူ၏။ Common Language Bible တင့်တယ်ပြီးဖြစ်သည့်အင်္ဂါအစိတ်အပိုင်း များကိုမူကားမွမ်းမံနေစရာမလို။ ဂုဏ် အသရေလိုသည့်အင်္ဂါအစိတ်အပိုင်းတို့ ကိုပို၍ဂုဏ်အသရေရှိစေရန်ဘုရား သခင်ကိုယ်တော်တိုင်ကိုယ်ခန္ဓာကိုစေ့စပ် ပြုပြင်ထားတော်မူ၏။- Garrad Bible ဘု ရား သ ခင် လည်း ကိုယ် ခ န္ဓာ တွင် ကွဲ ပြား ခြင်း မ ရှိ ဘဲ အင်္ဂါ များ အ ချင်း ချင်း ကြောင့် ကြ စေ ရန် ယုတ် သော အင်္ဂါ များ အား အ သ ရေ ထူး ပေး လျက် ကိုယ် ခ န္ဓာ ကို စေ့ စပ် ပြု ပြင် တော် မူ လေ ပြီ။ Judson Bible တင့်တယ်လျက်ရှိသော အင်္ဂါတို့သည် အခြားသော တင့်တယ်ခြင်းကို မလိုကြ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အမြင်တင့်တယ်သော အင်္ဂါအစိတ်အပိုင်းများကိုမူ ထိုသို့ ပြုရန် မလိုအပ်ပေ။ သို့သော် ဘုရားသခင်သည် ဂုဏ်သရေနည်းသော အင်္ဂါအစိတ်အပိုင်းများအား ပို၍ ဂုဏ်သရေရှိစေ၍ ကိုယ်ခန္ဓာကို ဖွဲ့စည်းတော်မူ၏။ |
ထိုလူလင်မယားနှစ်ဦးစလုံးတို့သည် အဝတ်မပါအချည်းစည်းနေကြသော်လည်း ရှက်ကြောက်ခြင်းမရှိကြပေ။
ဘုရားသခင်ကလည်း “သင့်မှာအဝတ်မပါအချည်းစည်းဖြစ်သည်ဟု မည်သူပြောသနည်း။ မစားရဟု သင့်အား ငါပညတ်ထားသောအပင်မှအသီးကို သင်စားပြီလော”ဟု မေးတော်မူ၏။
သင်၏လက်ယာမျက်စိသည် သင့်ကိုမှားယွင်းစေလျှင် ၎င်းကိုထုတ်၍လွှင့်ပစ်လော့။ အကြောင်းမူကား သင်၏ကိုယ်အင်္ဂါတစ်ခုဆုံးရှုံးသွားသော်လည်း သင်၏ကိုယ်ခန္ဓာတစ်ခုလုံး ငရဲထဲသို့ပစ်ချခြင်းမခံရပါက သင့်အတွက် သာ၍ကောင်း၏။
ကိုယ်ခန္ဓာတွင် ဂုဏ်သရေမဲ့သည်ဟုထင်ရသော အင်္ဂါအစိတ်အပိုင်းတို့ကို ပို၍ကြီးသောဂုဏ်သရေဖြင့် ငါတို့ဆင်ယင်တတ်ကြ၏။ ငါတို့၏အမြင်မတင့်တယ်သော အင်္ဂါအစိတ်အပိုင်းများကိုလည်း အမြင်တင့်တယ်အောင် ပို၍ဂရုစိုက်တတ်၏။
ဤသည်ကား ကိုယ်ခန္ဓာ၌ ကွဲပြားမှုမရှိဘဲ အင်္ဂါအစိတ်အပိုင်းများသည် အချင်းချင်းဂရုစိုက်ကြစေရန်အတွက်ဖြစ်၏။