သို့ဖြစ်၍ သင်တို့၏သမီးများကို သူတို့၏သားများနှင့် မပေးစားကြနှင့်။ သူတို့၏သမီးများကိုလည်း သင်တို့၏သားများနှင့် မပေးစားကြနှင့်။ သူတို့ အစဉ်အေးအေးချမ်းချမ်းနေရဖို့၊ ကောင်းစားဖို့ သင်တို့မပြုကြနှင့်။ သို့မှ သင်တို့သည် အင်အားကြီးမည်။ ကောင်းသောပြည်ထွက်အစားအစာများကို စားရမည်။ သင်တို့၏သားမြေးတို့သည်လည်း ထိုပြည်ကို အစဉ်ပိုင်ဆိုင်နိုင်လိမ့်မည်’ဟု မိန့်ဆိုတော်မူပြီ။
ကိုယ်တော်က၊ သင်တို့သွား၍ သိမ်းယူလတ္တံ့သောပြည်သည်၊ ပြည်သူပြည်သားတို့ အညစ်အကြေးကြောင့် ညစ်ညူးသောပြည် ဖြစ်၏။ တစ်ပြည်လုံးကို ရွံရှာဖွယ်အမှုတို့နှင့် ပြည့်စေကြပြီ။ သို့ဖြစ်၍ သင်တို့သမီးကို သူတို့သားအား မပေးစားကြနှင့်။ သူတို့၏သမီးကို သင်တို့သားနှင့် မစုံဖက်စေကြနှင့်။ သူတို့ချမ်းသာနှင့် သူတို့စည်းစိမ်ကို အလျှင်းမပြုစုကြနှင့်။ သင်တို့သည် ခွန်အားကြီး၍ မြေအသီးအနှံကို စားရသောအခွင့်၊ ထိုမြေကို ကိုယ်သားမြေးတို့၌ နိစ္စအမွေမြေဖြစ်စေ၍၊ အပ်ရသော အခွင့်ရှိစေခြင်းငှာ၊ ထိုသို့ကျင့်၍ နေကြလော့ဟု ကိုယ်တော်ကျွန်၊ ပရောဖက်တို့အားဖြင့် မှာထားတော်မူသော ပညတ်စကားတော်ကို အကျွန်ုပ်တို့သည် နားမထောင်ပါတကား။
သို့ဖြစ်၍ ထာဝရဘုရား၏လူထုဖြစ်သော အစ္စရေးလူမျိုးတစ်မျိုးလုံးရှေ့၊ ငါတို့ဘုရားသခင်ကြားတော်မူသောအရပ်တွင် ငါပြောမည်။ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်အလုံးစုံကို ရှာဖွေ၍စောင့်ထိန်းကြလော့။ သို့မှ သင်တို့သည် ကောင်းမွန်သာယာသောပြည်ကို ပိုင်ဆိုင်ရ၍ သင်တို့၏သားမြေးတို့လည်း အစဉ်အမွေဆက်ခံရမည်။
ထိုအခါ ဟာနနိ၏သား ဗျာဒိတ်ရသူယေဟုသည် ယောရှဖတ်မင်းကြီးထံအခစားဝင်၍ “ဆိုးယုတ်သောသူကို ကူညီသင့်သလော။ ထာဝရဘုရား မုန်းတော်မူသောသူကို သင်ချစ်သောကြောင့် ထာဝရဘုရားထံမှ အမျက်တော်သည် သင့်အပေါ် ကျရောက်လေပြီ။
ထိုသူတို့၏သမီးများကို လက်ထပ်ယူပြီး မိမိသားတို့နှင့်လည်း ပေးစားကြ၏။ ဤသို့ဖြင့် သန့်ရှင်းသောအမျိုးအနွယ်သည် ထိုပြည်သားတို့နှင့်ရောနှောလေပြီ။ ဤသစ္စာမဲ့မှုကို အကြီးအကဲများ၊ မင်းအရာရှိများက ထိပ်ဆုံးမှပြုကြ၏”ဟု ဆိုကြ၏။
သင်သည် ထိုသူတို့နှင့်လည်းကောင်း၊ ထိုသူတို့၏ဘုရားများနှင့်လည်းကောင်း ပဋိညာဉ်မဖွဲ့ရ။
သူတော်ကောင်းသည် သားမြေးတို့အတွက် အမွေကိုချန်ထားတတ်၏။ အပြစ်ပြုသောသူ၏ဥစ္စာပစ္စည်းမူကား ဖြောင့်မတ်သောသူအတွက် သိုမှီးထားခြင်းခံရ၏။
ဖြောင့်မတ်သောသူသည် တည်ကြည်စွာလျှောက်လှမ်းတတ်၏။ နောင်လာမည့် သူ၏သားမြေးတို့သည် မင်္ဂလာရှိကြ၏။
သင်တို့သည် စိတ်ဆန္ဒအပြည့်အဝဖြင့် နာခံကြလျှင် မြေကြီး၏အကောင်းဆုံးသောအရာကို စားရမည်။
သင်အသက်ရှင်သမျှကာလပတ်လုံး သူတို့ငြိမ်းချမ်းသာယာဖို့၊ ကောင်းစားဖို့ သင်မပြုရ။
ဧဒုံအမျိုးသားသည် သင်၏အစ်ကိုဖြစ်သောကြောင့် သူတို့ကို သင်မရွံမုန်းရ။ အီဂျစ်ပြည်၌ သင်ဧည့်သည်ဖြစ်ခဲ့ဖူးသောကြောင့် အီဂျစ်အမျိုးသားတို့ကို သင်မရွံမုန်းရ။
ထိုလူမျိုးတို့နှင့် ထိမ်းမြားခြင်းမပြုရ။ သင်တို့၏သမီးကို သူတို့၏သားနှင့် မပေးစားရ။ သူတို့၏သမီးကိုလည်း သင်တို့၏သားနှင့် မပေးစားရ။