ရှောလမုန်မင်းကြီးတွင် ဘုရင့်သမီးတော်ဖြစ်သောမိဖုရားအပါးခုနစ်ရာ၊ မောင်းမသုံးရာရှိ၏။ ထိုမိဖုရားတို့ကပင် သူ၏စိတ်နှလုံးကို လွဲသွားစေခဲ့ကြ၏။
ဧသတာ 1:18 - မြန်မာ့စံမီသမ္မာကျမ်း ယနေ့လည်း မိဖုရား၏အပြုအမူကိုကြားသိကြသော ပါးရှားပြည်နှင့် မေဒိပြည်မှအကြီးအကဲကတော်တို့သည် အရှင်မင်းကြီးခန့်ထားသောအကြီးအကဲအပေါင်းတို့ကို ထိုအတိုင်း ပြောဆိုဆက်ဆံကြပါလိမ့်မည်။ သို့ဖြစ်၍ မထီလေးစားပြုခြင်းနှင့် အမျက်ထွက်ခြင်းတို့ များပြားလာပါလိမ့်မည်။ Common Language Bible မိဖုရား၏အပြုအမူကိုကြားသိရ သည့်ပေရသိနှင့် မေဒိမှူးမတ်ကတော်တို့ သည်နေမဝင်မီမှူးမတ်တို့အား ထိုအကြောင်း ကိုပြောကြားကြပါလိမ့်မည်။ အမျိုးသမီး များသည်မိမိတို့ခင်ပွန်းတို့အားမထီ မဲ့မြင်ပြု၍ အမျိုးသားတို့သည်မိမိတို့ ၏ဇနီးတို့အားဒေါသအမျက်ထွက်ကြ လိမ့်မည်။- Garrad Bible ယ နေ့ တွင် ပင်၊ ပေ ရ သိ၊ မေ ဒိ မှူး မတ် က တော် တို့ သည်၊ မိ ဖု ရား ပြု သော ဤ အ မှု ကို ကြား သိ လျှင်၊ မှူး တော် မတ် တော် အ ပေါင်း တို့ အား ထို သို့ ပြန် ပြော ကြ သ ဖြင့်၊ မ ထီ လေး စား ပြု ခြင်း၊ ဒေါ သ အ မျက် ထွက် ခြင်း များ ပြား ပါ လိမ့် တ ကား။ Judson Bible မိဖုရားပြုသော ဤအမှုကို ပေရသိ၊ မေဒိ မင်းကတော်တို့သည် ကြားသိကြလျှင်၊ မှူးတော်မတ်တော် အပေါင်းတို့အား ထိုနည်းတူ ပြန်ပြောသဖြင့်၊ အားမနာ တတ်သောစိတ်၊ ဒေါသစိတ် တိုးပွားစရာအကြောင်း ရှိပါလိမ့်မည်။ |
ရှောလမုန်မင်းကြီးတွင် ဘုရင့်သမီးတော်ဖြစ်သောမိဖုရားအပါးခုနစ်ရာ၊ မောင်းမသုံးရာရှိ၏။ ထိုမိဖုရားတို့ကပင် သူ၏စိတ်နှလုံးကို လွဲသွားစေခဲ့ကြ၏။
မိဖုရား၏အပြုအမူကို မိန်းမအပေါင်းတို့ကြားသိလျှင် ‘အာရွှေရုမင်းကြီးသည် မိဖုရားဝါရှတိကို ရှေ့မှောက်သို့ အခစားဝင်စေသည်ကိုပင် သူမဝင်’ဟု ပြောဆိုကြပြီး ကိုယ့်ခင်ပွန်းကို မထီမဲ့မြင်ပြုကြလိမ့်မည်။
သို့ဖြစ်၍ အရှင်မင်းကြီးစိတ်တော်နှင့်တွေ့လျှင် မိဖုရားဝါရှတိသည် အာရွှေရုမင်းကြီးရှေ့တော်သို့မည်သည့်အခါမျှ အခစားမဝင်ရဟု ရာဇအမိန့်ထုတ်ပြန်တော်မူပါ။ သူ့အရိုက်အရာကို သူ့ထက်သာသောအခြားသူတစ်ယောက်အား အရှင်မင်းကြီးလွှဲပေးတော်မူပါ။ ဤအမိန့်ကိုပယ်ဖျက်၍မရအောင် ပါးရှားပြည်နှင့်မေဒိပြည်တို့၏ဥပဒေတွင် ရေးမှတ်စေတော်မူပါ။
ဉာဏ်ပညာရှိသောနန်းတွင်းသူတို့က သူ့အားပြန်လျှောက်သကဲ့သို့ သူကိုယ်တိုင်လည်း ဤသို့ တွေးမိ၏။